MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား  Barisal Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။

ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈ မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ . . . → Read More: MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ

မုန်တိုင်း MAHASEN ၏ တိမ်တိုက်များ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ

JTWC မှ မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ – ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ၁၉၅ မိုင်ခန့်၊ မောင်တောမြို့ အနောက်ဘက် မိုင် ၁၆ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ပင်လယ်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၃ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

နောက်ဆုံး ရရှိသည့် အချက်အလက်များအရ မုန်တိုင်း MAHASEN သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်း၏ ဗဟိုသည် ယနေ့နံနက် ၆ နာရီမှ လာမည့် ၁၂ နာရီ(မေလ . . . → Read More: မုန်တိုင်း MAHASEN ၏ တိမ်တိုက်များ ကုန်းတွင်းသို့ စတင်ဖြတ်ကျော်ဝင်ရောက်လျှက်ရှိ

မုန်တိုင်း MAHASEN နောက် ၂၄ နာရီအတွင်း ကုန်းတွင်းသို့ စတင်ဝင်ရောက်မည်

မေလ ၁၅ ရက် မြန်မာစံတော်ချိန် ၂၁းဝဝ နာရီတွင် ရရှိသည့် JTWC နှင့် NRL သတင်းအချက်အလက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ မုန်တိုင်း MAHASEN(01B) သည် မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၃ဝ၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်ဘက် ၂၆၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၃၃ဝ ခန့် အကွာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်းက အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

နောက်ဆုံးရရှိသည့် JTWC နှင့် NRL data များ၌ မုန်တိုင်းလမ်းကြောင်းမှာ မြောက်ဘက်သို့ အနည်းငယ်(၁၃မိုင်ခန့်) . . . → Read More: မုန်တိုင်း MAHASEN နောက် ၂၄ နာရီအတွင်း ကုန်းတွင်းသို့ စတင်ဝင်ရောက်မည်

MAHASEN ၏ လမ်းကြောင်း-Landfall-path တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျဆင်းလာ

JTWC မှ မေလ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အမှတ်-၁၉ တွင် ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် ၄၄၃ နော်တီကယ်မိုင်(၅ဝ၉ မိုင်ခန့်) တွင် ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ၈ နော်တီကယ်မိုင်(တစ်နာရီ ၉ မိုင်) နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် နေရာမှာလည်း မူလ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်း၏ တောင်ဘက် ၄၅ မိုင်ခန့် – ကော့ဇ်ဘဇားမြို့ မြောက်-အနောက်မြောက်ဘက် ၁၇ မိုင်ခန့်နှုင့် မြန်မာနိုင်ငံ မောင်တောမြို့၏ မြောက်-အနောက်မြောက်ဘက် ၆၆ မိုင်ခန့်သို့ ကျဆင်းလာကြောင်းတွေ့ရပါသည်။ မုန်တိုင်းလမ်းကြောင်း တောင်ဘက်သို့ ရောက်လာလေလေ . . . → Read More: MAHASEN ၏ လမ်းကြောင်း-Landfall-path တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျဆင်းလာ

ဆိုင်ကလုန်းမုန်တိုင်း MAHASEN စစ်တကောင်းမြို့သို့ ဦးတည်လျှက်ရှိ

မုန်တိုင်း MAHASEN သည် မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီက အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက် ၄၁၈ မိုင်ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၅၇ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၆၃ဝ ခန့်တွင် တည်ရှိနေပြီးလွန်ခဲ့သော ၆ နာရီအတွင်းက အရှေ့မြောက်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်းဖြင့် မူလခန့်မှန်းလမ်းကြောင်းအတိုင်း  ဆက်လက်ရွေ့လျားခဲ့ပါသည်။ အရှေ့မြောက်ဘက်သို့ ချိုးကွေ့ပြီးနောက် မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့သို့ ဦးတည်ရွေ့လျားနေပြီး မေလ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီမတိုင်မီ စစ်တကောင်းမြို့ပေါ်မှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

