ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် မြန်မာ့ပင်လယ်ပြင်အခြေအနေ

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း HALONG(11W) – ဖိလစ်ပိုင်အမည်(JOSE)သည် မြောက်-အရှေ့မြောက်အရပ်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ အားလျော့သွားပြီး၊ သြဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် အဆင့်-၂ တိုင်ဖွန်းတိုင်းအဖြစ်သို့ ပြန်လည် အားကောင်းလာပြီးမှ သြဂုတ်လ ၉ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်း HALONG ၏ လက်ရှိ အရွယ်အစား အချင်း ၈၃၅ ကီလိုမီတာ(၅၁၈ မိုင်ခန့်) ရှိကြောင်း သိရပါသည်။

Typhoon HALONG (JOSE) has moved north-northeast during the past . . . → Read More: ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် မြန်မာ့ပင်လယ်ပြင်အခြေအနေ