မုန်တိုင်းတစ်ခု ရုတ်တရက်အားကောင်းလာခြင်း

ရုတ်တရက် အားကောင်းလာခြင်း  နှင့်  ရုတ်တရက် အားအလွန်ကောင်းလာခြင်း – ဟူသည့် ဝေါဟာရကို မိုးလေဝသ ဘာသာရပ်တွင် Rapid Deepening and Explosive intensification ဟု ခေါ်ဆိုကြောင်း ပြီးခဲ့ ရက်ပိုင်းအတွင်းကမှ Wikipedia တွင် ရှာဖွေဖတ်ရှုလိုက်ရပါသည်။

သို့နှင့် ဆက်လက်လေ့လာကြည့်သောအခါ မုန်တိုင်းများဖြစ်ပေါ်သည့် အချိန်၌ စိတ်ဝင်စားစရာကောင်းပြီး၊ သတိပြုရမည့် “ရုတ်တရက် အားကောင်းရာမှ အားအလွန်ကောင်းလာသော အခြေအနေ” ကို ရှင်းလင်းရေးသားထားကြောင်း တွေ့ရှိရသဖြင့် မြန်မာဘာသာသို့ ပြန်ဆိုတင်ပြလိုက်ပါသည်။

Rapid Deepening ဟူသည် မိုးလေဝသဘာသာတွင် မြန်မာလိုတိုက်ရိုက်ဝေါဟာရ ရှိ/မရှိ မသိပါ – ရုတ်တရက် အားကောင်းလာခြင်း ဟု သဘောပေါက်ပါသည်။

အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသမှ ၂၄ နာရီအတွင်း ဖိအား . . . → Read More: မုန်တိုင်းတစ်ခု ရုတ်တရက်အားကောင်းလာခြင်း

ဂီရိ မုန်တိုင်းဒဏ်ခံ ဒေသများအတွက် တာပေါ်လင် စ များ လိုအပ်လျှက်ရှိ

ဂီရိ မုန်တိုင်းဒဏ်ခံဒေသများတွင် တာပေါ်လင် စ များ လိုအပ်လျှက်ရှိနေကြောင်း သိရပါသဖြင့် NCV မှ တစ်ဆင့်လှူဒါန်းနိုင်ကြပါကြောင်း၊ ဆက်သွယ်ရန်လိပ်စာမှာ –

ဦးမောင်စိန်၊ ဥက္ကဋ္ဌ၊ အဆောင်(၃)၊ အခန်း(၃)၊ Myanmar Infotech, Noble Compassionate Volunteer (NCV) ဖုန်း ၆၅၂၂၆၇၊ ၆၅၂၂၆၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

အားအလွန်ကောင်းသော “Tropical Cyclone 04B GIRI” အား ပြန်လည်သုံးသပ်ခြင်း

မြန်မာနိုင်ငံတွင် အိုင်တီပညာရပ်များကိုစတင်လေ့လာလိုက်စားပြီး အင်တာနက် အီးမေးလ် သုံးစွဲသူများ တဖြည်းဖြည်းများလာသည့်အချိန်မှာ ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှ ဖြစ်ပါသည်။ ထိုအချိန်ကစ၍ အိုင်တီဝန်ဆောင်မှုကို တာဝန်ယူဆောင်ရွက်ပေးသော အဖွဲ့အစည်းများမှ အမျိုးမျိုးသောဝန်ဆောင်မှုများကို မြန်မာနိုင်ငံအတွင်းနေထိုင်သည့် အင်တာနက်သုံးစွဲသူများအား စတင်၍ ဝန်ဆောင်မှုပေးခဲ့ကြပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ စ၍ BAgana Cybertech ၊ မြန်မာတယ်လီပို့ စသည်ဖြင့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း/ကုမ္ပဏီများ (ISP များ)ဖြည်းဖြည်းချင်းပေါ်ပေါက်လာခဲ့ပြီး ယနေ့ခေတ်တွင် Yadanapon Teleport အဆင့်သို့ ရောက်ရှိလာခဲ့ပြီး အင်တာနက်သုံးစွဲသူ ပမာဏမှာလည်း များပြားလာနေပြီဖြစ်ပါသည်။

သို့ရာတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာလေ့လာရန်၊ မိုးလေဝသဆိုင်ရာ လေ့လာရန် နှင့် မိုးလေဝသအခြေအနေသတင်းထုတ်ပြန်သည့် မြန်မာဘာသာဖြင့် website တည်ဆောက်လွှင့်တင်သည့် အစိုးရမဟုတ်သော အင်တာနက် အသုံးပြုသူအရေအတွက်မှာ အလွန်ပင် နည်းပါးသေးကြောင်း တွေ့နိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမှုများ . . . → Read More: အားအလွန်ကောင်းသော “Tropical Cyclone 04B GIRI” အား ပြန်လည်သုံးသပ်ခြင်း

အားအလွန်ကောင်းသော စူပါဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ကျောက်ဖြူမြို့အနီးမှကပ်၍ ကုန်းတွင်းသို့ ဝင်ရောက်နေပြီ

မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ အချိန်မှာရတဲ့ ကောင်းကင်ဓါတ်ပုံ(အောက်ပုံ)မှာ ကျောက်ဖြူမြို့ အနီးမှ ကပ်ပြီး အင်အားအလွန်ကောင်းတဲ့ စူပါဆိင်ကလုန်းမုန်တိုင်းကြီး GIRI ရဲ့ မျက်စေ့ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေတာတွေ့ရမှာပါ။ အဆင့် -၄ မုန်တိုင်းကြီးဖြစ်တဲ့အတွက် လေတိုက်နှုန်းက အလွန်ကို မြင့်ပါတယ်။ တစ်နာရီကို ၁၄၅ မိုင် မှ မိုင် ၁၇ဝ အထိ ရှိမယ်လို့ WUND မှာ လဲ တင်ပြထားပါတယ်။

မုန်တိုင်း GIRI ဟာ အရှေ့မြောက်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းနဲ့ ကုန်းတွင်း မုန်တိုင်းအဖြစ်ဆက်လက်ရွေ့လျားနေပြီး ဒီနေ့ ၂၂-၁ဝ-၁ဝ နေ့ ည သန်းခေါင်ယံ မှာ အဆင့် -၂ ကုန်းတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက် . . . → Read More: အားအလွန်ကောင်းသော စူပါဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ကျောက်ဖြူမြို့အနီးမှကပ်၍ ကုန်းတွင်းသို့ ဝင်ရောက်နေပြီ

ဆိုင်ကလုန်းမုန်တိုင်း GIRI – အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီ

ယနေ့နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်တွင် ရရှိသော data များအရ ဆိုင်ကလုန်းမုန်တိုင်း GIRI (FOUR) သည် အင်အားပိုမိုကောင်းလာပြီး အဆင့် – ၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

အဆင့် – ၂ ဆိုင်ကလုန်းမုန်တိုင်း GIRI သည် လက်ရှိအချိန်တွင် ပြည်မြို့ အနောက်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၈၈ မိုင်ခန့်၊ စစ်တွေမြို့ တောင်ဘက် ၁၁၅ မိုင်ခန့် နှင့် နေပြည်တော် အနောက်-အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပြီး၊ အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းဖြင့် ရွေ့လျားနေပါသည်။ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၅၅ မိုင်မှ . . . → Read More: ဆိုင်ကလုန်းမုန်တိုင်း GIRI – အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီ