လေဖိအားနည်းဆဲလ် 91B – အရှေ့ဘက်သို့ ရွေလျားခဲ့

လေဖိအားနည်းဆဲလ် (INVEST)91B သည် မေလ(၄)ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့-အရှေ့မြောက်ဘက်သို့ တစ်နာရီ မိုင် ၄ဝ နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့တောင်ဘက် ၅၃၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်လေဆိပ်၏ အနောက်တောင်ဘက် ၈၄၅ မိုင်ခန့်နှင့် ပုသိမ်မြို့ အနောက်တောင်ဘက် ၁၀၅ဝ မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက် တည်ရှိနေပါသည်။ INVEST 91B သည် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ မရောက်ရှိသေးသော်လည်း တိမ်ထုစုဖွဲ့မှု အားကောင်းခြင်းကြောင့် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် (INVEST)91B . . . → Read More: လေဖိအားနည်းဆဲလ် 91B – အရှေ့ဘက်သို့ ရွေလျားခဲ့

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်

မေလ(၄)ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များတွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ အရှေ့တောင်ဘက် မိုင် ၃၈ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 91B စတင်ဖြစ်ပေါ်လျှက်ရှိပါသည်။ လေဖိအားနည်းဆဲလ် 91B သည် မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၁၂၂ဝ၊ ကိုကိုးကျွန်းလေဆိပ်မှ ၁ဝ၂ဝ မိုင်ခန့် အကွာတွင် တည်ရှိပြီး ရွေလျားမှု အခြေအနေနှင့် ဖိအားအခြေအနေတို့ မရရှိသေးပါ။

လေဖိအားနည်းဆဲလ် 91B 04 May 2013 0000Z Location: 2.8 83.6 Winds: 15 knots Central Pressure: NA hPa

NAVGEN . . . → Read More: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဖြစ်ပေါ်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေ အန်ဒရာပရာဒက်ရှ်ပြည်နယ်နှင့် သြရိသပြည်နယ် နယ်စပ်အနီးတွင်လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လျှက်ရှိကြောင်း အိန္ဒိ.မိုးလေဝသဌာနမှ သြဂုတ်လ(၁၀)ရက်အတွက် ထုတ်ပြန်သည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မိုးလေဝသထုတ်ပြန်ကြေငြာချက်တွင် ဖေါ်ပြထားပါသည်။၊ ၄င်းလေဖိအားနည်းရပ်ဝန်းမှာ ယခင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနည်းတူ ကုန်းတစ်ဝက် ရေတစ်ဝက် ဖြစ်ပေါ်နေပြီး 300-850 km layer, 400-850km Layer နှင့် 700-850km Layer များတွင် လက်ဝဲရစ်လည်ပတ်စီးဆင်းနေသည့် လေစီးကြောင်း(Cyclonic Air Circulation)ဖြင့် ဖြစ်ပေါ်နေကြောင်း ဖေါ်ပြထားပါသည်။

The upper air cyclonic circulation over north Bay of Bengal & neighbour-hood now lies over northwest Bay of Bengal and adjoining coastal . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဖြစ်ပေါ်

လေဖိအားနည်းဆဲလ် 93W နှင့် 95W

ဇူလိုင်လ ၂၇ ရက် JTWC ရဲ့ ဂြိုလ်တုဓါတ်ပုံမှာ ပစိဖိတ်အနောက်မြောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာ လေဖိအားနည်းဆဲလ် ၂ ခု(93W နဲ့ 95W) ဖြစ်နေတာ တွေ့ရပြီး၊ အိန္ဒိယသမုဒ္ဒရာမှာတော့ လေဖိအားနည်းဆဲလ်အဆင့်တောင်မှ ဖြစ်ပေါ်ခြင်း မရှိတာတွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်က လေဖိအားနည်းဆဲလ် ၂ ခုမှာ 93W က မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ အဆင့် – MEDIUM အထိ ရှိနေပြီး၊ 95W ကတော့ LOW အဆင့်မှာသာ ရှိသေးတာကိုလဲ တွေ့ရပါတယ်။

93W – 27 Jul 2012 0000Z Location: 12.2 133.1 Winds: 20 knots Central Pressure: 1007 . . . → Read More: လေဖိအားနည်းဆဲလ် 93W နှင့် 95W

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့၏ လေစီးကြောင်း အခြေအနေ နှင့် မိုးဇလ မှ နေ့စဉ် မိုးလေ၀သခန့်မှန်းချက်