အပူပိုင်းမုန်တိုင်း NOCK-TEN 30JUL-update

အပူပိုင်းမုန်တိုင်း NOCK-TEN ၏ မုန်တိုင်း ဗဟိုသည် ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ဗီယက်နန်နိုင်ငံ Nghe An ပြည်နယ် Vinh လေဆိပ် မြောက်ဘက် မိုင် ၃ဝ ခန့်မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ မုန်တိုင်း ကုန်းတွင်းဝင်ရောက်ချိန်တွင် တစ်နာရီလျှင် မိုင် ၆ဝ ခန့်ရှိသည့် လေပြင်းများတိုက်ခတ်ခဲ့ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်းအားပျော့နေပြီဖြစ်ပါသည်။

မုန်တိုင်းသည် လာမည့် ၂၄ နာရီအတွင်း လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမြို့ မြောက်ဘက် ၅၅ မိုင်ခန့်သို့ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိပြီးနောက် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများသို့ နောက် ၂၄ နာရီအတွင်း ဆက်လက် ရွေ့လျားလာပြီး ၄င်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

301500z . . . → Read More: အပူပိုင်းမုန်တိုင်း NOCK-TEN 30JUL-update

အပူပိုင်းမုန်တိုင်း NOCK-TEN 29JUL update

အပူပိုင်းမုန်တိုင်း NOCK-TEN ဟာ ဟိုင်နန်ကျွန်းကို မနေ့က ခန့်မှန်းထားတဲ့ လမ်းကြောင်းရဲ့ တောင်ဘက် ၁၂ မိုင်ခန့်မှ ဖြတ်ကျော်တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုကတော့ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိတဲ့ ကမ်းခြေမှ မိုင် ၅ဝ ခန့်မှ ရှိနေပါတယ်။

ဒီနေ့ည သန်းခေါင်ယံမှာ ဟိုင်နန်ကျွန်းရဲ့ ကုန်းတွင်းကို လုံးဝ ဖြတ်ကျော်ဝင်ရောက်မှာ ဖြစ်ပြီး – နောက် ၂၄ နာရီအတွင်း မြန်မာစံတော်ချိန် ဇူလိုင်လ ၃ဝ ရက် နေ့လည် ၁၂ နာရီမတိုင်မီမှာ ဗီယက်နန်နိုင်ငံ ပင်လယ်ကွေ့ထဲကို ပြန်လည်ဆင်းသက်လာမှာ ဖြစ်ပါတယ်၊ နောက်လာမဲ့ ၃၆ နာရီ – မြန်မာစံတော်ချိန် ဇူလိုင်လ ၃ဝ ရက် ည သန်းခေါင်ယံမှာတော့ ဗီယက်နန်နိုင်ငံ Nghe An ပြည်နယ်ကို . . . → Read More: အပူပိုင်းမုန်တိုင်း NOCK-TEN 29JUL update

တိုင်ဖွန်းမုန်တိုင်း NOCK-TEN 28JUL-update

တိုင်ဖွန်းမုန်တိုင်း NOCK-TEN က တော့ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို မနေ့က ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီးလို့ တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်) ကိုဝင်ရောက်လာပါပြီ၊ မုန်တိုင်း NOCK-TEN ဟာ တောင်တရုတ်ပင်လယ်ထဲကိုရောက်တာနဲ့ ရွေ့လျားနှုန်းကလဲ ပိုပြီး မြန်လာတယ်လို့ သိရပါတယ်၊ ဒီနေ့ မနက် ရတဲ့ data တွေအရ အနောက်ဘက်ကို တစ်နာရီ မိုင် ၂ဝ ကျော်နှုန်းနဲ့ ရွေ့လျားနေကြောင်းသိရပါတယ်။

သူ့ရဲလမ်းကြောင်းကတော့ မူလ ခန့်မှန်းထားတဲ့ အတိုင်း ဟိုင်နန်ကျွန်းဆီဦးတည်ရွေ့လျားနေတာဖြစ်ပါတယ်၊ လာမဲ့ ၃၆ နာရီအတွင်း ဇူလိုင်-၂၉ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ဝင်ရောက်ခါနီးမှာ မုန်တိုင်းဟာ တိုင်ဖွန်းမုန်တိုင်း အဆင့်-၁ အထိ အားပြန်ကောင်းလာဦးမယ်လို့ TSR က ခန့်မှန်းထားပါတယ်။ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်တိုက်ခတ်ပြီးတဲ့အခါ . . . → Read More: တိုင်ဖွန်းမုန်တိုင်း NOCK-TEN 28JUL-update

တိုင်ဖွန်းမုန်တိုင်း NOCK-TEN နှင့် ဆက်လက်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေ

