ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

အမေရိကန် Naval Research Laboratary(NRL)၏ Marine Meteorology Division မှ ရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၆ ရက် နံနက် ဝ၆း၃ဝ နာရီမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်၊ ပုသိမ်မြို့ အနောက်ဘက် ၅၁ဝ မိုင်ခန့်၊အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် – ချင်နိုင်း(Chennai)မြို့ အရှေ့မြောက်ဘက် ၄၁ဝ မိုင်ခန့်၌ လေဖိအားနည်းဆဲလ်(INVEST – 98B)စတင် ဖြစ်ပေါ်လျှက်ရှိပါသည်။(ပုံ-၁)

INVEST 98B သည် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ အရှေ့မြောက်ဘက်သို့ မိုင်အနည်းငယ်မျှ ရွေ့လျားပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့ရွေ့လျားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက် . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်း ပုံဖေါ်ချက်များအရ – တိုင်ဖွန်းမုန်တိုင်း RAMMASUN(09W)သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မူလခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဟိုင်နန်ကျွန်းမြောက်ဘက်စွန်းအား ဖြတ်သန်းကာ တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေအား ဇူလိုင်လ ၁၉ ရက် အစောပိုင်းတွင် စတင်ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ မုန်တိုင်းသည် ဟိုင်နန်ကျွန်းအား ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ အဆင့်-၃ (အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာပြီးမှ ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအားဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် အစောပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေအား အလွန်ကောင်းလာမည့် အခြေအနေကို တွေ့ရပြီး၊ ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံး၌ . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော်တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်အား ဖြတ်သန်းကာ ဒုတိယမြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 30W မြန်မာ့ပင်လယ်ပြင်သို့ ဆက်လက်ဝင်ရောက်လာတော့မည် မဟုတ်

နိုဝင်ဘာလ ၆ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် JTWC မှ နောက်ဆုံး ရရှိသည့် အချက်အလက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 30W(THIRTY)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဗီယက်နန်နိုင်ငံ Nha Trang မြို့ အရှေ့ဘက် မိုင် ၁၄ဝ ခန့်၊ ဟိုချီမင်းစီးတီး၏ အရှေ့-အရှေ့မြောက်ဘက် ၃၂၅ မိုင်ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပါသည်။

မြန်မာ့ပင်လယ်ပြင်အတွက် သတင်းကောင်း …. JTWC warning 12 မှ ကြိုတင်ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်းသည် ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းမှ တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) ၏ အရှိန်ဖြင့် အနောက်ဘက်သို့ လျှင်မြန်စွာ ရွေ့လျားလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းမှာပင် ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ကာ ထိုင်းပင်လယ်ကွေ့သို့ ဦးတည် . . . → Read More: တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 30W မြန်မာ့ပင်လယ်ပြင်သို့ ဆက်လက်ဝင်ရောက်လာတော့မည် မဟုတ်

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ (မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး . . . → Read More: တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း WUTIP-20W ၏ မုန်တိုင်း အဖျားပိုင်း ဗီယက်နန်ကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိ

တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း WUTIP သည် အဆင့်-၁ (CAT-1)တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်း အဖျားပိုင်းသည် ဗီယက်နန်နိုင်ငံ ကမ်းခြေအား Quang Binh ပြည်နယ် Dong Hoi မြို့ အနီးမှ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းဗဟိုသည် ဒါနန်းမြို့ မြောက်ဘက် မိုင် ၈ဝ ကျော်ခန့်သာ ဝေးကွာတော့ကြောင်း၊ ဖြတ်ကျော်ဝင်ရောက်မည့် လမ်းကြောင်းမှာ ဒါနန်းမြို့ အနောက်မြောက်ဘက် ၁၃ဝ မိုင်ခန့်ဖြစ်ပြီး၊ မုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီလှိုင်းအမြင့် ၂၅ ပေ ရှိပြီး၊ လေတိုက်နှုန်း တစ်နာရီ ၈၅ မိုင်မှ ၁ဝ၅ မိုင်ခန့်အထိ ရှိနိုင်မည်ဖြစ်ကြောင်း JTWC မှ ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ထုတ်ပြန်သည့် . . . → Read More: အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း WUTIP-20W ၏ မုန်တိုင်း အဖျားပိုင်း ဗီယက်နန်ကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိ

