INVEST 92W မုန်တိုင်းအဆင့်သို့ ယနေ့ညပိုင်းတွင်ရောက်ရှိနိုင်

ကပ္ပလီပင်လယ်တောင်ပိုင်း မာလက္ကာရေလက်ကြားသို့ ရောက်ရှိလာသည့် မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် HIGH သတ်မှတ်ထားသော INVEST 92W သည် နိုဝင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ – NRL data များအရ မြန်မာနိုင်ငံ ကော့သောင်းမြို့ တောင်ဘက် မိုင် ၂ဝဝ ခန့်၊ ထိုင်းနိုင်ငံ ဖူးခက်မြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၇ဝ ခန့်၊ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးမြို့၏ အရှေ့မြောက်ဘက် ၂ဝ၅ မိုင်ခန့်သို့ ရောက်ရှိနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

INVEST-92W ၏ ဗဟိုလေတိုက်နှုန်း 30 knots ရှိနေပြီး ဗဟိုဖိအား 1000 hPa သို့ . . . → Read More: INVEST 92W မုန်တိုင်းအဆင့်သို့ ယနေ့ညပိုင်းတွင်ရောက်ရှိနိုင်

ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်း INVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည်

92W သည် ကပ္ပလီပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းငယ်အဆင့် သို့ ရောက်ရှိကာ အမည်ရ SYSTEM 05B အဖြစ်သို့  ယနေ့ နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းပါသည်။

92W သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၂၃ ရက် ည ပိုင်းမှ စတင်၍ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းမကြီးအား ခါးလယ်မှ ဖြတ်ကျော်တိုက်ခတ်၍ ဘင်္ဂလားပင်လယ်အော်သို့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စတင်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်၊ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပြီး ပိုမိုအားကောင်းလာကာ ယင်းနေ့ ည သန်းခေါင်ယံတွင် အားအလွန်ကောင်းသော . . . → Read More: ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်း INVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည်

Follow up – လေဖိအားနည်းဆဲလ် INVEST 92W

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိပြီး မလေးရှားနိုင်ငံ မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း HATYAI ပြည်နယ်တို့ကို ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်သို့ ဦးတည်လျှက်ရှိသည့် INVEST 92W သည် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြ အဆင့် MEDIUM သို့ ရောက်ရှိလာကြောင်း JTWC မှ ထုတ်ပြန်ထားပါသည်။ 92W သည် ယနေ့ မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် နောက်ဆုံးရရှိသည့်ပုံများအရ မြန်မာနိုင်ငံ ကော့သောင်းမြို့တောင်-အရှေ့တောင်ဘက် မိုင် ၂ဝဝ ခန့်၊ ထိုင်းနိုင်ငံ ဖူးခက်မြို့ အရှေ့တောင်ဘက် မိုင် ၁၂ဝ ခန့်အကွာကုန်းတွင်း၌ တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ ပုံ-၁ တွင် 92W ဖြစ်ပေါ်လျှက်ရှိသည့် တည်နေရာနှင့် တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေအား တွေ့မြင်နိုင်ပါသည်။

. . . → Read More: Follow up – လေဖိအားနည်းဆဲလ် INVEST 92W

INVEST 92W အမည်ဖြင့် ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိလာမည့် လေဖိအားနည်းဆဲလ်

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော INVEST 91W နှင့် 92W တို့သည် တောင်တရုတ်ပင်လယ်အား ဖြတ်ကျော်လာခဲ့ပြီး မလေးရှားကျွန်းဆွယ်၊ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းနှင့် ဗီယက်နန်နိုင်ငံ တောင်ပိုင်းပင်လယ်တွင် ပြန်လည်ဆုံစည်းကြကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြပါသည်။ 91W သည် နိုဝင်ဘာလ ၁၈ ရက် ညပိုင်းမှစတင်ကာ 92W နှင့် ပေါင်းစည်းသွားပြီး မလေးရှားကျွန်းဆွယ်အရှေ့ပိုင်းကမ်းခြေအား  ကွာလာလမ်ပူမြို့တော် အရှေ့ဘက် မိုင်၁၄ဝ ခန့်မှ စတင်ဖြတ်ကျော်လျှက်ရှိပါသည်။

