နေပြည်တော်အနောက်မြောက်ဘက် ၂၈ မိုင်ခန့်တွင် အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်

သြဂုတ်လ ၅ ရက်၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၆ မိနစ်ခန့်တွင် နေပြည်တော်-ပုဗ္ဓသီရိမြို့ အနောက်မြောက်ဘက် ၂၈ မိုင်ခန့်၊ တပ်ကုန်းမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ ခန့်၊ တောင်တွင်းကြီးမြို့ အရှေ့မြောက်ဘက် ၂၅ မိုင်ခန့်၊ တောင်ညိုမြို့မြောက်ဘက် ၁၈ မိုင်ခန့်၊ Latitude : 20° 10′ 48″ N Longitude : 95° 53′ 24″ E ၌ အင်အား ရစ်ခ်ျတာစကေး ၃.၉ ရှိသည့် ငလျင်တစ်ခု လှုပ်သွားခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

. . . → Read More: နေပြည်တော်အနောက်မြောက်ဘက် ၂၈ မိုင်ခန့်တွင် အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်

ကြိုတင်ခန့်မှန်းရန် ခက်ခဲသော သဘာဝဘေးအန္တရာယ်များ

၂၀၁၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၃-၇၄ ခုနှစ် မဟာသင်္ကြန်အကြိုကာလတွင်း ကြိုတင်မှန်းဆရန် ခက်ခဲသည့် သဘာဝ ဘေးအန္တရာယ်ကြီးများအနက်မှ ဧပြီလ ၁၀ ရက် နံနက် အစောပိုင်းတွင် လောင်ကျွမ်းခဲ့သည့် တောင်ဥက္ကလာပ ၁၀ ရပ်ကွက် ဟေမဝန် ဈေးကြီး၏ မီးလောင်မှုသည် တစ်ခု အပါအဝင်အဖြစ် စာရင်းဝင်သွားပြီဖြစ်ပါသည်။ ဤကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသအချို့တွင် လေပြင်းတိုက်ခတ်ခြင်း မိုးသည်းထန်ခြင်း၊ မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည်လောက် မဆိုးပါ။

မီးလောင်မှုများကို လူသားများပေါ့ဆမှုကြောင့် ဖြစ်ရသည်မှန်လျှင် ထိုပေါ့ဆမှုကို သတိပေးခြင်း၊ အသိပေးခြင်း၊ အရေးယူလိုက်နာစေခြင်း စသည်တို့ဖြင့် နောင်ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခံရမှု အပြီး မြန်မာနိုင်ငံသားများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကိုယ်တွေ့ ကြုံတွေ့ခံစားခဲ့ကြရပြီးဖြစ်ရာ၊ . . . → Read More: ကြိုတင်ခန့်မှန်းရန် ခက်ခဲသော သဘာဝဘေးအန္တရာယ်များ

တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး

ပဲခူးငလျင်ကြီးသည် ၁၉၃၀ ခုနှစ်အတွင်းလှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း အဆောက်အဦအချို့ ပြိုကျ ပျက်စီးကာ အသေအပျောက်ရှိခဲ့ပါသည်။ အဆိုပါငလျင်နှင့်ပတ်သက်၍ http://blog.mmweather.com/2010/09/09/1930-pegu-quake/ တွင် ရေးသားဖေါ်ပြခဲ့ပြီး ဦးတင့်လွင်ဆွေမှလည်း မှားယွင်းသည့် သတင်းများကို ပြုပြင်ပေးခဲ့ပါသည်။

စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တည်ရှိနေကြသည့် ရန်ကုန်မြို့အပါအဝင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ မြို့ကြီးများမှာ ကြီးမားသည့် ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ ရာစုနှစ်တစ်နှစ်နီးပါးရှိခဲ့ပြီဟု ဆိုနိုင်ပါသည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင်ကော်မီတီကလည်း http://earthquakemyanmar.wordpress.com/ တွင် တင်ပြထားပါသည်။

ဤအခြေအနေတွင် ဆောင်းပါးအတိုင်း အချိန်မရွေး ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးများကို မြေငလျင်ကော်မီတီအဖွဲ့ဝင် ဦးတင့်လွင်ဆွေကလည်း Earthquakes of Myanmar and Risk Management-5 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်းပါး အမှတ်စဉ်-၅ တွင် အောက်ပါအဓိက . . . → Read More: တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး