အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

ဒီနေ့ နေ့လည်ပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လေဖိအားနည်းရပ်ဝန်း အနောက်ဘက်(အိန္ဒိယနိုင်ငံ ကုန်းတွင်းဘက်ကို တဖြည်းဖြည်း ရွေ့ပြီး ကျနော်တို့ ပင်လယ်ပြင်မှာ တဖြည်းဖြည်း ငြိမ်လာပါတော့မယ်လို့ GFS ကွန်ပျူတာမော်ဒယ် ကြိုတင် ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

မနက်ဖန် ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာတော့ အဲဒီ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းကို အတော်လေး ဝင်သွားပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ကုန်းပေါ်မှာဘဲ ဆက်ပြီး တည်ရှိနေဦးမယ်လို့ တွေ့ရပါတယ်(ပုံ-၁)၊ တစ်ချိန်တည်းမှာ ထိုင်ဝမ်ကျွန်းနားကို ရောက်လာတဲ့ မုန်တိုင်း MATMO(10W) ကလဲ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်ကို ရောက်လာပါမယ်၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်အဖျား(တိုင်ပေမြို့အနီးမှ)ကပ်လျှက် ဖြတ်ကျော်တိုက်ခတ်ပြီး တရုတ်ပြည်မ . . . → Read More: အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာဘွယ်ရှိ

မုန်တိုင်း MANGKHUT(10W) သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဆင့်မှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့  လျော့ကျသွားပြီဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်(Heading 280˚) ဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ရွေ့လျားလျှက်ရှိပါသည်။

သြဂုတ်လ ၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် လာအိုနိုင်ငံ မြောက်ပိုင်းမှတစ်ဆင့် မြန်မာ-လာအို နယ်စပ် မိုင်းယောင်းမြို့ အရှေ့ဘက် ၇၅ မိုင်ခန့်သို့ လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ဆက်လက်ရွေ့လျားလာမည် ဖြစ်သဖြင့် ယနေ့ ညနေပိုင်း၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံ ၇ နာရီအချိန် ထုတ်ပြန်ချက်အား အောက်တွင် ကောက်နှုတ်တင်ပြထားပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံအပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် . . . → Read More: MANGKHUT လေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် မြန်မာ-လာအို နယ်စပ်အနီးထိအောင်ရောက်လာဘွယ်ရှိ

မုန်တိုင်း MANGKHUT – 10W တုံကင်ပင်လယ်ကွေ့အတွင်းရောက်ရှိ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း MANGKHUT(10W) သည် သြဂုတ်လ ၇ ရက် နေ့လည်ပိုင်းတွင် ရရှိသည့် အချက်အလက်များအရ ဟိုင်နန်ကျွန်း အနောက်တောင်ဘက်အနီးမှ ကပ်၍ တုံကင်ပင်လယ်ကွေ့အတွင်း ဝင်ရောက်ပြီးဖြစ်ပါသည်။ နောက်ဆုံးရရှိသည့် တည်နေရာမှာ ဗီယက်နန်နိုင်ငံ Ninn Binh ပြည်နယ်၊ Ninn Binh မြို့နှင့် Nam Dinh ပြည်နယ် Nam Dinh အရှေ့တောင်ဘက် မိုင် ၁၃ဝ ခန့်၊ ဟနွိုင်မြို့ အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့် အကွာ တုံကင်ပင်လယ်ကွေ့ ပင်လယ်ပြင်၌ တည်ရှိနေပြီး အနောက်မြောက်ဘက် (Heading 310˚ ဖြင့်)သို့ တစ်နာရီ ၁၈ မိုင်နှုန်းခန့် ဖြင့် ရွေ့လျားလျှက်ရှိပါသည်။(ပုံ-၁)

TS 10W MANGKHUT 07 . . . → Read More: မုန်တိုင်း MANGKHUT – 10W တုံကင်ပင်လယ်ကွေ့အတွင်းရောက်ရှိ

မုန်တိုင်းငယ် MANGKHUT-10W ဗီယက်နန်ကမ်းခြေအား ယနေ့ညဝင်ရောက်မည်ခန့်မှန်း

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း TEN(10W) သည် မူလ လေဖိအားနည်းဆဲလ် INVEST 94W မှ စတင်၍ ဖြစ်ပေါ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းအားဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များအား ကိုးကား၍ တင်ပြခဲ့ပြီး ဖြစ်ပါသည်။

သြဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်း TEN သည် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီး အပြည်ပြည်ဆိုင်ရာအမည် MANKHUT ဟု ပေးထားပြီ ဖြစ်ပါသည်။ မုန်တိုင်း MANKHUT(10W) သည် ယနေ့ မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် အင်အား အကောင်းဆုံး(တစ်နာရီ ၄ဝ နော်တီကယ်မိုင်)အထိ ရှိလာပြီးနောက် တုံကင်ပင်လယ်ကွေ့အတွင်း အနောက်မြောက်ဘက်သို့(Heading 310˚ ဖြင့်) ရွေ့လျားပြီးနောက် ညပိုင်းတွင် ဗီယက်နန်ကမ်းခြေအား . . . → Read More: မုန်တိုင်းငယ် MANGKHUT-10W ဗီယက်နန်ကမ်းခြေအား ယနေ့ညဝင်ရောက်မည်ခန့်မှန်း

တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းဆဲလ် INVEST 94W သည် သြဂုတ်လ ၆ ရက် နံနက်ပိုင်းတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာအမည် 10W(TEN) ဟု ပေးထားပြီ ဖြစ်ပါသည်။ လေဖိအားနည်းရပ်ဝန်း – 10W(TEN) အား ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဌာနမှ KIKO ဟု အမည်ပေးထားပါသည်။

လေဖိအားနည်းရပ်ဝန်း TEN သည် ဗီယက်နန်နိုင်ငံ အရှေ့တောင်ဘက် မိုင် ၃၂ဝ ခန့်၊ ဟောင်ကောင်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ဟိုင်နန်ကျွန်းတောင်ဘက် မိုင် ၃၆ဝ ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး အနောက်မြောက်ဘက် (Heading 288 degrees) သို့ တစ်နာရီလျှင် ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

JTWC . . . → Read More: တောင်တရုတ်ပင်လယ်မှ INVEST-94W အား လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သတ်မှတ်

အိုကီနာဝါကျွန်းကို ကျော်ဖြတ်ပြီး Zhejiang ပြည်နယ်သို့ ဦးတည်နေသည့် တိုင်ဖွန်းမုန်တိုင်း HAIKUI

အရှေ့ဖိလစ်ပိုင်ပင်လယ်မှ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါ ကျွန်းကို ကျော်ဖြတ်ပြီး တရုတ်ပြည်- အရှေ့တောင်ဘက်ကမ်းခြေ၊ Zhejiang ပြည်နယ်သို့ ဦးတည် ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်း HAIKUI သည် လာမည့် ၂၄ နာရီအတွင်း Zhejiang ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ အဆင့်-၁ တိုင်ဖွန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

မုန်တိုင်း HAIKUI ၏ အရွယ်အစားမှာ အချင်း ၈၇၀ ကီလိုမီတာ(၄၇၀ နော်တီကယ်မိုင်) ရှိသည့် ကြီးမားသော အရွယ်အစားဖြစ်ပါသည်။ လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်မှ ၈၀ မိုင် နှုန်းရှိနေပြီး၊ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့် ကုန်းတွင်းသို့ ဝင်ရောက်သည့်အခါ ပိုမိုအားကောင်းသည့်လေပြင်းများ တိုက်ခတ်ခံရနိုင်ကြောင်း၊ . . . → Read More: အိုကီနာဝါကျွန်းကို ကျော်ဖြတ်ပြီး Zhejiang ပြည်နယ်သို့ ဦးတည်နေသည့် တိုင်ဖွန်းမုန်တိုင်း HAIKUI

တိုင်ဖွန်းမုန်တိုင်း SAOLA အကြွင်းအကျန်တိမ်တိုက်များနှင့် မိုးရွာသွန်းနိုင်မည့် အခြေအနေ

တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များသည် တရုတ်ပြည်မကြီး အနောက်တောင်ကမ်းရိုးတန်းအတိုင်း အနောက်ဘက်သို့ ရွေ့လျားလျှက်ရှိနေပြီး ဟောင်ကောင်/မကာအိုတို့ အပေါ်မှ ဖြတ်ကျော်ကာ ဟိုင်နန်ကျွန်း မြောက်ဘက်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအတွက် လာမည့် ၇၂ နာရီ(သြဂုတ်လ ၇ ရက် – မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီအထိ) မိုးရွာသွန်းနိုင်မည့် အခြေအနေခန့်မှန်းချက်ပုံနှင့် တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိကာ တရုတ်ပြည် တောင်ဘက်ကမ်းရိုးတန်းအား ထပ်မံဝင်ရောက်ဦးမည့် မုန်တိုင်း HAIKUI(12W) အခြေအနေအား အောက်တွင် တင်ပြထားပါသည်။

  သြဂုတ်လ ၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် တွေ့မြင်ရသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားမှု အခြေအနေ(အောက်ပုံ)   လာမည့် တနင်္လာနေ့(သြဂုတ်လ . . . → Read More: တိုင်ဖွန်းမုန်တိုင်း SAOLA အကြွင်းအကျန်တိမ်တိုက်များနှင့် မိုးရွာသွန်းနိုင်မည့် အခြေအနေ

ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေများ

တိုင်ဖွန်းမုန်တိုင်း SAOLA(10W) နှင့် တိုင်ဖွန်းမုန်တိုင်း DAMREY(11W)

သြဂုတ်လ ၃ ရက်၊ မြန်မာစံတော်ချိန် ၀၀၃၀ နာရီတွင်၊ တရုတ်ပြည်မကြီး အရှေ့တောင်ဘက်ကမ်းရိုးတန်းအား FUJIAN ပြည်နယ် NINGDE မြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း SAOLA ၊ JIANSU ပြည်နယ်နှင့် SHANGDONG ပြည်နယ် နယ်စပ် GANYU မြို့ အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သည့် တိုင်ဖွန်း မုန်တိုင်း DAMREY တို့၏မုန်တိုင်း အကြွင်းအကျန်များသည် ပုံ(၁)တွင် ဖေါ်ပြထားသည့်အတိုင်းအတိုင်း ရွေ့လျားလျှက်ရှိကြောင်း တွေ့ရပါသည်။

  ပုံ(၁) CAT-3 တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဦးမည့် TWELVE(12W)

သြဂုတ်လ ၃ ရက်၊ မြန်မာစံတော်ချိန် ၀၀၃၀ နာရီတွင် . . . → Read More: ပစိဖိတ်အနောက်ပိုင်းမှ မုန်တိုင်း ဖြစ်ပေါ်မှု အခြေအနေများ

ထိုင်ဝမ်ကျွန်းမြောက်ပိုင်းမှ ကပ်၍ ဖြတ်သန်းပြီး တရုတ်ပြည် အရှေ့တောင်ဘက် ကမ်းခြေအား ဝင်ရောက်တိုက်ခတ်မည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SAOLA

တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနေပြီး၊ ထိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၆၀ ခန့်အကွာ အရှေ့တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက် အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၁ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။

တိုင်ဖွန်းမုန်တိုင်း SAOLA သည် ထိုင်ဝမ်ကျွန်းမြောက်ပိုင်းမှ ကပ်၍ ဖြတ်သန်းကာ မြို့တော်တိုင်ပေအပါအဝင် ထိုင်ဝမ်းကျွန်း တစ်ခုလုံးနီးပါးကို တိုက်ခတ်ပြီးနောက် ၂၄ နာရီနောက်ပိုင်း (သြဂုတ်လ ၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၇ နာရီခန့်တွင်) တရုတ်ပြည်မကြီး အရှေ့တောင်ဘက်ကမ်းခြေ၊ FUJIAN နှင့် ZHEJIANG ပြည်နယ် နယ်စပ်မြို့များ ဖြစ်သည့် CANGNAN နှင့် FUDING မြို့ ၂မြို့ ကြားမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းလေပြင်း . . . → Read More: ထိုင်ဝမ်ကျွန်းမြောက်ပိုင်းမှ ကပ်၍ ဖြတ်သန်းပြီး တရုတ်ပြည် အရှေ့တောင်ဘက် ကမ်းခြေအား ဝင်ရောက်တိုက်ခတ်မည့် အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SAOLA

တိုင်ဖွန်းမုန်တိုင်း SAOLA နှင့် DAMREY ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီး အရှေ့တောင်ဘက် ဒေသများသို့ ဝင်ရောက်တိုက်ခတ်မည်

သြဂုတ်လ (၁)ရက်အားကောင်းသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SAOLA(10W) သည် ထိုင်ဝမ်ကျွန်း တိုင်ပေမြို့ အရှေ့တောင်ဘက် မိုင် ၁၉၀ ခန့် ပင်လယ်ပြင်တွင်ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်ဝမ်ကျွန်း၏ အရှေ့မြောက်ဘက် ကမ်းခြေအား စတင်တိုက်ခတ်လျှက်ရှိပါသည်။

မုန်တိုင်း အရွယ်အစားမှာ အလွန်ကြီးမားလာပြီး အချင်း ကီလိုမီတာ ၁၄၈၀(၈၀၀ နော်တီကယ်မိုင်) အထိရှိလာသဖြင့် ထိုင်ဝမ်ကျွန်း တစ်ခုလုံး မုန်တိုင်း အန္တရာယ်ခံရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မုန်တိုင်းဗဟို၌ လေပြင်းတိုက်ခတ်မှု တစ်နာရီ ၉၅ မိုင်နှုန်းမှ ၁၂၀ မိုင်နှုန်းအထိ ရှိပြီး၊ မုန်တိုင်းသည် လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။

မုန်တိုင်းဗဟိုသည် ထိုင်ဝမ်ကျွန်း အရှေ့မြောက်ဖျား မိုင် . . . → Read More: တိုင်ဖွန်းမုန်တိုင်း SAOLA နှင့် DAMREY ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီး အရှေ့တောင်ဘက် ဒေသများသို့ ဝင်ရောက်တိုက်ခတ်မည်