ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST 98B သည် ဆက်လက် တည်ရှိနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် INVEST 98B ၏ လက်ရှိအခြေအနေအရ ပိုမိုအားကောင်းလာခြင်းမရှိကြောင်း တွေ့ရပြီး ကွန်ပျူတာမော်ဒယ်များမှ ကြိုတင်ခန့်မှန်းချက်များအရလည်း စက်တင်ဘာလ ၁၉ ရက်နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီး ချဉ်းကပ်ရောက်ရှိကာ အားပျော့သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေအား ယမန်နေ့ညပိုင်းက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W) သည် အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ်ဆက်လက်ရွေ့လျားဝင်ရောက်လျှက်ရှိပြီး ယနေ့ည သန်းခေါင်ယံနောက်ပိုင်း၌ တရုတ်ပြည် ယူနန်ပြည်နယ်တောင်ပိုင်းသို့ လေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ (မူလ . . . → Read More: ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှ INVEST 98B ဆက်လက်တည်ရှိနေဆဲ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

အမေရိကန် Naval Research Laboratary(NRL)၏ Marine Meteorology Division မှ ရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၆ ရက် နံနက် ဝ၆း၃ဝ နာရီမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်၊ ပုသိမ်မြို့ အနောက်ဘက် ၅၁ဝ မိုင်ခန့်၊အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် – ချင်နိုင်း(Chennai)မြို့ အရှေ့မြောက်ဘက် ၄၁ဝ မိုင်ခန့်၌ လေဖိအားနည်းဆဲလ်(INVEST – 98B)စတင် ဖြစ်ပေါ်လျှက်ရှိပါသည်။(ပုံ-၁)

INVEST 98B သည် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ အရှေ့မြောက်ဘက်သို့ မိုင်အနည်းငယ်မျှ ရွေ့လျားပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့ရွေ့လျားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက် . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီ ဖြစ်သော တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ ယနေ့(စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နောက်ဆုံး ရရှိသည့် အချက်အလက်များအရ မုန်တိုင်း လမ်းကြောင်း တောင်ဘက်သို့ ၄၅ မိုင်ခန့် ကျလာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ (ပုံ-၁)

တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် တရုတ်ပြည်မ တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ မူလခန့်မှန်းထားသည့်(အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေ) လောက် အားကောင်းတော့မည်မဟုတ်ကြောင်း၊ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်အဆင့်ဖြင့်သာ စက်တင်ဘာလ ၁၆ ရက် အစောပိုင်းတွင် ဟိုင်နန်ကျွန်းမြောက်ပိုင် ကမ်းခြေအား လည်းကောင်း၊ တုံကင်ပင်လယ်ကွေ့အားဆက်လက် ဖြတ်သန်းပြီးနောက် စက်တင်ဘာလ ၁၆ ရက် ည ပိုင်းတွင် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအား Hanoi . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသော တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)သည် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ် အနောက်မြောက်ဘက် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ယနေ့(စက်တင်ဘာလ ၁၄ ရက် ညနေပိုင်း)တွင် ပိုမိုအားကောင်းလာပြီး အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိကာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား တနင်္လာနေ့(စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်း)အထိ ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဝင်ရောက်လာမည် ဖြစ်ပါသည်။

TY Kalmaegi (Luis) is expected to continue moving west-northwest as it accelerates throughout the outlook period. On the forecast track, TY Kalmaegi (Luis) will . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI(15W)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် 15W

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း 15W(FIFTEEN)သည် ယနေ့ညနေပိုင်းမှ စတင်၍ အားကောင်းလာပြီး အပူပိုင်းမုန်တိုင်းအဆင့်သို့ရောက်ရှိကာ အနောက်-အနောက်မြောက်ဘက်(ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ဦးတည်၍)ဆက်လက်ရွေ့လျားမည်ဖြစ်ပါသည်။ မုန်တိုင်းအဆင့်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီး စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်သို့ ဆက်လက် ဝင်ရောက်လာမည်ဖြစ်ပါသည်။(ပုံ-၁)

တောင်တရုတ်ပင်လယ်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှ စတင်ကာ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်(ဟောင်ကောင်/မကာအို)သို့ ဦးတည်ရွေ့လျားမည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများမှ ခန့်မှန်းထားပါသည်။(ပုံ-၂)

စက်တင်ဘာလ ၁၇ ရက် နောက်ပိုင်းတွင် မုန်တိုင်း တရုတ်ပြည်မ၊ တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ပြီး၊ . . . → Read More: ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် 15W

တိုင်ဖွန်းမုန်တိုင်း ၂ ခု ကြားမှ ထိုင်ဝမ်ကျွန်း

ထိုင်ဝမ်ကျွန်းတောင်ပိုင်းအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိကာ “ဂငယ်ကွေ့” ပြန်ကွေ့လာသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(ဖိလစ်ပိုင်အမည် IGME)နှင့် အိုကီနာဝါကျွန်းအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်လျှက်ရှိသည့် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး BOLAVEN(ဖိလစ်ပိုင်အမည် JULIAN)တို့ ကြားမှ ထိုင်ဝမ်ကျွန်းသည် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း TEMBIN မှ ဒုတိယအကြိမ် ဝင်ရောက်တိုက်ခတ်ခြင်း ခံရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရပြီ ဖြစ်ပါသည်။

