ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းနှင့် ပစိဖိတ်အနောက်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း 12W နှင့် 13W တို့ ဖြစ်ပေါ်လျှက်ရှိ

သြဂုတ်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ဖိလစ်ပိုင်ပင်လယ်ပြင် မြောက်ပိုင်း ထိုင်ဝမ်ကျွန်းအနီး၌ စတင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းဆဲလ် INVEST 98W သည် ယနေ့ (သြဂုတ်လ ၁၇ ရက်) နံနက်ပိုင်းတွင် ရရှိသော အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်း 12W ဖြစ်သို့ရောက်ရှိလာပြီး ၂၄ နာရီအတွင်း(သြဂုတ်လ ၁၈ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမတိုင်မီ) မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာကာ ပုံပါလမ်းကြောင်းအတိုင်း ထိုင်ဝမ်ကျွန်းမြောက်ပိုင်းမှ ဖြတ်သန်းပြီး အရှေ့တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိစဉ် အဆင့်-၁(CAT-1) မုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

တစ်ချိန်တည်းတွင် လေဖိအားနည်းဆဲလ် အဖြစ် စတင်ဖြစ်ပေါ်ခဲ့သော INVEST 99W သည်လည်း လေဖိအားနည်းရပ်ဝန်း 13W အဖြစ်သို့ ရောက်ရှိလာပြီး ထိုင်ဝမ်ကျွန်းတောင်ဘက်၌ . . . → Read More: ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းနှင့် ပစိဖိတ်အနောက်မြောက်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း 12W နှင့် 13W တို့ ဖြစ်ပေါ်လျှက်ရှိ