တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော်တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်အား ဖြတ်သန်းကာ ဒုတိယမြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

JTWC သတိပေးထုတ်ပြန်ချက် အမှတ်-၂၅ အရ နိုဝင်ဘာလ ၁ဝ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် တွင် စူပါတိုင်ဖွန်းမုန်တိုင်းသည် အဆင့်-၃ (CAT-3)အဆင့်သို့ အားလျော့သွားပြီး မူလခန့်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ တောင်ဘက်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်းမပြုတော့ပဲ ဒါနန်းမြို့ ကမ်းခြေ အနီး မိုင် ၄ဝ ခန့်မှ ကပ်၍ ဗီယက်နန် ကမ်းရိုးတန်း တလျှောက် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နိုဝင်ဘာလ ၁၁ ရက် နံနက် အစောပိုင်းတွင် ဟနွိုင်းမြို့ တောင်ဘက် မိုင် ၉ဝ ခန့်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။(ပုံ)

09/06Z (TYPHOON 31W (HAIYAN) WARNING NR . . . → Read More: Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

စူပါတိုင်ဖွန်းမုန်တိုင်းနှင့် ကပ္ပလီပင်လယ်မှ လေဖိအားနည်းရပ်ဝန်း

တောင်တရုတ်ပင်လယ်မှ တစ်ဆင့် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဖျာပုံမြို့၏ တောင်-အနောက်တောင်ဘက် ၂၁ဝ မိုင်ခန့်၊ ထားဝယ်မြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ဗဟိုလေတိုက်နှုန်း 25 knots(28.76 mph) ရှိကာ ဖိအား 1004 hPa သို့ ကျဆင်းလာကြောင်း နောက်ဆုံးရရှိသည့် အချက်အလက်များအရ သိရပါသည်။(ပုံ-၁)

30W သည် အနောက်-အနောက်တောင်ဘက်(Heading 261 degrees) သို့ တစ်နာရီ ၁၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး GFS ကွန်ပျူတာမော်ဒယ်မှ မူလ ခန့်မှန်းချက်အတိုင်း အန်ဒါမန်ကျွန်းမြောက်ပိုင်းအား ယနေ့ ညနေပိုင်းတွင် ဖြတ်ကျော်၍ ဘင်္ဂလားပင်လယ်အော်သို့ . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်းနှင့် ကပ္ပလီပင်လယ်မှ လေဖိအားနည်းရပ်ဝန်း

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ – ၃၁၅ ကီလိုမီတာမှ Peak wind gust ၃၈ဝ ကီလိုမီတာအထိ လေပြင်းတိုက်ခတ်မှုများဖြင့် အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN(31W) သည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းလမ်းကြောင်းတွင် လူဦးရေ ၂၅ သန်းခန့် နေထိုင်လျှက်ရှိကြပြီး၊ ကျွန်းစုများရှိသော မြေမျက်နှာပြင်အနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရပါသည်။

အဆင့်-၅(CAT-5)စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN သည် ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ဘူးသည့် မုန်တိုင်းများအနက် ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါသည်။

With sustained winds of 315 kph (195 mph) and gusts as strong . . . → Read More: ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း HAIYAN သည် နိုဝင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် warning-16 နှင့် TSR ထုတ်ပြန်ချက်များအရ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီး အနီးဆုံး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကမ်းခြေ၏ အရှေ့ဘက် မိုင် ၅ဝဝ ခန့်အကွာပင်လယ်ပြင်အား ဗဟိုပြုလျှက်ရှိပြီး အနောက်မြောက်ဘက်သို့ ၁၆ နော်တီကယ်မိုင်နှုန်းဖြင့် Heading 285 degrees သို့ ရွေ့လျားလျှက်ရှိပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များ … 07/00Z (SUPER TYPHOON 31W (HAIYAN) WARNING NR 016- 150 knots) TYPHOON 31W . . . → Read More: အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ

တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)သည် မကာအိုမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်(Heading 280 degrees)သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်းသည် စက်တင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမတိုင်မီ ဟောင်ကောင်နှင့် မကာအို မြို့ကြားမှ တရုတ်(ပြည်မ)Guangdong ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 80 knots မှ 105 knots(တစ်နာရီ ၉၂ မိုင်မှ မိုင် ၁၂ဝ နှုန်းအထိရှိပြီး၊ မုန်တိုင်းဗဟို၌ မုန်တိုင်းဒီလှိုင်းအမြင့် ၄၈ ပေအထိ ရှိနိုင်ကြောင်းနှင့် မုန်တိုင်းအရွယ်အစား အချင်း . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း အားအနည်းငယ်လျော့သော်လည်း ဟောင်ကောင်သို့ ဦးတည်နေဆဲ

