သြဂုတ်လဆန်း၌ တောင်တရုတ်ပင်လယ်တွင် အားကောင်းသော မုန်တိုင်း တစ်လုံး ဖြစ်ပေါ်နိုင်

သြဂုတ်လဆန်းပိုင်းတွင် တောင်တရုတ်ပင်လယ်တောင်ပိုင်းမှ စတင်၍ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်မည်ဖြစ်ပြီး ပိုမိုအားကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်ဘွယ်ရှိကြောင်း၊ ထို့နောက် အနောက်မြောက်ဘက်(ဟောင်ကောင်နှင့် မကာအိုတို့ဘက်သို့)ဆက်လက်ရွေ့လျားမည်ဟု GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းပုံဖေါ်ထားသည်ကို တွေ့ရပါသည်၊ တစ်ချိန်တည်းမှာပင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေအနီးတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေကိုလည်း တွေ့ရပါသည်။ (ပုံတွင် ကြည့်ပါ)

အဆိုပါပုံဖေါ်ခန့်မှန်းချက်သည် ဇူလိုင်လ ၂၇ ရက် – မြန်မာစံတော်ချိန် ၁၂၃ဝ နာရီမှ လာမည့် ၁၃၅ နာရီအထိ ကြိုတင်တွက်ချက်ပုံဖေါ်ထားခြင်း ဖြစ်၍ နေ့စဉ် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက် update မှ ထူးခြားသည့် အခြေအနေနှင့် ပြောင်းလဲနိုင်မည့် အခြေအနေတို့အား ဆက်လက် တင်ပြပေးသွားပါမည်။

   မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း . . . → Read More: သြဂုတ်လဆန်း၌ တောင်တရုတ်ပင်လယ်တွင် အားကောင်းသော မုန်တိုင်း တစ်လုံး ဖြစ်ပေါ်နိုင်

GFS003 model အားလေ့လာခြင်း

GFS model 003 ရဲ့ homepage ကို အရင် ဆုံးဖွင့်ကြည့်ဖို့ လင့်ပါ http://weather.uwyo.edu/models/fcst/index.html?MODEL=gfs003

Univesity of Wyoming ရဲ့ အဲဒီ GFS-003 model page ကို ဖွင့်လိုက်ရင် GFS MAP ဆိုတာရဲ့ အောက်မှာ ရွေးချယ်စရာ ၄ ခု –

Initial time Region Forecast နဲ့ Level တို့ ရှိပါတယ် –

အဲဒီမှာ အရင်ဆုံး Initial Time ကတော့ နောက်ဆုံးရတဲ့ အချိန် လက်ရှိပေါ်နေတဲ့ အချိန်ကို ပဲ ရွေးရမှာပါ ပြီးခဲ့တဲ့ အခြေအနေသိချင်ရင်တော့ အောက်က အချိန်တွေထဲက တစ်ခုခုပေါ့ဗျာ . . . → Read More: GFS003 model အားလေ့လာခြင်း