တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်း ပုံဖေါ်ချက်များအရ – တိုင်ဖွန်းမုန်တိုင်း RAMMASUN(09W)သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မူလခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဟိုင်နန်ကျွန်းမြောက်ဘက်စွန်းအား ဖြတ်သန်းကာ တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေအား ဇူလိုင်လ ၁၉ ရက် အစောပိုင်းတွင် စတင်ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ မုန်တိုင်းသည် ဟိုင်နန်ကျွန်းအား ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ အဆင့်-၃ (အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာပြီးမှ ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအားဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် အစောပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေအား အလွန်ကောင်းလာမည့် အခြေအနေကို တွေ့ရပြီး၊ ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံး၌ . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော်တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်အား ဖြတ်သန်းကာ ဒုတိယမြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial . . . → Read More: ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W