ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း FOUR-04B follow-up

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း FOUR(04B)သည် အပူပိုင်းမုန်တိုင်း(TS) အဆင့်ဖြင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ယနေ့ နိုဝင်ဘာလ ၂ဝ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အားအကောင်းဆုံး အခြေအနေ(ဗဟိုလေတိုက်နှုန်း 60 knots = 69.05 mph to 75 knots = 86.30 mph)သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရပါသည်။

မုန်တိုင်း 04B သည် နောက်ဆုံးရရှိသည့် အချက်အလက်များ(JTWC မှ သတိပေးထုတ်ပြန်ချက် #3)အရ မုန်တိုင်း ဗဟို၌ လှိုင်းအမြင့် ၁၂ ပေ ရှိပြီး လေတိုက်နှုန်း 50 to 65 knots(57.54 mph to 74.80 mph) . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း FOUR-04B follow-up

04W မုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီ

ဇွန်လ ၁၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 04W(FOUR – ဖိလစ်ပိုင်အမည် EMONG) သည် ပိုမိုအားကောင်းလာပြီး အပူပိုင်းမုန်တိုင်း လီပိုင် (04W – LEEPI) အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ “လီပိုင်” ဟူသော အမည်သည် လာအိုနိုင်ငံ တောင်ပိုင်းမှ အလွန်လှပသည့် ရေတံခွန်တစ်ခု၏ အမည်ဖြစ်ကြောင်း မှတ်သားရပါသည်။

Tropical Depression 04W [EMONG] has continued its northerly track across the North Philippine Sea, east of Isabela…may become a . . . → Read More: 04W မုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီ

ဖိလစ်ပိုင်မှ INVEST 91W သည် လေဖိအားနည်းရပ်ဝန်း TD 04W ဖြစ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာမည်

ဖိလစ်ပိုင်ပင်လယ်မှ လေဖိအားနည်းဆဲလ် 91W မှာ ပိုမိုအားကောင်းလာပြီး ဇွန်လ ၁၇ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီ (1800GMT) တွင် လေဖိအားနည်းရပ်ဝန်း(Tropical Depression – TD) အဆင့်သို့ ရောက်ရှိလာကြောင်း၊ ၄င်းအား (04W – FOUR) ဟု အမည်ပေးထားပြီး ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ အမည် EMONG ဟု ပေးထားကြောင်း သိရပါသည်။

Tropical Depression 04W [EMONG] has slightly accelerated northward while over intensifying over the Philippine Sea.

This depression is likely to enhance . . . → Read More: ဖိလစ်ပိုင်မှ INVEST 91W သည် လေဖိအားနည်းရပ်ဝန်း TD 04W ဖြစ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာမည်

တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် မြန်မာ့ ကမ်းရိုးတန်းမှ တိမ်တိုက်များ အခြေအနေ

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင်တွေ့မြင်ရသည့် မုန်တိုင်း မျက်စေ့ထင်ရှားစွာ ဖြစ်ပေါ်လာသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း MAWAR(04W – ဖိလစ်ပိုင်အမည် AMBO)နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ စတင်ကာ မြန်မာ့ ကမ်းရိုးတန်း တစ်ခုလုံးဖုံးလွှမ်းနေသည့် တိမ်တိုက်ကြီးကို တွေ့မြင်ရပါသည်။ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေသည့် MAWAR(AMBO) သည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာပြီး အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR မှ ခန့်မှန်းထားပါသည်။

Typhoon MAWAR (AMBO) maintains its intensification trend and is likely to become a Category . . . → Read More: တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် မြန်မာ့ ကမ်းရိုးတန်းမှ တိမ်တိုက်များ အခြေအနေ

ဆိုင်ကလုန်းမုန်တိုင်း GIRI – အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီ

ယနေ့နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်တွင် ရရှိသော data များအရ ဆိုင်ကလုန်းမုန်တိုင်း GIRI (FOUR) သည် အင်အားပိုမိုကောင်းလာပြီး အဆင့် – ၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

အဆင့် – ၂ ဆိုင်ကလုန်းမုန်တိုင်း GIRI သည် လက်ရှိအချိန်တွင် ပြည်မြို့ အနောက်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၈၈ မိုင်ခန့်၊ စစ်တွေမြို့ တောင်ဘက် ၁၁၅ မိုင်ခန့် နှင့် နေပြည်တော် အနောက်-အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပြီး၊ အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းဖြင့် ရွေ့လျားနေပါသည်။ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၅၅ မိုင်မှ . . . → Read More: ဆိုင်ကလုန်းမုန်တိုင်း GIRI – အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီ

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် TSR နှင့် JTWC data များအရ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာပြီး အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိနေပါသည်။ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄ဝ မှ မိုင် ၅ဝ အထိရှိမည်ဖြစ်ဖြစ်ပြီး လက်ရှိ data များအရ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၉၃ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် ၂၁ဝ မိုင်ခန့် နေပြည်တော်၏ အနောက်တောင်ဘက် မိုင် ၃၄ဝခန့် ၊ ရန်ကုန်မြို့ အနောက်မြောက်ယွန်းယွန်း ၃ဝ၅ မိုင်ခန့် နှင့် ပုသိမ်မြို့ အနောက်ဘက် မိုင် ၂၂ဝ ခန့်တွင် ရောက်ရှိဗဟိုပြုနေပါသည်။

. . . → Read More: ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိ