UTOR-11W ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် တရုတ်-Hunan ပြည်နယ်သို့ ရောက်ရှိပြီးနောက် ပျက်ပြယ်သွားတော့မည်

တိုင်ဖွန်းမုန်တိုင်း UTOR-11W(ဖိလစ်ပိုင်အမည် LABUYO)သည် တရုတ်ပြည်တောင်ပိုင်းကမ်းခြေအား သြဂုတ်လ ၁၄ ရက် နေ့တွင် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် သြဂုတ်လ ၁၅ ရက် အစောပိုင်းတွင် အနောက်ဘက်သို့ ဦးစွာ ချိုးကွေ့ခဲ့ပါသည်၊ သြဂုတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အရှေ့မြောက်ဘက်သို့ ချိုးကွေ့ပြီး တရုတ်ပြည်မ(Hunan ပြည်နယ်)သို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း  အဖြစ်ဆက်လက်ရွေ့လျားကာ ပျက်ပြယ်သွားတော့မည် ဖြစ်ပါသည်။(ပုံ -၁)

11W UTOR 16 Aug 2013 0000Z Location: 24.9 111.8 Winds: 30 knots Central Pressure: 1000 hPa

တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းသို့ဝင်ရောက်ပြီး သြဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ . . . → Read More: UTOR-11W ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် တရုတ်-Hunan ပြည်နယ်သို့ ရောက်ရှိပြီးနောက် ပျက်ပြယ်သွားတော့မည်

တောင်တရုတ်ပင်လယ်မှ INVEST 98W မြောက်ဘက်သို့ ရွေ့

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 98W သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့-အရှေ့တောင်ဘက်(Bearing 110.84˚) မိုင် ၁၂ဝ ခန့် ပင်လယ်ပြင်တွင် တည်ရှိနေပါသည်။ ဇူလိုင်လ ၂၃ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရရှိသည့် NRL data များအရ INVEST 98W သည် မြောက်-အနောက်မြောက်ဘက် (Heading 342.30˚)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ နောက်ဆုံး ရရှိသည့် အချက်အလက်များအရ အားကောင်းလာမည့် အခြေအနေမရှိသေးပဲ JTWC မှလည်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေအဆင့် သတ်မှတ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် INVEST-98W 23 Jul 2013 1200Z Location: . . . → Read More: တောင်တရုတ်ပင်လယ်မှ INVEST 98W မြောက်ဘက်သို့ ရွေ့

၎လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W

ပစိဖိတ်မြောက်ပိုင်း ပင်လယ်ရေပြင်တွင် ၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလ-၁၆ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီတွင် စတင်၍ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 98W သည် ၁၉-၂-၂ဝ၁၃ နေ့တွင် ပျက်ပြယ်ပျောက်ကွယ်သွားခဲ့ပြီး – ဇွန်လ ၆ ရက် နံနက် ဝဝ၃ဝ နာရီမှ စတင်၍ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့် SYSTEM ဖြစ်စဉ်တစ်ခု အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် တွေ့ရှိရသဖြင့် လေ့လာနိုင်ရန် အချက်အလက်များ ပြုစုတင်ပြလိုက်ပါသည်။

98W သည် စတင်ဖြစ်ပေါ်ပြီးနောက် အနောက်ဘက်သို့ ရွေ့လျားလာခဲ့ကာ ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ဗဟိုဖိအား 1005hPa သို့ ကျဆင်းလာကြောင်း၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ကျွန်းများသို့ ဦးတည်ရွေ့လျားကာ . . . → Read More: ၄လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း မှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေ 19AUG

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်ပြီး ၄င်း မုန်တိုင်းများအနက် အနောက်ဘက် ဗီယက်နန်နိုင်ငံ ကမ်းရိုးတန်းနှင့် တရုတ်ပြည် တောင်ပိုင်း ကမ်းခြေများဆီသို့ ဦးတည်ဝင်ရောက်သည့် မုန်တိုင်းများ၏ အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေများကို လေ့လာစောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့်အပြင် ကုန်းတွင်းသို့ ဝင်ရောက်သွားသည့် မုန်တိုင်း အကြွင်းအကျန်များ၏ ရွေ့လျားမှု အခြေအနေများကိုလည်း စောင့်ကြည့်လေ့လာကာ ဆက်လက်တင်ပြပေးလျှက်ရှိပါသည်။

အပူပိုင်းမုန်တိုင်း TEMBIN(15W) ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 96W မှ . . . → Read More: ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း မှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေ 19AUG

တောင်တရုတ်ပင်လယ်မှ တကျော့ပြန် – လေဖိအားနည်းဆဲလ် 98W

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့် ၂ လ ခန့်(နိုဝင်ဘာလ ၃ ရက်နေ့)၌ စတင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ် 98W သည် နိုဝင်ဘာ ၆ ရက် မြန်မာစံတော်ချိန် ည ၂၄၃၀ နာရီမှ စတင်ပြီး လေဖိအားနည်းရပ်ဝန်း 24W အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီနောက်ပိုင်းတွင် အားပျော့သွားပြီး ၄င်းမှ ကြွင်းကျန်သည့် တိမ်ထုအား ဆက်လက်စောင့်ကြည့်လေ့လာခဲ့ပါသည်။

၎င်းတိမ်ထုသည် ဒီဇင်ဘာလ ၂၉ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှ စတင်၍  လေဖိအားနည်းဆဲလ် အဖြစ်သို့ ပြန်လည် စုစည်းလာပြီး၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ . . . → Read More: တောင်တရုတ်ပင်လယ်မှ တကျော့ပြန် – လေဖိအားနည်းဆဲလ် 98W

ပစိဖိတ်အနောက်မြောက်ပိုင်းမှ 98W

ပစိဖိတ်အနောက်မြောက်ပိုင်း၊ ကာရိုလိုင်း ကျွန်းစုများအနီး(ဂူအမ်ကျွန်း တောင်ဘက်)မှ လေဖိအားနည်းဆဲလ် သည် ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း Typhoon2000 မှာ ကြေငြာထားပါတယ်။ မုန်တိုင်းဖြစ်လာပြီးတဲ့အခါ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်းတို့ကို တိုက်ခတ်ဘွယ်ရှိကြောင်း ကွန်ပျူတာမော်ဒယ်များရဲ့ ခန့်မှန်းတွက်ချက်မှုတွေမှာ ဖေါ်ပြနေတယ်လို့ ဆိုပါတယ်။

A new Tropical Disturbance 98W (LPA) located over the Caroline Islands has started to consolidate…likely to become a Tropical Cyclone within the next 12 to 24 hours. Various Forecast . . . → Read More: ပစိဖိတ်အနောက်မြောက်ပိုင်းမှ 98W