အချိန်နှင့်တစ်ပြေးညီသတင်း VS ကြိုတင်အသိပေးသတင်း

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးလေဝသဖြစ်စဉ်များသည် ဆယ်စုနှစ်တစ်ခုအတွင်း အန္တရာယ်ကြီးမားသော/ပျက်စီးဆုံးရှုံးမှုကြီးမားသော သဘာဝဘေးအန္တရာယ်တစ်ခုအဆင့်သို့သို့ရောက်ရှိလာကြောင်း ယနေ့ကမ္ဘာအရပ်ရပ်တွင် ကြုံတွေ့ ခံစားရလျှက်ရှိသည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များက ထင်ဟပ်လျှက်ရှိပါသည်။

အချိန်နှင့်တစ်ပြေးညီသတင်း(မီဒီယာကဏ္ဍ) လတ်တလောဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား တိုက်ခတ်ခဲ့သည့် အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၃၅ မိုင်နှုန်း(တစ်နာရီ ၃၈ဝ ကီလိုမီတာနှုန်း)အထိအားပြင်းသောလေပြင်းများအပြင် ၅၄ ပေ အမြင့်ရှိသည့် မုန်တိုင်းဒီလှိုင်းများ(ကမ်းခြေအား ဖြတ်ကျော်စဉ် ၁၅ ပေမှ ပေ ၂ဝ ခန့်အထိ လျော့ကျ)ကြောင့် ငလျင်ကြီးလှုပ်အပြီး ဆူနာမီရေလှိုင်းများ ဝင်ရောက်သည့်ပမာအလား ဖိလစ်ပိုင်နိုင်ငံ Talcoban မြို့အား ဝင်ရောက်ဖျက်ဆီးခဲ့သည်ကို သတင်းထုတ်ပြန်ချက်များတွင် အချိန်နှင့်တစ်ပြေးညီ တွေ့ရ၊ မြင်ရ၊ သိရှိရပါသည်။

စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် လူ့အသက်များ ရာနှင့်ချီ၍ သေကြေပျက်စီးရသည့်အပြင် အဆောက်အဦ ၉ဝ% ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မုန်တိုင်းဒဏ်မှ ခိုလှုံရာ . . . → Read More: အချိန်နှင့်တစ်ပြေးညီသတင်း VS ကြိုတင်အသိပေးသတင်း

Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

JTWC သတိပေးထုတ်ပြန်ချက် အမှတ်-၂၅ အရ နိုဝင်ဘာလ ၁ဝ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် တွင် စူပါတိုင်ဖွန်းမုန်တိုင်းသည် အဆင့်-၃ (CAT-3)အဆင့်သို့ အားလျော့သွားပြီး မူလခန့်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ တောင်ဘက်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်းမပြုတော့ပဲ ဒါနန်းမြို့ ကမ်းခြေ အနီး မိုင် ၄ဝ ခန့်မှ ကပ်၍ ဗီယက်နန် ကမ်းရိုးတန်း တလျှောက် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နိုဝင်ဘာလ ၁၁ ရက် နံနက် အစောပိုင်းတွင် ဟနွိုင်းမြို့ တောင်ဘက် မိုင် ၉ဝ ခန့်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။(ပုံ)

09/06Z (TYPHOON 31W (HAIYAN) WARNING NR . . . → Read More: Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

စူပါတိုင်ဖွန်းမုန်တိုင်းနှင့် ကပ္ပလီပင်လယ်မှ လေဖိအားနည်းရပ်ဝန်း

တောင်တရုတ်ပင်လယ်မှ တစ်ဆင့် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဖျာပုံမြို့၏ တောင်-အနောက်တောင်ဘက် ၂၁ဝ မိုင်ခန့်၊ ထားဝယ်မြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ဗဟိုလေတိုက်နှုန်း 25 knots(28.76 mph) ရှိကာ ဖိအား 1004 hPa သို့ ကျဆင်းလာကြောင်း နောက်ဆုံးရရှိသည့် အချက်အလက်များအရ သိရပါသည်။(ပုံ-၁)

