ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်းဖြစ်လာမည့် SYSTEM များ – followup

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 30W(တောင်တရုတ်ပင်လယ်နှင့် ကပ္ပလီပင်လယ်မှ တစ်ဆင့် ရွေ့လျားလာခဲ့သော SYSTEM ဖြစ်ပါသည်) သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ နိုဝင်ဘာလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၃ဝ ခန့်၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့မြောက်ဘက် မိုင် ၅၆ဝ ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ် အနောက်တောင်ဘက် မိုင် ၅ဝဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဆက်လက် ဗဟိုပြုလျှက်ရှိပါသည်။ GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အရ 30W သည် ယနေ့နေ့လည်ပိုင်းကျော်လွန်လျှင် အပြည်ပြည်ဆိုင်ရာအမည်ရ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၁)

လေဖိအားနည်ရပ်ဝန်းသည် အင်အားပိုမိုကောင်းလာသည်ကို တွေ့ရပြီး မြောက်ဘက်သို့ . . . → Read More: ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ မုန်တိုင်းဖြစ်လာမည့် SYSTEM များ – followup

တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN ၏ ပြင်းထန်သော ထိုးနှုက်တိုက်ခတ်မှုအား ခံစားခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံ TACLOBAN မြို့ပေါ်မှဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ဆင်းသက်ရောက်ရှိလာသည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နိုဝင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ အဆင့် HIGH တွင် ဆက်လက် တည်ရှိနေပါသည်။

90W သည် ယနေ့(၁၃-၁၁-၂ဝ၁၃) ညပိုင်းမှ စတင်၍ တောင်တရုတ်ပင်လယ်တောင်ပိုင်း Sparatly ကျွန်းစုများအနီးတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုးအားကောင်းလာ၍ ဗီယက်နန်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။ ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်စဉ် . . . → Read More: တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး မူလခန့်မှန်းကြောင်းအထက်သို့ ၁၁ မိုင်ခန့် ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် Brahmapur မြို့အပေါ်တည့်တည့်မှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်လျှင် မုန်တိုင်း ဒီလှိုင်းအမြင့် ၅၆ ပေရှိမည်ဖြစ်ပြီး မုန်တိုင်းအားအပြင်းဆုံး စက်ဝန်း အချင်းမိုင် ၈၃ မိုင်ခန့် ရှိမည်ဖြစ်ကြောင်း နောက်ဆုံးရရှိသည့် JTWC warning – 11 တွင် ဖေါ်ပြထားပါသည်။ မုန်တိုင်းသည် အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီအချိန်တွင် ကုန်းတွင်းသို့ စတင် ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်း တစ်နာရီ ၁၆၆ မိုင်မှ မိုင် ၂ဝဝ အထိ ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းထားရာ အင်အား အပြင်းဆုံး စူပါဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် . . . → Read More: မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည့် PHAILIN-02B

မုန်တိုင်း (PHAILIN – 02B)က အခု အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး၊ ဒီနေ့ ညနေ ၆နာရီခွဲမှာ အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်(ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်) ၁၂ ရက်နေ့ မနက် ၆ နာရီခွဲမှာ အားအပြင်းဆုံးအဆင့်ကို ရောက်မှာ ဖြစ်ပြီးတော့ ဗဟိုလေတိုက်နှုန်း ၁၄၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၁၇ဝ နီးပါး) ရှိလာပါမယ်၊ သူ့အရှိန်ရဲ့ သက်ရောက်မှုကလဲ ကျနော်တို့ ကမ်းရိုးတန်းဒေသတွေအတွက် ပိုများလာနိုင်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် ၁၈း၃ဝ နာရီ(ညနေ ၆နာရီခွဲ)မှာ အဆင့်-၅ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီးတဲ့နောက် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်နိုင်မဲ့ လေတိုက်နှုန်း ခန့်မှန်းမြေပုံ (GFS MODEL)ကို တင်ပြထားပါတယ်။ Facebook . . . → Read More: အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည့် PHAILIN-02B

ဘင်္ဂလားပင်လယ်အော်သို့ စတင်ဝင်ရောက်လျှက်ရှိသည့် မုန်တိုင်း 02B

အောက်တိုဘာလ ၉ ရက်၊ မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ အပူပိုင်းမုန်တိုင်း 02B သည် အနောက်မြောက်ဘက် (Heading 290 degrees)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး အန်ဒါမန်ကျွန်းမြောက်ပိုင်းအား Subashgram မြို့ မြောက်ဘက်မှ ကပ်၍ ကျော်ဖြတ်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်ပါသည်။

မုန်တိုင်း 02B ၏ နောက်ဆုံးရတည်နေရာမှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် ၆၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်တွင် ဗဟိုပြုနေပြီး၊ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၄၅ မိုင် မှ မိုင် ၆ဝ ခန့်အထိ ရှိပြီး၊ လှိုင်းအမြင့် ၁၂ . . . → Read More: ဘင်္ဂလားပင်လယ်အော်သို့ စတင်ဝင်ရောက်လျှက်ရှိသည့် မုန်တိုင်း 02B

အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း 02B အိန္ဒိယသို့ ဦးတည်

ထိုင်းပင်လယ်ကွေ့အတွင်းတွင် အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အောက်တိုဘာလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် Warning-01 အရ အပူပိုင်းမုန်တိုင်း 02B ဖြစ်လာပါသည်။

မုန်တိုင်း 02B သည် အနေက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၁ဝ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက် – မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း အသီးသီး ရောက်ရှိလာမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါသည်။ (ပုံ-၁)

