အောက်ပိုင်းမှ ပြဿနာရှာခြင်း

ပြီးခဲ့တဲ့ ၁၅-၁-၂ဝ၁၁ စနေနေ့က မိတ်ဆွေတစ်ယောက်ကို အင်းတိုင်က တရားစခန်းတစ်ခုကို လိုက်ပို့ဖို့ အိမ်က ကားနဲ့ ထွက်ခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီကျော်ကျော်လောက်အိမ်က ထွက်လာကြပြီး အင်းတိုင်တရားစခန်းကို ၁နာရီ ခွဲလောက်မှာ ရောက်ကြပါတယ်။ တရားစခန်းဝင်မဲ့သူကို လိုအပ်တာတွေစီစဉ်ပေးပြီး အပြန်လမ်းမှာ လိုက်ပို့ပေးသူပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ စကားစမြည်ပြောရင်း မှန်မှန်ဘဲ မောင်းပြန်ခဲ့ကြပါတယ်။

ပျဉ်းမပင်နို့ချက်စက်ရုံကျော်ပြီး အကွေ့တစ်ခုမှာ ကားက ရုတ်တရက်နိမ့်ကျသွားပြိး ညာဘက်ကို ဆွဲဆင်းသွားပါတယ်။ ကံကောင်းထောက်မလို့ ဖြည်းဖြည်းဘဲ မောင်းလာတာကြောင့် နောက်ဆုံး အရှိန်သေပြီးတော့ ရပ်သွားပါတယ်၊ ကားရပ်မသွားခင် ဘယ်ညာကွေ့လို့ မရတော့တဲ့အပြင် ဘရိတ်လဲအုပ်လို့ မရတော့ပါ။ ဆင်းပြီး ဂျိုက်ထောက်၊ စစ်ကြည့်လိုက်တဲ့အခါ ညာဘက် အောက်ဘက်ဘောဂျွိုင့် (Lower-Right-Ball-joint)ပြုတ်သွားပြီး ညာဘက် ကားဘီးက ကားဘော်ဒီမှာ လာထောက်နေတာတွေ့ရပါတယ်၊ ပြီးတော့ butterfly-bar . . . → Read More: အောက်ပိုင်းမှ ပြဿနာရှာခြင်း