30W သည် အနောက်-အနောက်တောင်ဘက်(Heading 261 degrees) သို့ တစ်နာရီ ၁၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး GFS ကွန်ပျူတာမော်ဒယ်မှ မူလ ခန့်မှန်းချက်အတိုင်း အန်ဒါမန်ကျွန်းမြောက်ပိုင်းအား ယနေ့ ညနေပိုင်းတွင် ဖြတ်ကျော်၍ ဘင်္ဂလားပင်လယ်အော်သို့ . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်းနှင့် ကပ္ပလီပင်လယ်မှ လေဖိအားနည်းရပ်ဝန်း

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ – ၃၁၅ ကီလိုမီတာမှ Peak wind gust ၃၈ဝ ကီလိုမီတာအထိ လေပြင်းတိုက်ခတ်မှုများဖြင့် အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN(31W) သည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား ယနေ့နံနက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းလမ်းကြောင်းတွင် လူဦးရေ ၂၅ သန်းခန့် နေထိုင်လျှက်ရှိကြပြီး၊ ကျွန်းစုများရှိသော မြေမျက်နှာပြင်အနေအထားကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရပါသည်။

အဆင့်-၅(CAT-5)စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN သည် ကုန်းတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ဘူးသည့် မုန်တိုင်းများအနက် ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါသည်။

With sustained winds of 315 kph (195 mph) and gusts as strong . . . → Read More: ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှ ကမ္ဘာ့အားအပြင်းဆုံး စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း HAIYAN သည် နိုဝင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ JTWC မှ သတိပေးထုတ်ပြန်ချက် warning-16 နှင့် TSR ထုတ်ပြန်ချက်များအရ အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီး အနီးဆုံး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ကမ်းခြေ၏ အရှေ့ဘက် မိုင် ၅ဝဝ ခန့်အကွာပင်လယ်ပြင်အား ဗဟိုပြုလျှက်ရှိပြီး အနောက်မြောက်ဘက်သို့ ၁၆ နော်တီကယ်မိုင်နှုန်းဖြင့် Heading 285 degrees သို့ ရွေ့လျားလျှက်ရှိပါသည်။

နောက်ဆုံးရရှိသည့် အချက်အလက်များ … 07/00Z (SUPER TYPHOON 31W (HAIYAN) WARNING NR 016- 150 knots) TYPHOON 31W . . . → Read More: အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 30W မြန်မာ့ပင်လယ်ပြင်သို့ ဆက်လက်ဝင်ရောက်လာတော့မည် မဟုတ်

နိုဝင်ဘာလ ၆ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် JTWC မှ နောက်ဆုံး ရရှိသည့် အချက်အလက်များအရ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 30W(THIRTY)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဗီယက်နန်နိုင်ငံ Nha Trang မြို့ အရှေ့ဘက် မိုင် ၁၄ဝ ခန့်၊ ဟိုချီမင်းစီးတီး၏ အရှေ့-အရှေ့မြောက်ဘက် ၃၂၅ မိုင်ခန့် တောင်တရုတ်ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပါသည်။

မြန်မာ့ပင်လယ်ပြင်အတွက် သတင်းကောင်း …. JTWC warning 12 မှ ကြိုတင်ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်းသည် ဖိလစ်ပိုင်ပင်လယ်ပြင်တောင်ပိုင်းမှ တိုင်ဖွန်းမုန်တိုင်း HAIYAN(31W) ၏ အရှိန်ဖြင့် အနောက်ဘက်သို့ လျှင်မြန်စွာ ရွေ့လျားလျှက်ရှိပြီး ယနေ့ နံနက်ပိုင်းမှာပင် ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်ကာ ထိုင်းပင်လယ်ကွေ့သို့ ဦးတည် . . . → Read More: တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 30W မြန်မာ့ပင်လယ်ပြင်သို့ ဆက်လက်ဝင်ရောက်လာတော့မည် မဟုတ်

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ (မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး . . . → Read More: တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W