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W) သည် အဆင့်-၄ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အနည်းငယ် အားလျော့သွားကြောင်း၊ မုန်တိုင်းဗဟိုသည် ယနေ့(၂ဝ-၉-၁၃) မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ တရုတ်(ထိုင်ဝမ်ကျွန်း) တိုင်ပေမြို့တော်၏ အရှေ့တောင်ဘက် မိုင် ၄ဝဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ဘက် ၄၂၅ မိုင်ခန့်၊ တရုတ်(ဟောင်ကောင်)၏ အရှေ့-အရှေ့တောင်ဘက် ၆၈၅ မိုင်အကွာ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂၁-၉-၁၃)နံနက် ဝ၆း၃ဝ နာရီ(MST) နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြားမှ ဖြတ်ကျော်မည်ဟု ခန့်မှန်းရပါသည်။ (ပုံ-၁)

စက်တင်ဘာလ ၂၂ ရက်၊ ညပိုင်း၌ စူပါတိုင်ဖွန်းမုန်တိုင်းသည် တရုတ်တောင်ပိုင်းကမ်ခြေအား ဟောင်ကောင်မြို့ အနီးမှ . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်း အားအနည်းငယ်လျော့သော်လည်း ဟောင်ကောင်သို့ ဦးတည်နေဆဲ

စူပါတိုင်ဖွန်းမုန်တိုင်း USAGI လမ်းကြောင်းနှင့် မုန်တိုင်းလွန်ကာလ ကြိုတင်ခန့်မှန်းခြင်း

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့် တရုတ်(ထိုင်ဝမ်)တို့ကြားမှ ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိပြီး ဟောင်ကောင်/မကာအိုကို စက်တင်ဘာလ ၂၂ ရက် – မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီနောက်ပိုင်းမှ စတင်ကာ ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည့် အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းခန့်မှန်းပုံအား အောက်တွင် တင်ပြထားပါသည်။ (ပုံ-၁)

မုန်တိုင်းဟောင်ကောင်သို့ ချဉ်းကပ်လာစဉ် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ အပေါ်တွင် မိုးလျော့နည်းသွားမည့်အခြေအနေ ယာယီဖြစ်ပေါ်နိုင်ပြီး စက်တင်ဘာလ ၂၂ ရက် ည ပိုင်းမှ စတင်ကာ ဗီယက်နန်၊ လာအိုနိုင်ငံတောင်ပိုင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်း(တနင်္သာရီတိုင်း)ဒေသအချို့တွင် မိုးကြီးမည့် အခြေအနေများ ပြန်လည် ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ကျွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။ (ပုံ-၂)

စက်တင်ဘာလ ၂၄ ရက်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်နိုင်မည့် . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်း USAGI လမ်းကြောင်းနှင့် မုန်တိုင်းလွန်ကာလ ကြိုတင်ခန့်မှန်းခြင်း

တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းပြီးနောက် မကာအိုအနီးမှ ကုန်းတွင်းဝင်ရောက်မည့် တိုင်ဖွန်း UTOR-11W

တိုင်ဖွန်းမုန်တိုင်း UTOR-11W (ဖိလစ်ပိုင်အမည် LABUYO) သည် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့် တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိလာပြီး အနောက်မြောက်ဘက်(Heading 292.48˚)သို့ တစ်နာရီ ၁၅ မိုင်နှုန်းခန့်ဖြင့် ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ ခန့်မှန်းချက်အရ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ နောက်ပိုင်းတွင် မုန်တိုင်း UTOR သည် ဗဟိုလေပြင်းတိုက်ခတ်နှုန်း 110 knots(တစ်နာရီ ၁၁၅ မိုင်နှုန်းဖြင့် မကာအိုမြို့ အရှေ့ဘက် မိုင် ၁၇ဝ ခန့် အကွာရှိ တရုတ်-Guangdong ပြည်နယ် မှ Maoming မြို့ပေါ်မှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

Super Typhoon UTOR (LABUYO) weakens after it made . . . → Read More: တောင်တရုတ်ပင်လယ်အတွင်းဖြတ်သန်းပြီးနောက် မကာအိုအနီးမှ ကုန်းတွင်းဝင်ရောက်မည့် တိုင်ဖွန်း UTOR-11W