ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ . . . → Read More: ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ဟိုင်နန်ကျွန်းကို အခု ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း NALGAE(22W) ရဲ့ မုန်တိုင်းဗဟိုဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့တောင်ဘက်စွန်းကမ်းရိုးတန်းက အနီးဆုံး ကမ်းခြေနဲ့ မိုင် ၄ဝ အကွာကိုရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းအစပိုင်းကတော့ Linshui မြို့အနီးက ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ WUZHISHAN, BAOTING နဲ့ SANYA မြို့များကြားမှ ဖြတ်ကျော်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူများအတွက် NALGAE ရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာဦးမဲ့ မိုးကြီးမှု ရေလွှမ်းမှုနဲ့ မြေပြိုမှုအန္တရာယ်တွကို ကြိုတင် တွက်ဆထားပြီး အန္တရာယ်ကင်းအောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ရေကြီးမှု/မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁၆၆ ဦးအထိရှိသွားပြီဖြစ်ကြောင်းလဲ သိရပါတယ်။

. . . → Read More: ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

အပူပိုင်းမုန်တိုင်း NALGAE ထိုင်ဝမ်ကျွန်းနှင့် ဗီယက်နန်အလယ်ပိုင်းသို့ ဦးတည်လျှက်ရှိ

အပူပိုင်းမုန်တိုင်းအဖြစ်သို့ အနည်းငယ်အားလျော့သွားတဲ့ NALGAE(22w) ဟာ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ ရရှိတဲ့ data aတွ အရ မကာအိုမြို့တောင်ဘက် မိုင် ၃၁ဝ ခန့်မှာ ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်း ခန့်နဲ့ ဆက်လက် ရွေ့လျားနေတာတွေ့ရပါတယ်။

NALGAE ရဲ့ မုန်တိုင်း ဗဟိုဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကမ်းရိုးတန်းကို Sanya မြို့ပေါ်က ဖြတ်ပြီး လာမဲ့ ၃၆ နာရီအတွင်း ဝင်ရောက်ကာ ချက်ချင်းပဲ တုံကင်ပင်လယ်ကွေ့ကို ပြန်လည်ဆင်းသက်မယ်လို့ ခန့်မှန်းထားပါတယ်၊ တုံကင်ပင်လယ်ပြင်မှ အနောက်ဘက်ကို ဆက်လက် ရွေ့လျားပြီး၊ လာမဲ့ ၇၂ နာရီ နောက်ပိုင်းမှာတော့ ဗီယက်နန်နိုင်ငံ အလယ်ပိုင်း၊ . . . → Read More: အပူပိုင်းမုန်တိုင်း NALGAE ထိုင်ဝမ်ကျွန်းနှင့် ဗီယက်နန်အလယ်ပိုင်းသို့ ဦးတည်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း NALGAE တောင်တရုတ်ပင်လယ်သို့ ဝင်လာပြီ

တိုင်ဖွန်းမုန်တိုင်း NALGAE က တော့ ဖိလစ်ပိုင်ကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာပါပြီ၊ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး အင်္ဂါနေ့ (၄-၁ဝ-၁၁) နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းလောက်မှာ ဟိုင်နန်ကျွန်းတောင်ဘက်က ကပ်ဖြတ်ကာ ဗီယက်နန် အလယ်ပိုင်းကမ်းခြေတစ်နေရာမှ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ Typhoon2000 မှ လောလောဆယ် ခန့်မှန်းထားပါတယ်၊ အောက်တိုဘာလ ၁ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ(ဖိလစ်ပိုင်စံတော်ချိန် 8PM) မှာ ရတဲ့ data အရ NALGAE ဟာ အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာပြီလို့ သိရပါတယ်။

22W NALGAE – 01 Oct 2011 1200Z Location: 16.1 . . . → Read More: တိုင်ဖွန်းမုန်တိုင်း NALGAE တောင်တရုတ်ပင်လယ်သို့ ဝင်လာပြီ

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဝင်လာဦးမည့် တိုင်ဖွန်းမုန်တိုင်း NALGAE

ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပေါ်မှာ အားပိုကောင်းလာနေတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE ဟာ အနောက်ဘက်ကို တစ်နာရီ ၂၄ ကီလိုမီတာ(တစ်နာရီကို ၁၅ မိုင်နှုန်းခန့်) နဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဆီကို ဦးတည်ပြီး ဆက်လက် ရွေ့လျားနေပါတယ်။

၃ဝ-၉-၁၁ နေ့(သောကြာနေ့) မြန်မာစံတော်ချိန် ၄ နာရီ ဖိလစ်ပိုင်မိုးလေဝသဌာနထုတ်ပြန်ချက်မှာ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီ ၁၅ဝ-၁၈၅ ကီလိုမီတာနှုန်း(93.20 mph – 114.95 mph) ရှိနေကြောင်း၊ လာမဲ့ စနေနေ့ ဖိလစ်ပိုင်စံတော်ချိန် မွန်းလွဲပိုင်းလောက်မှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း DIVILACAN မြို့နားမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်စဉ် လေပြင်းတိုက်ခတ်မှုဟာ တစ်နာရီကို ၁၈၅ ကီလိုမီတာ(တစ်နာရီ ၁၁၅ မိုင်နှုန်းခန့်) အထိ . . . → Read More: ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဝင်လာဦးမည့် တိုင်ဖွန်းမုန်တိုင်း NALGAE

ဖိလစ်ပိုင်မြောက်ပိုင်းသို့ ထပ်မံဦးတည်နေသည့် 22W(NALGAE)

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းသို့ မကြာမီဝင်ရောက်လာဦးမည့် မုန်တိုင်း 22W(NALGAE) သည် မနီလာမြို့တော် အနောက်မြောက်ယွန်းယွန်း မိုင် ၁ဝဝဝ ကျော်ခန့်တွင် ဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။ TSR မှ မုန်တိုင်း လမ်းကြာင်းပုံဖေါ်ထားမှုအရ မုန်တိုင်း NALGAE သည် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အောက်တိုဘာ – ၁ ရက်(၇၂ နာရီအတွင်း) ရောက်ရှိလာနိုင်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်တိုက်ခတ်ကာ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ဝင်ရောက်ဦးမည်ဖြစ်ကြောင်း သိရပါသည်။

22W NALGAE –28 Sep 2011 0000Z

Location: 19.1 136.6 Winds: 35 knots Central Pressure: 996 . . . → Read More: ဖိလစ်ပိုင်မြောက်ပိုင်းသို့ ထပ်မံဦးတည်နေသည့် 22W(NALGAE)