91W နှင့် 92W တို့ ပေါင်းစည်းထားသော လေဖိအားနည်းဆဲလ် အဖြစ်သို့ရောက်ရှိကာ စူမားတြားကျွန်းမြောက်ပိုင်း၊ မာလက္ကာရေလက်ကြားတွင် မြောက်လတ္တီတွဒ် ၅ ဒီဂရီအထက်သို့ (အနောက်မြောက်ဘက်သို့)ရွေ့လျားလျှက် ဆူနာမီဒဏ်ခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးမြို့အနီးမှ ဖြတ်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ယနေ့(နိုဝင်ဘာလ . . . → Read More: INVEST 92W အမည်ဖြင့် ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိလာမည့် လေဖိအားနည်းဆဲလ်

ဖိလစ်ပိုင်မှ INVEST 91W သည် လေဖိအားနည်းရပ်ဝန်း TD 04W ဖြစ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာမည်

ဖိလစ်ပိုင်ပင်လယ်မှ လေဖိအားနည်းဆဲလ် 91W မှာ ပိုမိုအားကောင်းလာပြီး ဇွန်လ ၁၇ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီ (1800GMT) တွင် လေဖိအားနည်းရပ်ဝန်း(Tropical Depression – TD) အဆင့်သို့ ရောက်ရှိလာကြောင်း၊ ၄င်းအား (04W – FOUR) ဟု အမည်ပေးထားပြီး ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ အမည် EMONG ဟု ပေးထားကြောင်း သိရပါသည်။

Tropical Depression 04W [EMONG] has slightly accelerated northward while over intensifying over the Philippine Sea.

This depression is likely to enhance . . . → Read More: ဖိလစ်ပိုင်မှ INVEST 91W သည် လေဖိအားနည်းရပ်ဝန်း TD 04W ဖြစ်လာပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်လာမည်

ဖိလစ်ပိုင်ပင်လယ်မှ 91W ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 91W သည် ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် HIGH သို့ ရောက်ရှိလာပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ 91W သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ဗတာ် အရှေ့ဘက် ၄၁၅ မိုင်ခန့်၊ ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်၏ တောင်-အရှေ့တောင်ဘက် မိုင် ၈၈ဝ အကွာ ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းတွင် တည်ရှိနေပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းထားပါသည်။ 91W ၏ ဗဟိုဖိအား 1002 hPa သို့ ကျဆင်းလျှက်ရှိပြီး၊ လေတိုက်နှုန်း ၂ဝ နော်တီကယ်မိုင်အထိ ရှိလာကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် 92E သည် တောင်တရုတ်ပင်လယ်တွင် ဆက်လက်၍ တည်ရှိနေသော်လည်း . . . → Read More: ဖိလစ်ပိုင်ပင်လယ်မှ 91W ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်တွင် INVEST 91W နှင့် 92W ဖြစ်ပေါ်လျှက်ရှိ

ဇွန်လ ၁၆ ရက် မြန်မာစံတော်ချိန် ၁၈၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လေဖိအားနည်းဆဲလ် INVEST 91W နှင့် 92W တို့ ဖြစ်ပေါ်လျှက် ရှိပြီး ဇွန်လ ၁၈ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီတွင် ဖိလစ်ပိုင်ပင်လယ်မှ 91W သည် ပိုမိုအင်အားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း JTWC မှ ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များကို ကိုးကား ထုတ်ပြန်ထားပါသည်။ ပုံ(၁)

ဇွန်လ ၁၈ ရက် ၁၅း၃ဝ နာရီ – GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်တွင် ကပ္ပလီပင်လယ်တောင်ပိုင်း(တနင်္သာရီကမ်းလွန်ပင်လယ်ပြင် တောင်ပိုင်း)တွင် အနောက်ဘက်မှ လေစီးကြောင်းပိုမိုအားကောင်းလာပြီး တစ်နာရီ ၄ဝ နော်တီကယ်မိုင်အထိ ရှိလာနိုင်ကြောင်း တွေ့ရပါသည်။ ပုံ(၂)