. . . → Read More: ဆိုင်ကလုန်းမုန်တိုင်း MAHASEN စစ်တကောင်းမြို့သို့ ဦးတည်လျှက်ရှိ

ဆိုင်ကလုန်း MAHASEN လမ်းကြောင်း တောင်ဘက်အနည်းငယ်ရွေ့

မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် JTWC မှ အချက်အလက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ချင်နိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက် ၃၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၆၂၅ မိုင်ခန့်၊ စစ်တွေမြို့အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၆၈၅ မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်၌ ဗဟိုပြုနေပါသည်။ ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာစံတော်ချိန်နံနက် ဝ၆၃ဝ နာရီမှ စတင်၍ အရှေ့မြောက်ဘက်သို့ . . . → Read More: ဆိုင်ကလုန်း MAHASEN လမ်းကြောင်း တောင်ဘက်အနည်းငယ်ရွေ့

ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ထပ်မံရွေ့

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ယနေ့နံနက် မြန်မာစံတော်ချိန် ဝဝ၃ဝ နာရီမှ စတင်၍ မြောက်ဘက်သို့ ဦးတည်ရွေ့လျားပြီး မြန်မာစံတော်ချိန နံနက် ၀၆၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့ဘက် မိုင် ၃၄ဝ ခန့်၊ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၆၇ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၇၃၅ မိုင်ခန့်အကွာ ဘင်္ဂလားအော်ပင်လယ်ပြင်သို့ ရောက်ရှိ ဗဟိုပြု နေပါသည်။

ဆိုင်ကလုန်း MAHASEN ၏ ဗဟိုဖိအားနှင့် လေတိုက်နှုန်းတို့ ပြောင်းလဲလာခြင်း မရှိသေးကြောင်း တွေ့ရသော်လည်း လမ်းကြောင်းအနေအထား မြောက်ဘက်သို့ ရောက်ရှိသွားကာ(ပုံ – ၁) မုန်တိုင်းဗဟိုသည် မေလ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် . . . → Read More: ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ထပ်မံရွေ့

ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN သည် JTWC မှ မေလ ၁၃ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ တွင် ရရှိသည့် အချက်အလက်များ၊ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ ၏ အရှေ့-အရှေ့တောင်ဘက် ၃၇ဝ မိုင်၊၊ ကိုလ်ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၇၂ဝ၊ စစ်တွေမြို့၏ အနောက်တောင်ဘက် ၇၁၅ မိုင်၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝမိုင်နှုန်းဖြင့် ရွေ့လျားခဲ့ပါသည်။ အထက်ပါ ဗဟိုပြုနေရာမှ နောက် ၆ နာရီအတွင်း မြောက်ဘက်သို့ ချိုးကွေ့ရွေ့လျားနိုင်ကြောင်း JTWC မှ ပုံပါအတိုင်း ခန့်မှန်းဖေါ်ပြထားပါသည်။

မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် . . . → Read More: ဆိုင်ကလုန်းမုန်တိုင်း MAHASEN မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်

ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း . . . → Read More: ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့

CYCLONE MAHASEN မြောက်-အရှေ့မြောက်သို့ စတင်ချိုးကွေ့

မေလ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှီသည့် အချက်အလက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN(01B)သည် မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားနေပြီး၊ မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ၆၅ဝ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ၇၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့် ဘင်္ဂလားပင်လယ်အော် ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ စတင်ချိုးကွေ့၍ ဆက်လက်ရွေ့လျားမည် ဖြစ်ပါသည်။

မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် ရရှိသည့် JTWC လမ်းကြောင်း သတိပေးချက် warning-#11 တွင် မေလ ၁၆ ရက် ညလယ်ပိုင်းတွင် ကုန်းတွင်းသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ . . . → Read More: CYCLONE MAHASEN မြောက်-အရှေ့မြောက်သို့ စတင်ချိုးကွေ့