မုန်တိုင်း LEHAR-05B ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိလာပြီး ပိုမိုအားကောင်းလာမည်

နိုဝင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ရရှိသည့် JTWC warning-8 တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိလာသည့် အပူပိုင်းမုန်တိုင်း LEHAR(05B)သည်အနောက်-အနောက်မြောက်ဘက်(Heading 300 degrees သို့ 18 km/h နှုန်းဖြင့် ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ 113 km/h to 137 km/h (70.21 mph to 85.12 mph) အထိရှိကာ လှိုင်းအမြင့် ၁၇ ပေ ရှိကြောင်း၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် မိုင် ၁၇ဝခန့်၊ အိန္ဒိယနိုင်ငံ ချင်နိုင်း(CHENNAI)မြို့ အရှေ့ဘက် ၇၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိနေကြောင်း သိရပါသည်။

WUND Movement:   . . . → Read More: မုန်တိုင်း LEHAR-05B ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိလာပြီး ပိုမိုအားကောင်းလာမည်

အဆင့်-၃ ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်မည့် 05B

နိုဝင်ဘာလ ၂၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် JTWC warning-01 ထုတ်ပြန်ချက်အရ INVEST-92W သည် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၏ ပဉ္စမမြောက် မုန်တိုင်း(လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်း – Tropical Depression) ဖြစ်လာကြောင်း တွေ့ရပါသည်။ 05B သည် ယနေ့ည သန်းခေါင်ကျော်တွင် ကပ္ပလီပင်လယ်ပြင်၌ အပူပိုင်းမုန်တိုင်းအဆင့်(35 knots t 45 knots) အဖြစ်သို့ ရောက်ရှိပြီး အနောက်မြောက်ဘက်(အန်ဒါမန်ကျွန်းဘက်သို့) ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းအား နိုဝင်ဘာလ ၂၄ ရက် ည ပိုင်းတွင် စတင်ကျော်ဖြတ်ကာ ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်မည် ဖြစ်ပါသည်။

နိုဝင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ နောက်ပိုင်းတွင် အဆင့်-၁(CAT-1)ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် . . . → Read More: အဆင့်-၃ ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်မည့် 05B

အရှိန်မသေနိုင်သေးတဲ့ JAL – ပင်လယ် ၅ ခုဖြတ်ကျော်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ကုန်းတွင်းထပ်မံဝင်ရောက်

ကျနော်တို့ မြန်မာနိုင်ငံအတွက်ရော အိမ်နီးချင်းနိုင်ငံတွေ အတွက်ပါ ဒီနှစ် ၂ဝ၁ဝ ခုနှစ် မုန်တိုင်းရာသီဟာ ကုန်ဆုံးပြီလို့ ပြောနိုင်ပေမဲ့ ပြီးခဲ့တဲ့ Post မှာ သုံးသပ်တင်ပြထားသလိုပဲ ဆက်ပြီးတော့ စောင့်ကြည့်နေရဦးမှာပါ။ MMW မှ ပြီးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း JAL(99W, 05B) ရဲ့ အခြေအနေကို စတင်ဖြစ်ပေါ်ချိန်မှ ပြီးဆုံးချိန်အထိ စောင့်ကြည့်လေ့လာခဲ့တဲ့ အခြေအနေအသေးစိတ်ကို စုဆောင်းရရှိသရွေ့ အချက်အလက်များအပေါ် အခြေခံပြီး လေ့လာကြည့်တဲ့အခါမှာ  ဒီမုန်တိုင်းဟာ ထူးထူးခြားခြား ပင်လယ် ၅ ခုကို မိုင်ပေါင်း ၄ဝဝဝ ကျော်ဖြတ်သန်း ခရီးနှင်ခဲ့ပြီး ဖြစ်ပေါ်ခဲ့တဲ့အတွက် ကျနော်တို့ မိုးလေဝသပညာရှင် မဟုတ်သူ အိုင်တီ ဝါသနာရှင်များအတွက်တော့ တကယ်ကို အံ့သြစရာ ဖြစ်ပါတယ်။

လေဖိအားနည်းရပ်ဝန်းက စ ပြီး မုန်တိုင်းဖြစ်လာတဲ့ . . . → Read More: အရှိန်မသေနိုင်သေးတဲ့ JAL – ပင်လယ် ၅ ခုဖြတ်ကျော်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ကုန်းတွင်းထပ်မံဝင်ရောက်

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းငယ် JAL (05B) အိန္ဒိယနိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းသို့ ဦးတည်နေ

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိခဲ့သည့် လေဖိအားနည်းရပ်ဝန်း 99W သည် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းငယ် JAL (05B) အဖြစ်သို့ ရောက်ရှိလာအိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးပြည်နယ် ချင်နိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၃ဝ ခန့်အကွာ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်တောင်ဘက် မိုင် ၅၆ဝ ခန့် အကွာသို့ ရောက်ရှိ ဗဟိုပြုလျှက်ရှိပါသည်။ မုန်တိုင်း JAL သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ အဆင့်-၂ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း JTWC, TSR data များအရ သိရှိရပါသည်။

လက်ရှိအခြေအနေအရ မုန်တိုင်း JAL သည် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ် ပြည်နယ် ကမ်းရိုးတန်းသို့သာလျှင် ဦးတည်တိုက်ခတ်လျှက်ရှိပြီး . . . → Read More: အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းငယ် JAL (05B) အိန္ဒိယနိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းသို့ ဦးတည်နေ