တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး

ပဲခူးငလျင်ကြီးသည် ၁၉၃၀ ခုနှစ်အတွင်းလှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း အဆောက်အဦအချို့ ပြိုကျ ပျက်စီးကာ အသေအပျောက်ရှိခဲ့ပါသည်။ အဆိုပါငလျင်နှင့်ပတ်သက်၍ http://blog.mmweather.com/2010/09/09/1930-pegu-quake/ တွင် ရေးသားဖေါ်ပြခဲ့ပြီး ဦးတင့်လွင်ဆွေမှလည်း မှားယွင်းသည့် သတင်းများကို ပြုပြင်ပေးခဲ့ပါသည်။

စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တည်ရှိနေကြသည့် ရန်ကုန်မြို့အပါအဝင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ မြို့ကြီးများမှာ ကြီးမားသည့် ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ ရာစုနှစ်တစ်နှစ်နီးပါးရှိခဲ့ပြီဟု ဆိုနိုင်ပါသည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင်ကော်မီတီကလည်း http://earthquakemyanmar.wordpress.com/ တွင် တင်ပြထားပါသည်။

ဤအခြေအနေတွင် ဆောင်းပါးအတိုင်း အချိန်မရွေး ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးများကို မြေငလျင်ကော်မီတီအဖွဲ့ဝင် ဦးတင့်လွင်ဆွေကလည်း Earthquakes of Myanmar and Risk Management-5 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်းပါး အမှတ်စဉ်-၅ တွင် အောက်ပါအဓိက . . . → Read More: တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး

တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

အောက်တိုဘာ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီမှ အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီအထိ (၂၄ နာရီအတွင်း) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း၊ ပဲခူးရိုးမတောင်ပေါ် ကျောက်မီးချောင်း ကြိုးဝိုင်း၊ ကရင်မျှောင်နေရာဒေသ၊ ဘန်းကုန်းဆည်အနီး၊ အမြင့်ပေ ၁ဝဝ ကျော်ခန့်ရှိသည့် တောင်တစ်ဝက်ခန့်(တောင်ထိပ်မှ အမြင့် ၂၅ ပေခန့်၊ အကျယ် တစ် ဧက ကျော်ခန့်အထိ တဖြည်းဖြည်း နိမ့်ကျသွားခဲ့ကြောင်း၊ ၄င်းတောင်“ ပတ်ဝန်းကျင်မှ တောင်အချို့လည်း တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ကြောင်း သိရပါသည်။

တစ်ဖန် .. အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် – တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာ အရှေ့ဘက် . . . → Read More: တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

မြစ်ရေကြီးမှုကိုလေ့လာခြင်း

GDACS -Global Flood Detection System – Version 2 ဆိုတာကတော့ ဂျပန်နိုင်ငံ အမျိုးသား အာကာသ အေဂျင်စီ(NSDA) ရဲ့ AQUA mission က EOD Aqua ဂြိုလ်တုမှတစ်ဆင့် အဆင့်မြင့် မိုက်ခရိုဝေ့ ရေဒီယိုမီတာ နည်းပညာ Advanced Microwave Scanning Radiometer for the Earth Observing System (AMSR-E) အသုံးပြုပြီး ရရှိတဲ့ အချက်လက်တွေကို ရေနဲ့ပတ်သက်တဲ့ – Water-related Geophysical ပြောင်းလဲမှုတွေ၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ အချက်တွေ လေ့လာနိုင်အောင် တင်ပေးထားတဲ့ application တစ်ခု ဖြစ်ပါတယ်။

ဒီ mission ရဲ့ အခြားသော . . . → Read More: မြစ်ရေကြီးမှုကိုလေ့လာခြင်း

အရှိန်မသေနိုင်သေးတဲ့ JAL – ပင်လယ် ၅ ခုဖြတ်ကျော်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ကုန်းတွင်းထပ်မံဝင်ရောက်

ကျနော်တို့ မြန်မာနိုင်ငံအတွက်ရော အိမ်နီးချင်းနိုင်ငံတွေ အတွက်ပါ ဒီနှစ် ၂ဝ၁ဝ ခုနှစ် မုန်တိုင်းရာသီဟာ ကုန်ဆုံးပြီလို့ ပြောနိုင်ပေမဲ့ ပြီးခဲ့တဲ့ Post မှာ သုံးသပ်တင်ပြထားသလိုပဲ ဆက်ပြီးတော့ စောင့်ကြည့်နေရဦးမှာပါ။ MMW မှ ပြီးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း JAL(99W, 05B) ရဲ့ အခြေအနေကို စတင်ဖြစ်ပေါ်ချိန်မှ ပြီးဆုံးချိန်အထိ စောင့်ကြည့်လေ့လာခဲ့တဲ့ အခြေအနေအသေးစိတ်ကို စုဆောင်းရရှိသရွေ့ အချက်အလက်များအပေါ် အခြေခံပြီး လေ့လာကြည့်တဲ့အခါမှာ  ဒီမုန်တိုင်းဟာ ထူးထူးခြားခြား ပင်လယ် ၅ ခုကို မိုင်ပေါင်း ၄ဝဝဝ ကျော်ဖြတ်သန်း ခရီးနှင်ခဲ့ပြီး ဖြစ်ပေါ်ခဲ့တဲ့အတွက် ကျနော်တို့ မိုးလေဝသပညာရှင် မဟုတ်သူ အိုင်တီ ဝါသနာရှင်များအတွက်တော့ တကယ်ကို အံ့သြစရာ ဖြစ်ပါတယ်။

လေဖိအားနည်းရပ်ဝန်းက စ ပြီး မုန်တိုင်းဖြစ်လာတဲ့ . . . → Read More: အရှိန်မသေနိုင်သေးတဲ့ JAL – ပင်လယ် ၅ ခုဖြတ်ကျော်၍ လေဖိအားနည်းရပ်ဝန်းအဖြစ် ကုန်းတွင်းထပ်မံဝင်ရောက်

အားအလွန်ကောင်းသော “Tropical Cyclone 04B GIRI” အား ပြန်လည်သုံးသပ်ခြင်း

မြန်မာနိုင်ငံတွင် အိုင်တီပညာရပ်များကိုစတင်လေ့လာလိုက်စားပြီး အင်တာနက် အီးမေးလ် သုံးစွဲသူများ တဖြည်းဖြည်းများလာသည့်အချိန်မှာ ၂ဝဝဝ ခုနှစ်နောက်ပိုင်းမှ ဖြစ်ပါသည်။ ထိုအချိန်ကစ၍ အိုင်တီဝန်ဆောင်မှုကို တာဝန်ယူဆောင်ရွက်ပေးသော အဖွဲ့အစည်းများမှ အမျိုးမျိုးသောဝန်ဆောင်မှုများကို မြန်မာနိုင်ငံအတွင်းနေထိုင်သည့် အင်တာနက်သုံးစွဲသူများအား စတင်၍ ဝန်ဆောင်မှုပေးခဲ့ကြပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ စ၍ BAgana Cybertech ၊ မြန်မာတယ်လီပို့ စသည်ဖြင့် ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း/ကုမ္ပဏီများ (ISP များ)ဖြည်းဖြည်းချင်းပေါ်ပေါက်လာခဲ့ပြီး ယနေ့ခေတ်တွင် Yadanapon Teleport အဆင့်သို့ ရောက်ရှိလာခဲ့ပြီး အင်တာနက်သုံးစွဲသူ ပမာဏမှာလည်း များပြားလာနေပြီဖြစ်ပါသည်။