မုန်တိုင်း WUTIP အဆင့်-၂ တိုင်ဖုန်းမုန်တိုင်းအဆင့်ဖြင့် ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်

အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေသော တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း WUTIP(20W)သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည် မဟုတ်တော့ပဲ မူလခန့်မှန်းလမ်းကြောင်းအတိုင်း ဗီယက်နန်နိုင်ငံ ဒါနန်းမြို့မြောက်ဘက် မိုင် ၁ဝဝ ကျေ်ခန့်၊ HUE မြို့ မြောက်ဘက် ၆၅ မိုင်ခန့်မှ ဗီယက်နန်ကမ်းခြေအား စက်တင်ဘာလ ၃ဝ ရက် ညနေပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်တော့မည် ဖြစ်ပါသည်။

JTWC မှ ထုတ်ပြန်သည့် Warning-11 တွင် မုန်တိုင်း ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း 90 knots(တစ်နာရီ ၁ဝ၄ မိုင် ခန့်)၊ မုန်တိုင်းဒီလှိုင်းအမြင့် ၂၈ ပေ ရှိမည်ဖြစ်ကြောင်း၊ မုန်တိုင်းသည် လက်ရှိ အချိန်တွင် အချင်းမိုင် . . . → Read More: မုန်တိုင်း WUTIP အဆင့်-၂ တိုင်ဖုန်းမုန်တိုင်းအဆင့်ဖြင့် ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်

WUTIP-20W အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာဦးမည်

တောင်တရုတ်ပင်လယ်မှ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာသည့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း WUTIP(20W)သည် အနောက်ဘက်(Heading 261.8 degrees)သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားပြီး၊ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၃၆၅ မိုင်၊ ဟနွိုင်းမြို့ အရှေ့တောင်ဘက် ၅၉၅ မိုင်ခန့်၊ တရုတ်(ပြည်မ) မကာအိုမြို့ တောင်ဘက် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုလျှက်ရှိပါသည်။

စက်တင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မုန်တိုင်းဗဟိုချက်သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ မြောက်ဘက် မိုင် ၁ဝဝ ခန့်၊ Hue မြို့ မြောက်ဘက် ၆၅ . . . → Read More: WUTIP-20W အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာဦးမည်

တိုင်ဖွန်းမုန်တိုင်း UTOR အင်အားလျော့ကျပြီး တရုတ်တောင်ပိုင်းကမ်းခြေအား တစ်နာရီ 9knots နှုန်းဖြင့် ဆက်လက်ဖြတ်ကျော်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း UTOR သည် တရုတ်တောင်ပိုင်းကမ်းခြေအား ယနေ့နံနက်ပိုင်းမှ စတင်၍ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိရာ – ဖြတ်ကျော်ဝင်ရောက်သည့် လမ်းကြောင်းသည် မူလခန့်မှန်းလမ်းကြောင်း၏ အရှေ့ဘက် မိုင် ၃ဝခန့်(မကာအိုမြို့ အနောက်ဘက် ၁၁၇ မိုင်ခန့်)၊ Maoming မြိုက အရှေ့ဘက် မိုင် ၆ဝ ခန့်သို့ ရွေ့သွားခဲ့ကြောင်း တွေ့ရပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မြေမျက်နှာပြင်အနေအထားကြောင့် အားလျော့သွားပြီး သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ စတင်၍ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း(ဗဟိုလေတိုက်နှုန်း 80 knots – တစ်နာရီမိုင် ၉ဝ နှုန်းကျော်ကျော်)သို့ ကျဆင်းသွားပြီး အရွယ်အားမှာလည်း အချင်းမိုင် ၃ဝဝ ခန့် အထိ လျော့ကျသွားကြောင်း တွေ့ရပါသည်။

မုန်တိုင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း UTOR အင်အားလျော့ကျပြီး တရုတ်တောင်ပိုင်းကမ်းခြေအား တစ်နာရီ 9knots နှုန်းဖြင့် ဆက်လက်ဖြတ်ကျော်လျှက်ရှိ