INVEST 94W နှင့် မြင့်မားလာသည့် ပင်လယ်ပြင် လေတိုက်ခတ်မှု အခြေအနေ

INVEST 94W ပိုမိုအားကောင်းလာပြီး မုန်တိုင်း ဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိလာချိန်တွင် တောင်တရုတ်ပင်လယ်တွင် အရှေ့မြောက်ဘက်မှလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် အနောက်မြောက်ဘက်မှ လည်းကောင်း လေတိုက်နှုန်းများ မြင့်တက်လာသည်ကို တွေ့ရပါသည်။ နံနက်ပိုင်းများတွင် လေတိုက်နှုန်း ပြန်လည်ကျဆင်းပြီး ညနေပိုင်းတွင် လေတိုက်နှုန်း မြင့်တက်လာမည့် အခြေအနေအား ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမည်။

ပုံတွင် တောင်တရုတ်ပင်လယ်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ညနေပိုင်း(၃နာရီခွဲနောက်ပိုင်း) လေတိုက်နှုန်းမြင့်တက်လာမည့် အခြေအနေအား GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းပုံဖေါ်ထားသည်ကို တွေ့နိုင်ပါသည်။

  . . . → Read More: INVEST 94W နှင့် မြင့်မားလာသည့် ပင်လယ်ပြင် လေတိုက်ခတ်မှု အခြေအနေ

INVEST 94W ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်

ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST 94W သည် ပိုမိုအားကောင်းလာပြီး မြို့တော် မနီလာ၏ အရှေ့တောင်ဘက် မိုင် ၇၇ဝ ခန့် ဖိလစ်ပိုင်တောင်ပိုင်း အနီးဆုံးကမ်းခြေမှ မိုင် ၁၇ဝ ခန့် အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုနေကာ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၁၅ နော်တီကယ်မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။။ JTWC ခန့်မှန်းချက်များတွင် လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိလာကြောင်း မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း 20 knots အထိ ရှိပြီး ဗဟိုဖိအား 1004 MB အထိ ကျဆင်းလာနေကြောင်း ထုတ်ပြန်ထားပါသည်။

1. . . . → Read More: INVEST 94W ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်

INVEST 94W ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေဆဲ

လေဖိအားနည်းဆဲလ် INVEST 94W သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ JTWC နောက်ဆုံး ထုတ်ပြန်ချက်အရ 94W သည် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် LOW တွင် ဆက်လက် တည်ရှိနေကြောင်း တွေ့ရပါသည်။

THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 9.0N 131.6E, IS NOW LOCATED NEAR 9.7N 129.8E, APPROXIMATELY 600 NM EAST-SOUTHEAST OF MANILA, PHILIPPINES. ANIMATED ENHANCED INFRARED SATELLITE IMAGERY DEPICTS A VERY BROAD . . . → Read More: INVEST 94W ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေဆဲ

ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းတွင် INVEST 94W ဖြစ်ပေါ်လျှက်ရှိပြီး မုန်တိုင်း ဖြစ်နိုင်ခြေ LOW အဆင့် သို့ ရောက်ရှိလာ

မတ်လ ၁၂ ရက်ေနေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဖိလစ်ပိုင်ပင်လယ်သို့ ချဉ်းကပ်လာပြီဖြစ်သည့် လေဖိအားနည်းဆဲလ် INVEST 94W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ယနေ့(မတ်လ ၁၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ)တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့တောင်ဘက် မိုင် ၈၉ဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကမ်းခြေမှ မိုင် ၄၆ဝ ခန့်သို့ ရောက်ရှိလာကြောင်း NRL data များအရ တွေ့ရပါသည်(ပုံ)

INVEST 94W သည် ဆက်လက်အားကောင်းလာမည့် အခြေအနေမတွေ့ရသေးသော်လည်း JTWC မှ ၂၄ နာရီအတွင် မုန်တိုင်း ဖြစ်နိုင်ခြေ LOW အဆင့် သတ်မှတ်ထားကြောင်း တွေ့ရပါသည်။ AN AREA . . . → Read More: ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းတွင် INVEST 94W ဖြစ်ပေါ်လျှက်ရှိပြီး မုန်တိုင်း ဖြစ်နိုင်ခြေ LOW အဆင့် သို့ ရောက်ရှိလာ

တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 94W သည် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာအမည် 10W(TEN) ဟု ပေးထားပြီ ဖြစ်ပါသည်။ လေဖိအားနည်းရပ်ဝန်း – 10W(TEN) အား ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ KIKO ဟု အမည်ပေးထားပါသည်။

လေဖိအားနည်းရပ်ဝန်း TEN သည် ဗီယက်နန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ဟောင်ကောင်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ဟိုင်နန်ကျွန်းတောင်ဘက် မိုင် ၃၆ဝ ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက် (Heading 288 degrees) သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

JTWC . . . → Read More: တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်

ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေတို့အား ခန့်မှန်းခြင်း

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-94W နှင့် ဘင်္ဂလားပင်လယ်အော်မှ လေတိုက်ခတ်မှု အခြေအနေများအတွက် GFS ကွန်ပျူတာမော်ဒယ်မှ နောက်ဆုံးရရှိသည့် အချက်အလက် ပုံဖေါ်ခန့်မှန်းချက်အား အောက်ပုံတွင် တွေ့နိုင်ပါသည်။

သြဂုတ်လ ၅ ရက် မြန်မာစံတော်ချိန် ဝ၃း၃ဝ နာရီတွင် INVEST-94W သည် တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိလာပြီး၊ ဘင်္ဂလားပင်လယ်အော်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် လေတိုက်နှုန်း မြင့်မားလျှက်ရှိကြောင်း တွေ့ရပါသည်။

မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဘင်္ဂလားပင်လယ်အော်တွင် LLCC(Low Level Cyclonic Circulation) တစ်ခု ဖြစ်ပေါ်လာပြီး – တောင်တရုတ်ပင်လယ်မှ INVEST-94W သည် အနောက်ဘက်သို့ရွေ့လျားကြောင်း တွေ့ရပါမည်။

မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ဘင်္ဂလားပင်လယ်အော်မှ LLCC သည် ကျယ်ပြန့်သွားပြီး အနောက်တောင်ဘက် အိန္ဒိယ . . . → Read More: ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေတို့အား ခန့်မှန်းခြင်း

မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ MEDIUM အဆင့်ဖြစ်လာသည့် INVEST 94W

သြဂုတ်လ ၄ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်သို့ ဦးတည်ရွေ့လျားမည့် လေဖိအားနည်းဆဲလ် INVEST 94W(ဖိလစ်ပိုင်အမည် KIKO)သည် ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ဘက် SULU ပင်လယ်သို့ ရောက်ရှိပြီး အနောက်မြောက်ဘက်(Heading 323 degrees)သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ (ပုံ-၁)

JTWC မှ INVEST-94W သည် ၄၈ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေမှာ MEDIUM အဆင့်သတ်မှတ်ထားပြီဖြစ်ပါသည်။ GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အရ လာမည့် ၄၈ နာရီတွင် မုန်တိုင်းဖြစ်လာပြီးနောက် အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်ကမ်းခြေကြားမှ တုံကင်ပင်လယ်ကွေ့အတွင်းသို့ ဆက်လက်ရွေ့လျားပြီး သြဂုတ်လ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဗီယက်နန်ကမ်းခြေအားဖြတ်ကျော်၍ ကုန်းတွင်းသို့ . . . → Read More: မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ MEDIUM အဆင့်ဖြစ်လာသည့် INVEST 94W

တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းဆဲလ်မှ မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်ဦးမည်

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့ပြီး ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံတို့ကို ဖြတ်ကျော်ဝင်ရောက်ပြီးဖြစ်သည့် မုန်တိုင်း JEBI ၏ အကြွင်းအကျန်တိမ်တိုက်သည် ယနေ့ည ၁၁ နာရီခွဲအချိန် ရရှိသည့် ဂြိုလ်တု animation ပုံ အရ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။(ပုံ-၁)

ဇူလိုင်လ ၃ဝ ရက်နေ့တွင် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း၊ ဂူအမ်ကျွန်း၏ အရှေ့တောင်ဘက်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 94W သည် ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းသို့ ရောက်ရှိလာပြီး ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်တောင်ပိုင်းသို့ သြဂုတ်လ ၄ ရက် ညနေပိုင်းတွင် SULU ပင်လယ်မှတစ်ဆင့် ဝင်ရောက်လာမည်ဖြစ်ပါသည်။ လေဖိအားနည်းဆဲလ် တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိမည့်အချိန်(သြဂုတ်လ ၅ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီမတိုင်မီတွင် ဘင်္ဂလားပင်လယ်အော် . . . → Read More: တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းဆဲလ်မှ မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်ဦးမည်

94W မုန်တိုင်းဖြစ်လာမည့် အခြေအနေနှင့် မြန်မာ့ပင်လယ်ပြင်

လာမည့် ၂၄ နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း 94W(ဖိလစ်ပိုင်အမည် FABIAN) သည် မုန်တိုင်း ဖြစ်လာတော့မည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများမှခန့်မှန်းထားကြပါသည်။ မုန်တိုင်းဖြစ်ပေါ်လာမည့် အချိန်(ခန့်မှန်း ဇွန်လ ၂၁ ရက် နံနက် မြန်မာစံတော်ချိန် ၆ နာရီခွဲခန့်) တွင် မြန်မာပင်လယ်ပြင်၌ မုတ်သုံလေအား ကောင်းလာမည့်အခြေအနေကို ပုံ – ၁ တွင် ဖေါ်ပြထားပြီး၊ အားအကောင်းဆုံး ဖြစ်နိုင်မည့် ကြိုတင်ခန့်မှန်းမှု အခြေအနေအား ပုံ – ၂ တွင် ဖေါ်ပြထားပါသည်။ ပုံ – ၂ ပါ အခြေအနေ နောက်ပိုင်းတွင် ဟောင်ကောင်အနီး ကုန်းတွင်းသို့ ကပ်သွားသည့်အခါ မြေပြင်နှင့် ထိတွေ့မည့် အနေအထားကြောင့် ဆက်လက် အားကောင်းလာနိုင်တော့မည်မဟုတ်ပါ။ မြန်မာ့ပင်လယ်ပြင်မှ . . . → Read More: 94W မုန်တိုင်းဖြစ်လာမည့် အခြေအနေနှင့် မြန်မာ့ပင်လယ်ပြင်

တောင်တရုတ်ပင်လယ်တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 94W (ဖိလစ်ပိုင်အမည် FABIAN) သည် မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ အရှေ့ဘက်သို့ တစ်နာရီ မိုင် ၃ဝ နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ နောက်ဆုံးရရှိသည့် တည်နေရာမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အနောက်-အနောက်မြောက်ဘက် ၃၄၅ မိုင်ခန့်၊ ဟောင်ကောင်၏ အရှေ့တောင်ဘက် မိုင် ၈၄ဝ ခန့်၊ ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၁ဝ၆ဝ ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94W 20 Jun 2013 0600Z Location: 15.8 118.1 Winds: 20 knots Central Pressure: 1002 hPa

. . . → Read More: တောင်တရုတ်ပင်လယ်တွင် မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