ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီ ဖြစ်သော တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ ယနေ့(စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နောက်ဆုံး ရရှိသည့် အချက်အလက်များအရ မုန်တိုင်း လမ်းကြောင်း တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျလာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ (ပုံ-၁)

တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် တရုတ်ပြည်မ တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ မူလခန့်မှန်းထားသည့်(အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေ) လောက် အားကောင်းတော့မည်မဟုတ်ကြောင်း၊ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်အဆင့်ဖြင့်သာ စက်တင်ဘာလ ၁၆ ရက် အစောပိုင်းတွင် ဟိုင်နန်ကျွန်းမြောက်ပိုင် ကမ်းခြေအား လည်းကောင်း၊ တုံကင်ပင်လယ်ကွေ့အားဆက်လက် ဖြတ်သန်းပြီးနောက် စက်တင်ဘာလ ၁၆ ရက် ည ပိုင်းတွင် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအား Hanoi . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသော တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)သည် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ် အနောက်မြောက်ဘက် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ယနေ့(စက်တင်ဘာလ ၁၄ ရက် ညနေပိုင်း)တွင် ပိုမိုအားကောင်းလာပြီး အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိကာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား တနင်္လာနေ့(စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်း)အထိ ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။

TY Kalmaegi (Luis) is expected to continue moving west-northwest as it accelerates throughout the outlook period. On the forecast track, TY Kalmaegi (Luis) will . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် 15W

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း 15W(FIFTEEN)သည် ယနေ့ညနေပိုင်းမှ စတင်၍ အားကောင်းလာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်(ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဦးတည်၍)ဆက်လက်ရွေ့လျားမည်ဖြစ်ပါသည်။ မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီး စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ဝင်ရောက်လာမည်ဖြစ်ပါသည်။(ပုံ-၁)

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှ စတင်ကာ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်(ဟောင်ကောင်/မကာအို)သို့ ဦးတည်ရွေ့လျားမည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများမှ ခန့်မှန်းထားပါသည်။(ပုံ-၂)

စက်တင်ဘာလ ၁၇ ရက် နောက်ပိုင်းတွင် မုန်တိုင်း တရုတ်ပြည်မ၊ တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ပြီး၊ . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် 15W