သို့ရာတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာလေ့လာရန်၊ မိုးလေဝသဆိုင်ရာ လေ့လာရန် နှင့် မိုးလေဝသအခြေအနေသတင်းထုတ်ပြန်သည့် မြန်မာဘာသာဖြင့် website တည်ဆောက်လွှင့်တင်သည့် အစိုးရမဟုတ်သော အင်တာနက် အသုံးပြုသူအရေအတွက်မှာ အလွန်ပင် နည်းပါးသေးကြောင်း တွေ့နိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမှုများ . . . → Read More: အားအလွန်ကောင်းသော “Tropical Cyclone 04B GIRI” အား ပြန်လည်သုံးသပ်ခြင်း

၂ဝ၁ဝ မြန်မာနိုင်ငံရာသီဥတုအပေါ် ဦးထွန်းလွင်၏ သုံးသပ်ချက်

“လာနီညာရာသီဥတုရဲ့ သက်ရောက်မှုကို မြန်မာပြည်တွင်ကြုံတွေ့နေရပြီလား၊ လာနီညာဖြစ်ပေါ်တဲ့ဒေသဟာ မြန်မာနိုင်ငံနဲ့ ဝေးကွာတဲ့အတွက် အားကောင်းတဲ့ လာနီညာဖြစ်မှသာ မြန်မာနိုင်ငံရဲ့ ရာသီဥတုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါ့အပြင် လာနီညာအားကောင်းတဲ့ ကာလများဟာ ၂ဝ၁ဝ နိုဝင်ဘာလက စတင်ပြီး ၂ဝ၁၁ ဖေဖေါ်ဝါရီလအထိ ဖြစ်ပါမယ်။ လက်ရှိကာလမှာ ဖစိဖိတ်ဒေသနဲ့ အင်ဒိုချိုင်းနားဒေသ အပေါ် လာနီညာရာသီဥတု အကျိုးသက်ရောက်မှုတွေ ရှိနေပြီဖြစ်ပါတယ်။ လာနီညာဟာ ပိုမို အားကောင်းလာနေတာကြောင့် မြန်မာနိုင်ငံ အပေါ်မှာလည်း လာနီညာရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုတွေကို တစ်စတစ်စ ကြုံတွေ့ရစပြုနေပြီဖြစ်ပါတယ် …” ဟု ဒေါက်တာ ဦးထွန်းလွင် အစချီပြီး ရေးထားသော “မမျှော်လင့်တဲ့ ရာသီဥတုတွေ ဖြစ်နေတာကိုက ဒီကနေ့ ရာသီဥတု ဖြစ်နေပါတယ်” ဆိုသည့် “၂ဝ၁ဝ ခုနှစ် . . . → Read More: ၂ဝ၁ဝ မြန်မာနိုင်ငံရာသီဥတုအပေါ် ဦးထွန်းလွင်၏ သုံးသပ်ချက်

၁၉၃ဝ ပြည့်နှစ် ပဲခူးမြေငလျှင်ကြီး

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က http://mmweather.wordpress.com မှာ တင်ထားတဲ့ “၁၉၃ဝ ခုနှစ် ပဲခူးငလျှင်အကြောင်း” ကို ပြန်လည်ကူးယူပြီး အနည်းငယ်ပြင်ဆင်ကာ ဖေါ်ပြပေးလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်က ကျနော် ဒီဆောင်းပါးကို စတင်ရေးသားခဲ့တော့ “မြန်မာနိုင်ငံမှာ ပဲခူးမြို့ငလျှင်လှုပ်ခဲ့တာနဲ့ ပတ်သက်လို့ ရှာဖွေတင်ပြပေးပါရန် တောင်းဆိုချက်တွေကြောင့် ကျနော်လက်လှမ်းမီသလောက် ရှာဖွေရေးသားပေးလိုက်ပါတယ် …. ဒီပို့စ်နဲ့ပတ်သက်လို့ မပြည့်စုံတာနဲ့ မှားယွင်းမှုများရှိနေရင် ခွင့်လွှတ်ဖတ်ရှုပေးကြပါရန် ဦးစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျား” လို့ အစချီရေးသားခဲ့တာဖြစ်ပါတယ်။ တချို့သတင်းများကို အဲသည်ခေတ်က ထုတ်ခဲ့တဲ့ သတင်းစာဖြတ်ပိုင်းများကတစ်ဆင့် လိုက်လံ ရှာဖွေပြီး ဘာသာပြန်ဆိုရေးသားခဲ့ရတာမို့ တကယ်မှတ်တမ်းပြုစုထားတဲ့ အခြေအနေတွေနဲ့ လွဲနေတာတွေရှိရင်လဲ ဒီဆောင်းပါးရဲ့ comment နေရာမှာ ပြုပြင်ရေးသား အကြံပြုပေးကြစေချင်ပါတယ်။ မြန်မာနိုင်ငံ ပဲခူးမြို့မှာ . . . → Read More: ၁၉၃ဝ ပြည့်နှစ် ပဲခူးမြေငလျှင်ကြီး

မတူညီသော ဆိုင်ကလုန်းမုန်တိုင်း ၂ ခု အကြောင်းနှင့် ကောလဟာလ

May 22, 06:04 PM နေ့တွင် MMW NEWS တွင်တင်ပြခဲ့သည့်ဆောင်းပါးဖြစ်ပါသည် …

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း LAILA ဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်ပြီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ တဖြည်းဖြည်းအားပျော့ပျက်ပျယ်သွားတော့မယ်လို့ ခန့်မှန်းချက်များအတိုင်း၊ ၂၃ ရက်နေ့ မှာ လုံးဝပျောက်ကွယ်သွားတော့မှာပါ။

၂ဝ၁ဝ ခုနှစ်မှာ ပထမဦးဆုံးစဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း LAILA ဟာ ၂ဝဝ၈ ခုနှစ်မှာ ပထမဦးဆုံးပဲ စဖြစ်ခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက လူများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ပေါင်း မြောက်များစွာကို ဖျက်ဆီးသွားခဲ့တဲ့ NARGIS လို မြန်မာနိုင်ငံအပေါ်မှာ ရိုင်ရိုင်းစိုင်းစိုင်းဆက်ဆံမသွားခဲ့ပဲ သူ့ကြောင့် ပူလောင်နေတဲ့ဒဏ်ကနေ အထိုက်အလျှောက်လွတ်ကင်းခဲ့ကြရတဲ့အတွက် (အိန္ဒိယနိုင်ငံ အန်ဒရာပရာဒေ့ရှ် ပြည်နယ်မှ မုန်တိုင်းဒဏ်ခံ-လူအများအတွက် စိတ်မကောင်းဖြစ်မိပေမဲ့) ဝမ်းလည်းသာ . . . → Read More: မတူညီသော ဆိုင်ကလုန်းမုန်တိုင်း ၂ ခု အကြောင်းနှင့် ကောလဟာလ

“Sinkhole” ဟုခေါ်သော မြေကြွင်းကြီးများဖြစ်ပေါ်မှုကို လေ့လာခြင်း

Jun 3, 02:52 PM (MMW NEWS မှ ပြန်လည်ကူးယူဖေါ်ပြထားပါသည်) http://mmweather.com/news/index.php?id=79

ရိုက်တာသတင်းတစ်ပုဒ်မှာ ပြီးခဲ့တဲ့ဇွန်လ(၁)ရက်နေ့က ဂွာတီမာလာနိုင်ငံမှာ အပူပိုင်းမုန်တိုင်း Agatha တိုက်ခတ်အပြီး ရေလွှမ်းမိုးမှုတွေဖြစ်ပြီးတဲ့နောက် မြေကြွင်းကြီးတစ်ခုပေါ်လာကြောင်း၊ အဲဒီမြေကြွင်းကြီးဟာ ၂၁ မီတာ (၆၉ ပေခန့်)ကျယ်ပြီး၊ ၃၁ မီတာ(ပေ ၁ဝဝ ကျော်) အနက်ရှိတဲ့အကြောင်း သတင်းရေးသားခဲ့သလို Xinhua သတင်းဌာနရဲ့ မက္ကဆီကိုသတင်းထောက်ကလဲ အလားတူသတင်းကို အင်တာနက်စာမျက်နှာတွေမှာ ပုံတွေနဲ့ အတူရေးသားဖေါ်ပြခဲ့ကြပါတယ်။ ဂွာတီမာလာ ရဲတပ်ဖွဲ့နဲ့စစ်တပ်က အဲဒီနေရာအနီးဝန်းကျင် မီတာ ၁ဝဝ ပတ်လည်ကို အန္တရာယ်ဇုံအဖြစ်သတ်မှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ဇွန်လ(၃)ရက်နေ့မှာတော့ အဲဒီ မြေကြွင်းကြီးပတ်ဝန်းကျင်က လမ်းသွယ်တွေကိုပါ တာဝန်ရှိသူတွေက ပိတ်လိုက်ပြီလို့ ဆင်ဟွာသတင်းဌာနသတင်းတစ်ပုဒ်မှာ ဖေါ်ပြခဲ့ပါတယ်။

ဇွန်လ(၁)ရက်နေ့က . . . → Read More: “Sinkhole” ဟုခေါ်သော မြေကြွင်းကြီးများဖြစ်ပေါ်မှုကို လေ့လာခြင်း

မုန်တိုင်းရာသီလာတော့မည်-ပြင်ဆင်ထားသင့်သည်

May 3, 01:51 PM (MMW News မှ ပြန်လည်ကူးယူဖေါ်ပြပေးထားပါသည်) http://mmweather.com/news/index.php?id=30

မုန်တိုင်းရာသီနီးလာပြီမို့ မုန်တိုင်းအန္တရာယ်ကင်းဝေးရေး နှင့်ကြိုတင်ပြင်ဆင်နိုင်ရေးအကြံပြုချက်များ ကိုတင်ပြလိုက်ရပါတယ်။ မူရင်းဆောင်းပါးဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် အတွက် ကိုယ်စားပြုထုတ်ဝေထားတာပါ။ မြန်မာနိုင်ငံနဲ့ မဆီလျော်ဘူး ထင်တာတွေကိုတော့ ချန်ပစ်ခဲ့ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဟာရီကိန်း၊ တိုင်းဖွန်းနဲ့ ဆိုင်ကလုံး ဆိုတဲ့ အသုံးအနှုန်းတွေဟာ အပူပိုင်းမုန်တိုင်းတွေကို ပြောတာချင်းအတူတူပါပဲ။ ဒေသအလိုက် အခေါ်အဝေါ်ကွဲပြားသွားတာပဲ ရှိပါတယ်။ အခုဒီဆောင်းပါးဟာ ဗဟုသုတအလို့ငှာ ဘာသာပြန် ပေးရုံသက်သက် ဖြစ်ပါတယ်။

တကယ်တမ်း မုန်တိုင်းအန္တရာယ် ဖြစ်လာပြီဆိုပါက သက်ဆိုင်ရာညွှန်ကြားချက်များနှင့် မြန်မာနိုင်ငံမိုးလေ၀သ နှင့်ဇလဗေဒသတင်းထုတ်ပြန်ချက်များကိုလည်း နားဆင်လိုက်နာဖို့ အထူးလိုအပ်လှပါတယ်။

မူရင်းဆောင်းပါးကို http://www.semo.state.ny.us/info/publicsafety/hurricaneprepare.cfm မှာ ၀င်ကြည့်နိုင်ပါသည်

ဟာရီကိန်းအဓိပ္ပါယ်ဖွင့်ဆိုချက်

ဟာရီကိန်းဆိုသည်မှာ . . . → Read More: မုန်တိုင်းရာသီလာတော့မည်-ပြင်ဆင်ထားသင့်သည်