ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာမည်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST-92B သည် ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း 8.7N 84.1E TO 15.2N 83.5E မျဉ်း၏ ဘယ်ညာ ၁၄ဝ နော်တီကယ်မိုင်အတွင်း မုန်တိုင်းဖြစ်လာနိုင်ခြေ အဆင့် HIGH သို့ ရောက်လာပြီဖြစ်ကြောင်း JTWC မှ သတိပေးချက် ထုတ်ပြန်လိုက်ပါသည်။ (ပုံ)

နောက်ဆုံးရရှိသည့် အချက်အလက်များအရ INVEST 92B သည် အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၁ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး ဗဟိုဖိအား 1000 hPA အထိကျဆင်းလာကာ ဗဟိုလေတိုက်နှုန်း ၃၀ နော်တီကယ်မိုင်နှုန်း(34.5 mph) အထိ ရှိလာကြောင်း တွေ့ရပါသည်။

. . . → Read More: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ၁၂ နာရီမှ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာမည်

ဘင်္ဂလားပင်လယ်အော်မှ 92B ရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာမည်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST 92B သည် ဆက်လက်တည်ရှိနေပြီး အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့တောင်ဘက် ၄၁၅ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၏ အရှေ့-အရှေ့မြောက်ဘက် ၂၆၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်တောင်ဘက် ၇၉၅ မိုင်ခန့်၊ သီရိလင်္ကာကျွန်း၏ အနီးဆုံး ကမ်းခြေမှ ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ (ပုံ-၁ 92B နောက်ဆုံးရ တည်နေရာနှင့် ရွေ့လျားမှု အခြေအနေ)

JTWC မှ ၂၄ နာရီ ထုတ်ပြန်ချက်(ဒီဇင်ဘာလ ၄ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမှ ဒီဇင်ဘာလ . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ 92B ရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာမည်

Follow up – လေဖိအားနည်းဆဲလ် INVEST 92W

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိပြီး မလေးရှားနိုင်ငံ မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း HATYAI ပြည်နယ်တို့ကို ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်သို့ ဦးတည်လျှက်ရှိသည့် INVEST 92W သည် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြ အဆင့် MEDIUM သို့ ရောက်ရှိလာကြောင်း JTWC မှ ထုတ်ပြန်ထားပါသည်။ 92W သည် ယနေ့ မြန်မာစံတော်ချိန် ၁၂၃ဝ နာရီတွင် နောက်ဆုံးရရှိသည့်ပုံများအရ မြန်မာနိုင်ငံ ကော့သောင်းမြို့တောင်-အရှေ့တောင်ဘက် မိုင် ၂ဝဝ ခန့်၊ ထိုင်းနိုင်ငံ ဖူးခက်မြို့ အရှေ့တောင်ဘက် မိုင် ၁၂ဝ ခန့်အကွာကုန်းတွင်း၌ တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ ပုံ-၁ တွင် 92W ဖြစ်ပေါ်လျှက်ရှိသည့် တည်နေရာနှင့် တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေအား တွေ့မြင်နိုင်ပါသည်။

. . . → Read More: Follow up – လေဖိအားနည်းဆဲလ် INVEST 92W

INVEST 92W အမည်ဖြင့် ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိလာမည့် လေဖိအားနည်းဆဲလ်

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သော INVEST 91W နှင့် 92W တို့သည် တောင်တရုတ်ပင်လယ်အား ဖြတ်ကျော်လာခဲ့ပြီး မလေးရှားကျွန်းဆွယ်၊ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းနှင့် ဗီယက်နန်နိုင်ငံ တောင်ပိုင်းပင်လယ်တွင် ပြန်လည်ဆုံစည်းကြကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြပါသည်။ 91W သည် နိုဝင်ဘာလ ၁၈ ရက် ညပိုင်းမှစတင်ကာ 92W နှင့် ပေါင်းစည်းသွားပြီး မလေးရှားကျွန်းဆွယ်အရှေ့ပိုင်းကမ်းခြေအား  ကွာလာလမ်ပူမြို့တော် အရှေ့ဘက် မိုင်၁၄ဝ ခန့်မှ စတင်ဖြတ်ကျော်လျှက်ရှိပါသည်။

91W နှင့် 92W တို့ ပေါင်းစည်းထားသော လေဖိအားနည်းဆဲလ် အဖြစ်သို့ရောက်ရှိကာ စူမားတြားကျွန်းမြောက်ပိုင်း၊ မာလက္ကာရေလက်ကြားတွင် မြောက်လတ္တီတွဒ် ၅ ဒီဂရီအထက်သို့ (အနောက်မြောက်ဘက်သို့)ရွေ့လျားလျှက် ဆူနာမီဒဏ်ခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးမြို့အနီးမှ ဖြတ်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ယနေ့(နိုဝင်ဘာလ . . . → Read More: INVEST 92W အမည်ဖြင့် ကပ္ပလီပင်လယ်တောင်ပိုင်းသို့ ရောက်ရှိလာမည့် လေဖိအားနည်းဆဲလ်

တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN ၏ ပြင်းထန်သော ထိုးနှုက်တိုက်ခတ်မှုအား ခံစားခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံ TACLOBAN မြို့ပေါ်မှဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ဆင်းသက်ရောက်ရှိလာသည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နိုဝင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ အဆင့် HIGH တွင် ဆက်လက် တည်ရှိနေပါသည်။

90W သည် ယနေ့(၁၃-၁၁-၂ဝ၁၃) ညပိုင်းမှ စတင်၍ တောင်တရုတ်ပင်လယ်တောင်ပိုင်း Sparatly ကျွန်းစုများအနီးတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုးအားကောင်းလာ၍ ဗီယက်နန်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။ ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်စဉ် . . . → Read More: တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

အားပြန်လည်စုစည်း၍ လေဖိအားနည်းဆဲလ် ဖြစ်လာနိုင်မည့် 30W

စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN(31W) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား ဖြတ်ကျော်ပြီး အနောက်ဘက်(တောင်တရုတ်ပင်လယ်သို့) ဝင်ရောက်လာချိန်တွင် – ထိုင်းပင်လယ်ကွေ့၌ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ အားပျော့ပျက်ပြယ်သွားသည့် 30W သည် ပြန်လည်စုစည်းအားကောင်းလာပြီး လေဖိအားနည်းဆဲလ်(Low Pressure Cell – LPC)အဖြစ်သို့ ရောက်ရှိကာ ယနေ့ နံနက်ဝ၉း၃ဝ နာရီမှ စတင်၍ မြိတ်နှင့်ဘုတ်ပြင်းမြို့များကြားမှ ကပ္ပလီပင်လယ်ဘက်သို့ ရွေ့လျားမည်ဟု GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များမှ ပြန်လည် ဖေါ်ပြလာပါသည်။

အဆိုပါ လေဖိအားနည်းဆဲလ်သည် နိုဝင်ဘာလ ၉ ရက် (စနေနေ့)နံနက်ပိုင်းတွင် ပိုမိုအားကောင်းလာနိုင်ပြီး – မြစ်ဝကျွန်းပေါ် ကမ်းလွန် ပင်လယ်ပြင်(15.5º N / 96.5º E)တွင် ၁ မီတာမှ ၁.၂ မီတာ အမြင့်ရှိ လှိုင်းများဖြစ်ပေါ်လာနိုင်ကာ၊ လေပြင်းတိုက်ခတ်နှုန်း . . . → Read More: အားပြန်လည်စုစည်း၍ လေဖိအားနည်းဆဲလ် ဖြစ်လာနိုင်မည့် 30W

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်နိုင်

GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်အရ အောက်တိုဘာလ ၂၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃ဝ နာရီခန့်မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခု စတင်ဖြစ်ပေါ်နိုင်ပြီး အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ (ပုံ-၁)

ကွန်ပျူတာမော်ဒယ်မှ ဆက်လက် ခန့်မှန်းပုံဖေါ်ချက်အရ ၄င်းလေဖိအားနည်းဆဲလ်သည် အောက်တိုဘာလ ၃ဝ ရက်နေ့ အစောပိုင်းတွင် စစ်တွေမြို့ အနောက်ဘက်သို့ ရောက်ရှိပြီးနောက် တောင်-အရှေ့တောင်ဘက်မှ အနောက်ဘက်သို့ ချိုးကွေ့ရွေ့လျားကာ အားပျော့ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။(ပုံ-၂)

(ပုံ-၁) . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 90W မုန်တိုင်းဖြစ်နိုင်ခြေ အဆင့် HIGH သို့ ရောက်ရှိလာပြီ

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-90W သည် ပိုမိုအားကောင်းလာပြီး မြိတ်မြို့ အနောက်ဘက် ၂၇၅ မိုင်ခန့်၊ ဖျာပုံမြို့ တောင်-အနောက်တောင်ဘက် ၃ဝ၅ မိုင်ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၁၇၅ မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

INVEST 90W သည် အနောက်-အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့) ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာကာ ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့် HIGH သတ်မှတ်ထားပြီဖြစ်ကြောင်း JTWC မှ ယနေ့ ညနေ မြန်မာစံတော်ချိန် ၅ နာရီ အချိန် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။(ပုံ-၁)

လေဖိအားနည်းဆဲလ် INVEST-90W 08 Oct 2013 0600Z Location: 11.9 94.6 Winds: . . . → Read More: ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းဆဲလ် 90W မုန်တိုင်းဖြစ်နိုင်ခြေ အဆင့် HIGH သို့ ရောက်ရှိလာပြီ

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် မုန်တိုင်း USAGI-17W ဖြစ်ပေါ်လျှက်ရှိ

ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 17W သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ အပြည်ပြည်ဆိုင်ရာအမည် USAGI ဟု ပေးထားပြီဖြစ်ပါသည်။

မုန်တိုင်း USAGI(17W)သည် အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်(ထိုင်ဝမ်ကျွန်း)တောင်ဘက်မှ စက်တင်ဘာလ ၂၁ ရက်နောက်ပိုင်းတွင် ဖြတ်သန်းကာ တောင်တရုတ်ပင်လယ် မြောက်ပိုင်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်း USAGI သည် စက်တင်ဘာလ ၂၁ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အင်အားအကောင်းဆုံး အခြေအနေ(အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း – CAT2 – မုန်တိုင်းဗဟို လေတိုက်နှုန်း တစ်နာရီ 90 knots – 103.5 mph)သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

နောက်ဆုံးရ . . . → Read More: ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတွင် မုန်တိုင်း USAGI-17W ဖြစ်ပေါ်လျှက်ရှိ

စက်တင်ဘာလလယ်မှ လကုန်ပိုင်းအထိ ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များ

စက်တင်ဘာလ ၁၄ ရက် မှ စက်တင်ဘာလကုန်အထိ မြန်မာ့ပင်လယ်ပြင်(ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့တွင်) လေဖိအားနည်းဆဲလ်များ(Low Pressure Cells) ဖြစ်ပေါ်ပြီး ကပ္ပလီပင်လယ်ပြင်၌ မုတ်သုန်လေအား ကောင်းလာနိုင်မည့် အခြေအနေကို GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းပုံဖေါ်ချက်များတွင် တွေ့ရပါသည်။ (ပုံ-၁)

ပုံဖေါ်၍ ကြိုတင်ခန့်မှန်းချက်များ၌ စက်တင်ဘာ လကုန်ပိုင်း(၁၈ ရက်နောက်ပိုင်း)တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်များပိုမို သိတ်သည်းစွာ ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ရာဒေသ တောင်ပိုင်းမှ ကပ္ပလီပင်လယ်ပြင်ရှိ အနောက်တောင်လေစီးကြောင်း ပိုမိုအားကောင်းစေမည့် အခြေအနေကိုလည်း တွေ့ရပါသည်။ (ပုံ-၂)

စက်တင်ဘာလ ၂၁ ရက်နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ပိုမိုအားကောင်းသည့် လေဖိအားနည်းဆဲလ်တစ်ခု ဖြစ်ပေါ်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက် အနောက်တောင်လေစီးကြောင်း အားအလွန်ကောင်းလာမည့် အခြေအနေဖြစ်ပေါ်စေမည်ဖြစ်ကြောင်း တွေ့ရပါသည်။ (ပုံ-၃)

ခန့်မှန်း စက်တင်ဘာလ ၂၄ . . . → Read More: စက်တင်ဘာလလယ်မှ လကုန်ပိုင်းအထိ ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များ