92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် data များအရ ပုသိမ်မြို့ အနောက်ဘက် ၂၂၅ မိုင်ခန့်၊ ကိုကိုးကျွန်ေးလဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၉ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၆၅ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်သို့ ရောက်ရှိလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ နီးပါးခန့်ရှိလာပြီ ဖြစ်ပါသည်။ ထိုင်းမိုးလေဝသဌာနမှ မြေပြင်မိုးလေဝသ မြေပုံနှင့် NRL data(07:00UTC)တွင် ဖိအား 1002 hPa အထိ ကျဆင်းလျှက်ရှိနေကြောင်း၊ ဗဟိုလေတိုက်နှုန်း 30 knots(တစ်နာရီ ၃၅ မိုင်နှုန်းခန့်)ရှိကြောင်း ဖေါ်ပြထားပါသည်။ . . . → Read More: 92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