RUMBIA – 06W ကုန်းတွင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိ

ဇူလိုင်လ ၂ ရက် မြန်မာစံတော်ချိန် ၁၅ဝဝ နာရီတွင် ရရှိသည့် NRL data များနှင့် ဂြိုလ်တု animation ပုံ အရ  တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသော တိုင်ဖွန်းမုန်တိုင်း RUMBIA (06W) သည် တရုတ်ပြည်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ပြီး Guang Dong ပြည်နယ်နှင့် Guangxi ပြည်နယ်တို့အား ဖြတ်သန်းကာ Guangxi ပြည်နယ်တွင် ကုန်းတွင်း မုန်တိုင်းအဆင့်ဖြင့် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျှက် ရှိပါသည်။

မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် မုန်တိုင်းအရှိန်ဖြင့် ဖြစ်ပေါ်လျှက်ရှိသော လေစီးကြောင်းနှင့် တိမ်တိုက်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် အခြေအနေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် တိမ်တိုက်အခြေအနေပြပုံအား တင်ပြထားပါသည်။

06W RUMBIA 02 . . . → Read More: RUMBIA – 06W ကုန်းတွင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိ

အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးများလာမည့် မြန်မာပြည်

တောင်တရုတ်ပင်လယ်တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာသည့် RUMBIA(06W)သည် လာမည့် နာရီအနည်းငယ်အတွင်း တရုတ်ပြည်တောင်ပိုင်း၊ Guang Dong ပြည်နယ် ကမ်းခြေနှု့် ဟိုင်နန်ကျွန်း အရှေ့မြောက်ဘက်တို့အား စ တင် ဖြတ်ကျော် ဝင်ရောက်တော့မည် ဖြစ်ပါသည်။

မုန်တိုင်းအရှိန်ဖြင့် လေစီးကြောင်းများ ပိုမိုအားကောင်းလာသည်ကို တွေ့ရပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင်လည်း မုတ်သုန်လေအား အလွန်ကောင်းလာကြောင်း၊ မြန်မာနိုင်ငံ အရပ်ရပ်တွင် မိုး များလာပြီး ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်မည်ဖြစ်ကြောင်း မ်ြနမာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။ http://www.moezala.gov.mm/index.php?option=com_content&view=article&id=98&Itemid=3&lang=my

  . . . → Read More: အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းနှင့် မိုးများလာမည့် မြန်မာပြည်

မုန်တိုင်း RUMBIA ကုန်းတွင်းသို့ ဝင်ရောက်ချိန်တွင် အနည်းငယ် အားပိုကောင်းလာမည်

ဇူလိုင်လ ၁ ရက် နံနက်ပိုင်းတွင် နောက်ဆုံး ရရှိသည့် JTWC, TSR, WUND, NRL တို့မှ အချက်အလက်များအရ မုန်တိုင်း RUMBIA(06W) သည် ဟောင်ကောင်တောင်ဘက် ၂၇၅ မိုင်ခန့် အကွာ တောင်တရုတ်ပင်လယ်မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဇူလိုင်လ ၁ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ဟိုင်နန်ကျွန်း အရှေ့မြောက်ဘက်စွန်းနှင့် တရုတ်ပြည်တောင်ပိုင်းကမ်းခြေ၊ Guang Dong ပြည်နယ်အနောက်တောင်ပိုင်းတို့အား စတင်ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပါသည်၊ မုန်တိုင်းဗဟိုသည် ဇူလိုင်လ ၂ ရက် မြန်မာစံတော်ချိန် နံနက် ၄ နာရီခန့်တွင် Guang Dong ပြည်နယ် အနောက်တောင်ပိုင်း Maoming မြို့နှင့် Zhanjiang မြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု . . . → Read More: မုန်တိုင်း RUMBIA ကုန်းတွင်းသို့ ဝင်ရောက်ချိန်တွင် အနည်းငယ် အားပိုကောင်းလာမည်

အပူပိုင်းမုန်တိုင်း RUMBIA – 06W တရုတ်ပြည်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်

ဖိလစ်ပိုင်ပင်လယ်တွင် စတင်ဖြစ်ပေါ်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာသည့် အပူပိုင်းမုန်တိုင်း RUMBIA (06W) – ဖိလစ်ပိုင်အမည် GORIO သည် JTWC မှ ဇွန်လ ၃ဝ ရက် မ်ြနမာစံတော်ချိန် ၁၅၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် ခန့်မှန်း ပုံဖေါ်ချက်အရ ဟောင်ကောင် အရှေ့တောင်ဘက် မိုင် ၄၃ဝ ခန့်၊ တရုတ်(တိုင်ပေ)၏ အနောက်တောင်ဘက် ၆၄၅ မိုင်ခန့်၊ ဖိလစ်ပိုင်နိုင်ငံ Baguio City ၏ အနောက်-အနောက်မြောက်ဘက် ၂၃၅ မိုင်ခန့် အကွာတောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

06W RUMBIA 30 Jun 2013 1200Z Location: 16.8 117.1 Winds: 45 knots Central Pressure: . . . → Read More: အပူပိုင်းမုန်တိုင်း RUMBIA – 06W တရုတ်ပြည်တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်