WUTIP-20W အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာဦးမည်

တောင်တရုတ်ပင်လယ်မှ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာသည့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း WUTIP(20W)သည် အနောက်ဘက်(Heading 261.8 degrees)သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့် ဆက်လက် ရွေ့လျားပြီး၊ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၃၆၅ မိုင်၊ ဟနွိုင်းမြို့ အရှေ့တောင်ဘက် ၅၉၅ မိုင်ခန့်၊ တရုတ်(ပြည်မ) မကာအိုမြို့ တောင်ဘက် ၃၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုလျှက်ရှိပါသည်။

စက်တင်ဘာလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မုန်တိုင်းဗဟိုချက်သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ မြောက်ဘက် မိုင် ၁ဝဝ ခန့်၊ Hue မြို့ မြောက်ဘက် ၆၅ . . . → Read More: WUTIP-20W အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းရောက်ရှိလာဦးမည်

အဆင့်-၃ စူပါတိုင်ဖွန်းမုန်တိုင်း USAGI ယနေ့ညနေပိုင်းတွင် ဟောင်ကောင်သို့ ဝင်ရောက်မည်

အဆင့်-၃ စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W) သည် တရုတ်(ပြည်မ) Guangdong ပြည်နယ် ကမ်းခြေ – ဟောင်ကောင်မြို့၏ အရှေ့-အရှေ့တောင်ဘက်(Bearing 99 degrees) ၂၄၅ မိုင်ခန့်၊ တောင်တရုတ်ပင်လယ်ပြင် မြောက်ပိုင်းတွင် ဗဟိုပြုနေပြီး၊ မုန်တိုင်းဗဟိုသည် ယနေ့(စက်တင်ဘာလ ၂၂ ရက်၊ ညနေပိုင်း – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီနောက်ပိုင်းတွင် ဟောင်ကောင်မြို့မြောက်ဘက်မှ ကပ်၍ ဖြတ်သန်းပြီး ကုန်းတွင်းသို့ ဝင်ရောက်မည် ဖြစ်ပါသည်။ ကုန်းတွင်းသို့ ဖြတ်ကျော်တိုက်ခတ်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 90 to 110 knots(တစ်နာရီ ၁ဝ၅ မိုင်ခန့်မှ ၁၂၅ မိုင်နှုန်း)အထိ ရှိမည်ဖြစ်ပြီး၊ မုန်တိုင်းဒီလှိုင်းအမြင့် ၄၅ ပေ အထိရှိမည်ဖြစ်ကြောင်း JTWC မှ သတိပေးချက် အမှတ် . . . → Read More: အဆင့်-၃ စူပါတိုင်ဖွန်းမုန်တိုင်း USAGI ယနေ့ညနေပိုင်းတွင် ဟောင်ကောင်သို့ ဝင်ရောက်မည်