. . . → Read More: တောင်တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်ပင်လယ်တွင် INVEST 91W နှင့် 92W ဖြစ်ပေါ်လျှက်ရှိ

ပစိဖိတ်သမုဒ္ဒရာမှ လေဖိအားနည်း-မုန်တိုင်းလှုပ်ရှားမှု နှင့် မြန်မာနိုင်ငံ မိုးလေဝသအခြေအနေ

ဧပြီလ (၃၀)ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် ရရှိသည့် NexSat ဂြိုလ်တုဓါတ်ပုံတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းတို့တွင် တိမ်ထုစုဖွဲ့မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း တွေ့ရပါသည်။ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ဂူအမ်ကျွန်းတောင်ဘက် မိုင် ၁ဝဝဝ ကျော် ကွာဝေးသည့် ပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 92W မှာ စုဖွဲ့မှု ပိုမိုကောင်းမွန်လာပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဂူအမ် ကျွန်းတောင်ဘက် မိုင် ၉ဝဝ ခန့် ပင်လယ်ပြင်သို့ ရောက်ရှိလာကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် 92W နှင့် ကမ္ဘာ့တောင်ဘက်ခြမ်း သြစတေးလျတိုက် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 23P(ZANE)တို့ကြောင့် အနောက်လေစီးကြောင်းကို ပိုမို အားကောင်းစေလျှက်ရှိကြောင်း တွေ့ရပါသည်။

ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် . . . → Read More: ပစိဖိတ်သမုဒ္ဒရာမှ လေဖိအားနည်း-မုန်တိုင်းလှုပ်ရှားမှု နှင့် မြန်မာနိုင်ငံ မိုးလေဝသအခြေအနေ

မြန်မာနိုင်ငံပေါ်မှ တိမ်ထုဖြစ်ပေါ်မှု အခြေအနေ

ဧပြီလ (၃၀)ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် ရရှိသည့် NexSat ဂြိုလ်တုဓါတ်ပုံတွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ကပ္ပလီပင်လယ်တောင်ပိုင်းတို့တွင် တိမ်ထုစုဖွဲ့မှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရပါသည်။ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ ဂူအမ်ကျွန်းတောင်ဘက် မိုင် ၁ဝဝဝ ကျော် ကွာဝေးသည့် ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 92W ဖြစ်ပေါ်နေပြီး မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိကြောင်း တွေ့ရပါသည်။ ၄င်း လေဖိအားနည်းဆဲလ်မှာ ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေရှိကြောင်း တွေ့ရသော်လည်း အရှေ့တောင်အာရှဒေသသို့ အကျိုးသက်ရောက်မှု မရှိနိုင်သေးဟု သုံးသပ်ရပါသည်။

92W 30 Apr 2013 0000Z Location: 4.2 146.0 Winds: 15 knots Central Pressure: 1010 hPa

ယနေ့ နံနက် မြန်မာစံတော်ချိန် . . . → Read More: မြန်မာနိုင်ငံပေါ်မှ တိမ်ထုဖြစ်ပေါ်မှု အခြေအနေ

CAT-5 စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် JELAWAT

စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(18W-ဖိလစ်ပိုင် အမည်ဖြင့် LAWIN) သည် အဆင့်-၅ စူပါတိုင်မုန်တိုင်းကြီး ဖြစ်လာပြီးး၊ မနီလာမြို့တော် အရှေ့ဘက် မိုင် ၄၆၀ ခန့်၊ အိုကီနာဝါကျွန်း၏ တောင်ဘက်စူးစူး မိုင် ၇၂၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပါသည်။

အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး JELAWAT သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိနေပြီး၊ မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ ၃၁၅ ကီလိုမီတာ(၁၇၀ နော်တီကယ်မိုင်နှုန်း) ရှိကာ၊ မုန်တိုင်းဒီလှိုင်းအမြင့် ၄၂ ပေရှိကြောင်း သိရပါသည်။ မုန်တိုင်း အရွယ်အစားမှာ အချင်း ၄၂၀ . . . → Read More: CAT-5 စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် JELAWAT