TYPHOON 2000 ASIA PACIFIC STORMLIST မှ ဖိလစ်ပိုင်စံတော်ချိန် ညနေ ၅ နာရီက ထုတ်ပြန်ခဲ့သည့် သတိပေးချက်များကို အောက်တွင် ဖေါ်ပြထားပါသည် ….တိုင်ဖွန်းမုန်တိုင်း BOLAVEN (JULIAN) အတွက် 5:00 PM PhT Sun August . . . → Read More: တိုင်ဖွန်းမုန်တိုင်း ၂ ခု ကြားမှ ထိုင်ဝမ်ကျွန်း

တိုင်ဖွန်းညီနောင် – TEMBIN နှင့် BOLAVEN

15W TEMBIN သြဂုတ်လ ၂၄ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ ထိုင်ဝမ်ကျွန်းတောင်ပိုင်းအား ဖြတ်ကျော်တိုင်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိနေသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) သည် ထိုင်ဝမ်ကျွန်းတောင်ပိုင်း၊ Kaohsiung ပြည်နယ်၊ SANMIN မြို့၏ အနောက်ဘက် ၄၇ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၄ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိပါသည်။15W TEMBIN 24 Aug 2012 1200Z Location: 22.6 119.6 Winds: 75 knots (Category 1) Central Pressure: 967 hPa

. . . → Read More: တိုင်ဖွန်းညီနောင် – TEMBIN နှင့် BOLAVEN

တိုင်ဖွန်းမုန်တိုင်း TEMBIN ထိုင်ဝမ်ကျွန်းတောင်ပိုင်းအား စတင်ဝင်ရောက်

အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ အားလျော့သွားသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN သည် ယနေ့ သြဂုတ်လ မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ ပြန်လည်အားကောင်းလာပြီး အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ပြန်လည်ရောက်ရှိကာ မုန်တိုင်း အဖျားပိုင်းများက ထိုင်ဝမ်ကျွန်းတောင်ပိုင်းကို ကြာသပတေးနေ့အစောပိုင်းမှာပင် စတင်၍ ဖြတ်ကျော်ဝင်ရောက်လျှက်ရှိပါသည်။

ယနေ့ သြဂုတ်လ ၂၃ ရက်တွင် မုန်တိုင်း ဗဟိုသည် ထိုင်ဝမ်ကျွန်းမြို့တော် တိုင်ပေ၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၉၀ ခန့်ကွာဝေးသည့် ဖိလစ်ပိုင်ပင်လယ်ပြင် မြောက်ပိုင်းအား ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားကာ ၁၂ နာရီနောက်ပိုင်း ကြာသပတေးနေ့ ညသန်းခေါင်ကျော်တွင် ထိုင်ဝမ်ကျွန်း အရှေ့တောင်ဘက် ကမ်းခြေ . . . → Read More: တိုင်ဖွန်းမုန်တိုင်း TEMBIN ထိုင်ဝမ်ကျွန်းတောင်ပိုင်းအား စတင်ဝင်ရောက်

ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ

သြဂုတ်လ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) ဖိလစ်ပိုင်အမည် IGME သည် အလွန်အားကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။

အရွယ်အစားအားဖြင့် ကြီးမားခြင်း မရှိသော်လည်း အချင်း ၆၆၅ ကီလိုမီတာ(၃၆၀ နော်တီကယ်မိုင်) ရှိနေကာ၊ မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ ၁၃၅ မိုင်မှ မိုင် ၁၆၀ အထိ ရှိနေကြောင်း၊ မုန်တိုင်းဒီလှိုင်းအမြင့် ၂၈ ပေ ရှိကြောင်း၊ မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားလျှက်ရှိကြောင်း သိရပါသည်။

15W TEMBIN . . . → Read More: ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း မှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေ 19AUG

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များတွင် ဖြစ်ပေါ်သည့် မုန်တိုင်း အရေအတွက် ၁၅ လုံး အထိရှိသွားပြီဖြစ်ပြီး ၄င်း မုန်တိုင်းများအနက် အနောက်ဘက် ဗီယက်နန်နိုင်ငံ ကမ်းရိုးတန်းနှင့် တရုတ်ပြည် တောင်ပိုင်း ကမ်းခြေများဆီသို့ ဦးတည်ဝင်ရောက်သည့် မုန်တိုင်းများ၏ အကြွင်းအကျန်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေများကို လေ့လာစောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ တင်ပြပေးနေသည့်အပြင် ကုန်းတွင်းသို့ ဝင်ရောက်သွားသည့် မုန်တိုင်း အကြွင်းအကျန်များ၏ ရွေ့လျားမှု အခြေအနေများကိုလည်း စောင့်ကြည့်လေ့လာကာ ဆက်လက်တင်ပြပေးလျှက်ရှိပါသည်။

အပူပိုင်းမုန်တိုင်း TEMBIN(15W) ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ် 96W မှ . . . → Read More: ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း မှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေ 19AUG