. . . → Read More: အပြည်ပြည်ဆိုင်ရာ အမည်ရ မုန်တိုင်း 02B အိန္ဒိယသို့ ဦးတည်

90W မုန်တိုင်းအဆင့်ရောက်လာပြီးချိန် ဆက်လက်ဖြစ်ပေါ်နိုင်မည့် အခြေအနေခန့်မှန်း-GFS MODEL

Model data အရ မုန်တိုင်း ဖြစ်လာပြီးရင် အနောက်မြောက်ဘက် ရွေ့ပြီး ကိုကိုးကျွန်းတောင်ဘက် အန်ဒါမန်ကျွန်းမြောက်ပိုင်းအဖျားက မနက်ဖန် နေ့လည်လောက် ဖြတ်ပြီး အနောက်ဘက်ကို ရွေ့ပါမယ်၊ မုန်တိုင်းက အမည်ပေးအဆင့်ကို အခုမနက် အစောပိုင်း ၃ နာရီကျော်လောက်မှာ ရောက်နိုင်ပါမယ်၊ ည သန်းခေါင်ကျော်ရင် မုန်တိုင်း အဖျားပိုင်း လေပြင်းက ကုန်းပေါ်နဲ့ ပင်လယ်ပြင်မှာ အရှေ့တောင်ဘက်က လေပြင်း(တစ်နာရီ ၂၅ မိုင်လောက်) တိုက်နိုင်ပါတယ်။ အရင်က မှန်းထားသလောက် မုန်တိုင်း အားမကောင်းတော့ဘဲ ကပ္ပလီပင်လယ်ပြင်ပေါ်မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ မရောက်နိုင်တော့ကြောင်း တွေ့ရပါတယ်။

၉ ရက်နေ့ နေ့လည် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီခန့်မှာ ဘင်္ဂလားပင်လယ်အော်ထဲ စတင် ဝင်ရောက်ပြီးချိန်မှ စ၍ ညနေ ၃ နာရီခွဲ . . . → Read More: 90W မုန်တိုင်းအဆင့်ရောက်လာပြီးချိန် ဆက်လက်ဖြစ်ပေါ်နိုင်မည့် အခြေအနေခန့်မှန်း-GFS MODEL

INVEST-90W မှ ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်မည့် သတိပေးချက် JTWC ထုတ်ပြန်

အောက်တိုဘာလ ၈ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီတွင် JTWC မှ 11.8N 96.0E TO 14.3N 89.6E တို့အကြား၌ လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိလာကြောင်း TC Formation Alert ထုတ်ပြန်လိုက်ပါသည်။ ထုတ်ပြန်ချက်အရ မူလ MTSAT ဂြိုလ်တု animation ပုံရိပ်အရ လေဖိအားနည်းဆဲလ်(INVEST-90W)သည် အနောက်-အနောက်မြောက်ဘက်သို့ ၁၃ နော်တီကယ်မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။(ပုံ)

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့ ည(၇း၀၀)နာရီအချိန် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် ပုသိမ်မြို့ တောင်-အရှေ့တောင်ဘက် မိုင်(၂၉၀)ခန့်အကွာ၊ ကိုကိုးကျွန်းမြို့၏ . . . → Read More: INVEST-90W မှ ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်မည့် သတိပေးချက် JTWC ထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 90W မုန်တိုင်းဖြစ်နိုင်ခြေ အဆင့် HIGH သို့ ရောက်ရှိလာပြီ

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-90W သည် ပိုမိုအားကောင်းလာပြီး မြိတ်မြို့ အနောက်ဘက် ၂၇၅ မိုင်ခန့်၊ ဖျာပုံမြို့ တောင်-အနောက်တောင်ဘက် ၃ဝ၅ မိုင်ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

INVEST 90W သည် အနောက်-အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့) ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် HIGH သတ်မှတ်ထားပြီဖြစ်ကြောင်း JTWC မှ ယနေ့ ညနေ မြန်မာစံတော်ချိန် ၅ နာရီ အချိန် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။(ပုံ-၁)

လေဖိအားနည်းဆဲလ် INVEST-90W 08 Oct 2013 0600Z Location: 11.9 94.6 Winds: . . . → Read More: ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 90W မုန်တိုင်းဖြစ်နိုင်ခြေ အဆင့် HIGH သို့ ရောက်ရှိလာပြီ

ရက်အနည်းငယ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မည်

ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာမည့် 90W သည် အောက်တိုဘာလ(၁ဝ) ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များ၌ ဖေါ်ပြထားပါသည်။ ဤ အချိန်တွင် မုန်တိုင်းသည် ကိုကိုးကျွန်းပေါ်မှ ဖြတ်ကျော်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားမည် ဖြစ်ရာ မုန်တိုင်း ကိုကိုးကျွန်းအား ဖြတ်ကျော်စဉ် မုန်တိုင်း အရွယ်အစားနှင့် အင်အားတို့ကြောင့် ဧရာဝတီတိုင်းတောင်ပိုင်း ရန်ကုန်တိုင်းတို့တွင် အဖျားခတ်နိုင်မည့် အခြေအနေရှိပါသည်။ (ပုံ တွင်ကြည့်ပါ)

ယနေ့ အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် နံနက်ပိုင်းတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းချက် ဖြစ်သဖြင့် အပြောင်းအလဲ အနည်းငယ်သာ ရှိနိုင်ပြီး အပြည်ပြည်ဆိုင်ရာ . . . → Read More: ရက်အနည်းငယ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်မည်