တိုင်ဖွန်းမုန်တိုင်း NOCK-TEN ဟာ အခု ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပြီးတောင်တရုတ်ပင်လယ်ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ NOCK-TEN ရဲ့ လမ်းကြောင်း ကြိုတင်ခန့်မှန်းတွက်ချက်ထားမှုအရ အခုဇူလိုင်လ-၂၉ ရက်မှာ ဟိုင်နန်ကျွန်းကို တစ်ကြိမ်၊ ဇူလိုင် ၃၁ ရက်နေ့ခန့်မှာ ဗီယက်နန်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို တစ်ကြိမ် – ကုန်းတွင်းကို ထပ်မံ ဖြတ်ကျော်ဝင်ရောက်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။

အဲသလိုဖြတ်ကျော်ဝင်ရောက်တိုက်ခတ်တဲ့ အချိန်တွေကျရင် မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတွေကို မုန်တိုင်း အကြွင်းအကျန်များဝင်ရောက်လာပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်တစ်ခုလုံး၊ ကရင်ပြည်နယ်နဲ့ မွန်တနင်္သာရီဒေသတွေမှာ မိုးကြီးမဲ့ အခြေအနေရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်း တင်ပြရခြင်းဖြစ်ပါတယ်။

ဇူလိုင်လ ၃ဝ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ (00:00 UTC) မှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း NOCK-TEN နှင့် ဆက်လက်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေ

တိုင်ဖွန်းမုန်တိုင်းဖြစ်လာသည့် NOCK-TEN

ဖိလစ်ပိုင်ပင်လယ်မှ မုန်တိုင်း NOCK-TEN(JUANING) ဟာ မနီလာမြို့ အရှေ့မြောက်ဘက် မိုင် ၁ဝဝ ခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာတာတွေ့ရပါတယ်။ တိုင်ဖွန်းမုန်တိုင်း NOCK-TEN ဟာ San Jose City ရဲ့ အရှေ့ဘက် ၃၈ မိုင်လောက်မှာတည်ရှိတဲ့ ဖိလစ်ပိုင် အရှေ့ဘက်ကမ်းခြေကို ဒီနေ့မနက် ဖိလစ်ပိုင်စံတော်ချိန် ၉ နာရီနဲ့ ၁ဝ နာရီကြားမှာ ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ (ယခု စာရေးချိန်မှာ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပါတယ်) မုန်တိုင်းရဲ့ လမ်းကြောင်းခန့်မှန်းတွက်ချက်မှုအရ Baguio City ရဲ့ အပေါ်တည့်တည့်က လာမဲ့ နာရီအနည်းငယ်အတွင်းမှာ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်ထဲကို လာမဲ့ ၁၂ နာရီအတွင်း ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အောက်ပါမြို့ကြီးတွေကိုတော့ မုန်တိုင်း သတိပေးချက် . . . → Read More: တိုင်ဖွန်းမုန်တိုင်းဖြစ်လာသည့် NOCK-TEN

မုန်တိုင်းငယ် NOCK-TEN နှင့် လေဖိအားနည်းရပ်ဝန်း 11W

ဖိလစ်ပိုင်ပင်လယ်မှာ မနေ့က ဖြစ်ခဲ့တဲ့ မုန်တိုင်းငယ် (ယခင်လေဖိအားနည်းဆဲလ် – 93W) ကို အပြည်ပြည်ဆိုင်ရာ အမည် NOCK-TEN လို့ အမည်ပေးလိုက်ပြီး ဖိလစ်ပိုင်မိုးလေဝသဌာနရဲ့ အမည်ကတော့ JUANING လို့ အမည်ပေးထားပါတယ်။

ဒီနေ့ မနက် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ ရတဲ့ data တွေအရ မုန်တိုင်းငယ် ဟာ မနီလာမြို့တော် အရှေ့ဘက်တည့်တည့် ၂၁၅ မိုင်ခန့် အကွာ ဖိလစ်ပိုင်ပိုင်ပင်လယ်ကို ဗဟိုပြုနေပြီး၊ လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်ကို တစ်နာရီ ၁၁ မိုင်နှုန်းခန့်နဲ့ ရွေ့လျားခဲ့ပါတယ်။ လက်ရှိမုန်တိုင်းငယ်ရဲ့ အရွယ်အစားက အချင်း ၄၈ဝ ကီလိုမီတာ(၂၆ဝ နော်တီကယ်မိုင်ခန့်) ရှိပါတယ်။ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီ . . . → Read More: မုန်တိုင်းငယ် NOCK-TEN နှင့် လေဖိအားနည်းရပ်ဝန်း 11W