ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ . . . → Read More: ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ဟိုင်နန်ကျွန်းကို အခု ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း NALGAE(22W) ရဲ့ မုန်တိုင်းဗဟိုဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့တောင်ဘက်စွန်းကမ်းရိုးတန်းက အနီးဆုံး ကမ်းခြေနဲ့ မိုင် ၄ဝ အကွာကိုရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းအစပိုင်းကတော့ Linshui မြို့အနီးက ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ WUZHISHAN, BAOTING နဲ့ SANYA မြို့များကြားမှ ဖြတ်ကျော်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူများအတွက် NALGAE ရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာဦးမဲ့ မိုးကြီးမှု ရေလွှမ်းမှုနဲ့ မြေပြိုမှုအန္တရာယ်တွကို ကြိုတင် တွက်ဆထားပြီး အန္တရာယ်ကင်းအောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ရေကြီးမှု/မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁၆၆ ဦးအထိရှိသွားပြီဖြစ်ကြောင်းလဲ သိရပါတယ်။

. . . → Read More: ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE