တောင်တရုတ်ပင်လယ်မှ TD-18W နှင့် ဖိလစ်ပိုင်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း 17W

တောင်တရုတ်ပင်လယ်၊ ဗီယက်နန်ကမ်းခြေအနီး ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 18W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဗီယက်နန်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ မြေက်ဘက်မှ စက်တင်ဘာလ ၁၈ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီတွင် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ ကြွင်းကျန်သော တိမ်တိုက်များသည် အနောက်ဘက်(ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တောင်ပိုင်းတို့သို့) ဆက်လက်ရွေ့လျားရောက်ရှိမည်ဟု ခန့်မှန်းပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြာမှုဦးစီးဌာန ထုတ်ပြန်ချက်မှ ကောက်နှုတ် ဖေါ်ပြချက် နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့  မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျုဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကယားပြည်နယ် တွင်နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချူန်းရွာခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ သံတွဲမြို့တွင် . . . → Read More: တောင်တရုတ်ပင်လယ်မှ TD-18W နှင့် ဖိလစ်ပိုင်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း 17W

စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT အိုကီနာဝါကျွန်းသို့ ဦးတည်

အားအလွန်ကောင်းသော စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(ဖိလစ်ပိုင်အမည် LAWIN) သည် ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် အရှေ့မြောက်ဘက်သို့ စတင်၍ ချိုးကွေ့ပြီး အိုကီနာဝါကျွန်းများဆီသို့ ဦးတည်ရွေ့လျားလျှက်ရှိနေပါသည်။

မုန်တိုင်း JELAWAT ၏ အဖျားပိုင်းသည့် ထိုင်ဝမ်ကျွန်းနှင့် အိုကီနာဝါကွန်း နောက်တောင်ဘက်ရှိ Miyako Jim ကျွန်းများကို စတင်၍ တိုက်ခတ်လျှက်ရှိနေပြီး မြို့တော် တိုင်ပေ၏ အရှေ့တောင်ဘက် မိုင် ၂၃၀ ကျော်၊ အိုကီနာဝါမြို့ အနောက်တောင်ဘက် မိုင် ၃၄၀ ကျော် တွင် ဗဟိုပြုလျှက် အိုကီနာဝါကျွန်းသို့ ဦးတည်ရွေ့လျားမည့် လမ်းကြောင်း ပြောင်းလဲမှု မရှိကြောင်း တွေ့ရပါသည်။

စူပါတိုင်ဖွန်းမုန်တိုင်းကြီး JELAWAT သည် အချင်း ၁၀၉၀ ကီလိုမီတာ(မိုင် ၆၇၀ ခန့်) ရှိသည့် အလွန်ကြီးမားသည့် အရွယ်အစားရှိပြီး ၄င်း၏ . . . → Read More: စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT အိုကီနာဝါကျွန်းသို့ ဦးတည်

CAT-5 စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် JELAWAT

စက်တင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း JELAWAT(18W-ဖိလစ်ပိုင် အမည်ဖြင့် LAWIN) သည် အဆင့်-၅ စူပါတိုင်မုန်တိုင်းကြီး ဖြစ်လာပြီးး၊ မနီလာမြို့တော် အရှေ့ဘက် မိုင် ၄၆၀ ခန့်၊ အိုကီနာဝါကျွန်း၏ တောင်ဘက်စူးစူး မိုင် ၇၂၀ ခန့် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပါသည်။

အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းကြီး JELAWAT သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိနေပြီး၊ မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ ၃၁၅ ကီလိုမီတာ(၁၇၀ နော်တီကယ်မိုင်နှုန်း) ရှိကာ၊ မုန်တိုင်းဒီလှိုင်းအမြင့် ၄၂ ပေရှိကြောင်း သိရပါသည်။ မုန်တိုင်း အရွယ်အစားမှာ အချင်း ၄၂၀ . . . → Read More: CAT-5 စူပါတိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာသည့် JELAWAT

အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာသည့် JELAWAT

စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၃၃၀ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း JELAWAT(18W) ဖိလစ်ပိုင်အမည် LAWIN သည် ပိုမိုအင်အားကောင်းလာပြီး အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ မုန်တိုင်းမျက်စေ့ ထင်ရှားစွာဖြစ်ပေါ်လာကြောင်း တွေ့ရပါသည်။

တိုင်ဖွန်းမုန်တိုင်း JELAWAT သည် မြောက်-အနောက်မြောက်ဘက်သို့ လမ်းကြောင်းရွေ့လျားပြောင်းလဲမှုကြောင်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခံရမည့် အန္တရာယ်မှ ကင်းလွတ်ပြီဟု ခန့်မှန်းနိုင်ပြီး ထိုင်ဝမ်ကျွန်းနှင့် မကြာသေးမီက စူပါတိုင်ဖွန်းမုန်တိုင်းကြီး SANBA ဝင်ရောက်တိုက်ခံခြင်းကို ခံခဲ့ရသည့် အိုကီနာဝါကျွန်းတို့အတွက် အန္တရာယ်ရှိလာသည့် အခြေအနေကို ရောက်ရှိလာကြောင်း တွေ့ရပါသည်။

18W JELAWAT 23 Sep 2012 0600Z Location: 12.1 128.7 Winds: 90 . . . → Read More: အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာသည့် JELAWAT

မုန်တိုင်း JELAWAT ၇၂ နာရီအတွင်း အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဘွယ်ရှိ

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်း JELAWAT သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ အရှေ့-အရှေ့တောင်ဘက် ၆၂၅ ခန့်ကွာဝေးသည့် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖြည်းညှင်းစွာ လက်ဝဲရစ်လည်ပတ်ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။

နောက်ဆုံးရရှိသည့် လမ်းကြောင်းခန့်မှန်းချက်များအရ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းနှင့်ထိုင်ဝမ်ကျွန်းကြားရှိ ဘာလင်တန်ရေလက်ကြား(Balintang Chanel)အား စက်တင်ဘာလ ၂၇ ရက်၊ မြန်မာစံတော်ချိန် ည ၁၈၃၀ နာရီ(1200UTC) တွင် ကျော်ဖြတ်ကာ တောင်တရုတ်ပင်လယ်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရပါသည်။ မုန်တိုင်း JELAWAT သည် ဘာလင်တန် ရေလက်ကြားအား မဖြတ်သန်းမီ လာမည့် ၇၂ နာရီအတွင်း(စက်တင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃၀ နာရီ မတိုင်မီ) အားအလွန်ကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်လာနိုင်ကြောင်း TSR . . . → Read More: မုန်တိုင်း JELAWAT ၇၂ နာရီအတွင်း အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဘွယ်ရှိ

အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာဦးမည့် JELAWAT

အပူပိုင်းမုန်တိုင်း JELAWAT(18W) ဖိလစ်ပိုင်အမည် LAWIN သည်၊ မနီလာမြို့တော် အရှေ့တောင်ဘက် ၆၄၅ မိုင်ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လက်ဝဲရစ်ရွေ့လျားကာ လာမည့် ၂၄ နာရီအတွင်း(စက်တင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ မှစတင်၍ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့လည်းကောင်း၊ လာမည့် ၄၈ နာရီအတွင်း အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ လည်းကောင်း၊ လာမည့် ၇၂ နာရီအတွင်း အဆင့်-၃ နှင့် လာမည့် ၉၆ နာရီအတွင်း အဆင့်-၄ အားအလွန်ကောင်းသည့် တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမည်ဟု TSR မှ ခန့်မှန်းထားပါသည်။

မုန်တိုင်း အရွယ်အစား အချင်းမိုင် ၄၄၅ ကီလိုမီတာ(၂၈၀ မိုင်ခန့်) ရှိနေပြီး မုန်တိုင်း . . . → Read More: အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာဦးမည့် JELAWAT

ဖိလစ်ပိုင်ပင်လယ်(ပစိဖိတ်အနောက်မြောက်ပိုင်း)တွင် ၁၈ လုံးမြောက် မုန်တိုင်း JELAWAT ဖြစ်ပေါ်လျှက်ရှိ

စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် အချက်အလက်များအရ စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဂူအမ်ကျွန်း အရှေ့ဘက်တွင်စတင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 92W သည် အနောက်ဘက်သို့ ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်၌ ၁၈ လုံး မြောက် အပူပိုင်းမုန်တိုင်းအဆင့်သို့ရောက်ရှိလာပြီ ဖြစ်ပါသည်။

အပူပိုင်းမုန်တိုင်း JELAWAT အား ဖိလစ်ပိုင်အမည် LAWIN ဟု ပေးထားပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အရှေ့-အရှေ့တောင်ဘက် မိုင် ၆၃၀ ခန့် ဖိလစ်ပိုင်ပင်လယ်တွင် ဗဟိုပြုလျှက် လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်-အနောက်တောင်ဘက်သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။

. . . → Read More: ဖိလစ်ပိုင်ပင်လယ်(ပစိဖိတ်အနောက်မြောက်ပိုင်း)တွင် ၁၈ လုံးမြောက် မုန်တိုင်း JELAWAT ဖြစ်ပေါ်လျှက်ရှိ

ပစိဖိတ်အနောက်မြောက်ပိုင်းမှ active system များ

လေဖိအားနည်းဆဲလ် 93W, 94W နှင့် လေဖိအားနည်းရပ်ဝန်း 18W(EIGHTEEN) တို့သည် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် ဗီယက်နန်နိုင်ငံတောင်ပိုင်းတို့တွင် ဖြစ်ပေါ်လျှက်ရှိပါသည် –

စက်တင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီက စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် 18W သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 18W(EIGHTEEN) အဖြစ်သို့ ရောက်ရှိလာကာ ထိုင်ဝမ်ကျွန်း – တိုင်ပေမြို့တော်၏ အရှေ့တောင်ဘက် မိုင် ၉၃ဝ ခန့်တွင် ဗဟိုပြုနေပြီး အနောက်ဘက်သို့ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့်ရွေ့လျားခဲ့ပါသည်။ NRL data အရ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁ မိုင်ကျော်ကျော်နှုန်းခန့်ဖြင့် အလွန်ဖြည်းညင်းစွာ ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ဗီယက်နန်ကမ်းခြေတွင် စက်တင်ဘာလ . . . → Read More: ပစိဖိတ်အနောက်မြောက်ပိုင်းမှ active system များ