အောက်ပိုင်းမှ ပြဿနာရှာခြင်း

ပြီးခဲ့တဲ့ ၁၅-၁-၂ဝ၁၁ စနေနေ့က မိတ်ဆွေတစ်ယောက်ကို အင်းတိုင်က တရားစခန်းတစ်ခုကို လိုက်ပို့ဖို့ အိမ်က ကားနဲ့ ထွက်ခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီကျော်ကျော်လောက်အိမ်က ထွက်လာကြပြီး အင်းတိုင်တရားစခန်းကို ၁နာရီ ခွဲလောက်မှာ ရောက်ကြပါတယ်။ တရားစခန်းဝင်မဲ့သူကို လိုအပ်တာတွေစီစဉ်ပေးပြီး အပြန်လမ်းမှာ လိုက်ပို့ပေးသူပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ စကားစမြည်ပြောရင်း မှန်မှန်ဘဲ မောင်းပြန်ခဲ့ကြပါတယ်။

ပျဉ်းမပင်နို့ချက်စက်ရုံကျော်ပြီး အကွေ့တစ်ခုမှာ ကားက ရုတ်တရက်နိမ့်ကျသွားပြိး ညာဘက်ကို ဆွဲဆင်းသွားပါတယ်။ ကံကောင်းထောက်မလို့ ဖြည်းဖြည်းဘဲ မောင်းလာတာကြောင့် နောက်ဆုံး အရှိန်သေပြီးတော့ ရပ်သွားပါတယ်၊ ကားရပ်မသွားခင် ဘယ်ညာကွေ့လို့ မရတော့တဲ့အပြင် ဘရိတ်လဲအုပ်လို့ မရတော့ပါ။ ဆင်းပြီး ဂျိုက်ထောက်၊ စစ်ကြည့်လိုက်တဲ့အခါ ညာဘက် အောက်ဘက်ဘောဂျွိုင့် (Lower-Right-Ball-joint)ပြုတ်သွားပြီး ညာဘက် ကားဘီးက ကားဘော်ဒီမှာ လာထောက်နေတာတွေ့ရပါတယ်၊ ပြီးတော့ butterfly-bar . . . → Read More: အောက်ပိုင်းမှ ပြဿနာရှာခြင်း

Tyre Safety

အမြန်လမ်းမကြီးပေါ်က မတော်တဆဖြစ်မှုတွေမှာ မော်တော်ယာဉ်ဘီး(တာယာ) ကွဲပြီးဖြစ်ရတဲ့ အဖြစ်အပျက်ကများတာ တွေ့ရပါတယ်။

ကျနော့်ရဲ့ ညီတစ်ယောက်က Tyre Safety နဲ့ ပတ်သက်တဲ့ PDF file တစ်ခုကို EMail ကတစ်ဆင့် ပေးပို့လာတဲ့ အတွက် ဖတ်ကြည့်တဲ့အခါ တာယာတွေကို ကိုယ့်ရဲ့ ကားမှာလဲတပ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ဝယ်လိုက်တဲ့ကားမှာ ပါလာတဲ့ တာယာတွေဟာ ဘယ်လို အခြေအနေဆိုတာကို ဘယ်လို ပုံမှန်စစ်ဆေးသင့်တယ်၊ အဲသလို စစ်ဆေးတဲ့အခါ ဘာတွေကို သိထားရမယ်စသည်ဖြင့် လေ့လာမှတ်သားစရာတွေ အများကြီး သိခဲ့ရပါတယ်။

Read TireSafety

MMW ပရိတ်သတ်များသာမက အမြန်လမ်းမှာရော၊ တခြား လမ်းမကြီးတွေ မှာရော၊ မြို့ပေါ်မှာရော ကားနဲ့ သွားလာနေကြသူတွေအတွက် အမှန်တကယ် လေ့လာသင့်တာကြောင့် အဆင်ပြေသလို စုဆောင်းဘာသာပြန်ပြီး . . . → Read More: Tyre Safety

အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော အမြန်လမ်းမကြီးအဖြစ်ပေါ်ပေါက်လာပြီးနောက် တဖြည်းဖြည်း လမ်းအသုံးပြုသူများလည်း တိုးတက်များပြားလာကြောင်းတွေ့ရပါသည်၊ အဝေးပြေးလမ်းမကြီးဟု ခေါ်ဆိုသော အမြန်လမ်းမကြီးပေါ်မှ ယာဉ်မတော်တဆဖြစ်ပွားမှုများ အကြောင်း မကြာခဏဆိုသလို ကြားနေရပြီး၊ ဖြစ်လိုက်လျှင်လည်း လူအသေအပျောက်များကြောင်း လေ့လာမိပါသည်။ ထို့ကြောင့် ကြားမိသမျှ မတော်တဆ ဖြစ်မှုများအကြောင်း နှင့် အဝေးပြေးလမ်းမပေါ်မှ ခရီးသွားအတွေ့ အကြုံရှိသူများ၏ ကိုယ်တွေ့ အကြောင်းများကို ဤ post တွင် လိုက်နာမှတ်သားစရာများအဖြစ် ပါဝင်ကူညီ ဖြည့်စွက်ရေးသားပေးခြင်းဖြင့် အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ ခရီးသွား ပြည်သူ၊ မိသားစုများ၏ အသက်အန္တရာယ်ကို ကာကွယ်မပေးနိုင်သည့်တိုင် အတိုင်းအတာ တစ်ခုအထိ၊ မှတ်သားလိုက်နာစရာများအဖြစ် ဖေါ်ပြပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အမြန်လမ်းမကြီးများတွင် ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကတ္တရာ လမ်းခင်ခြင်းတို့၏ ဆိုးခြင်းကောင်းခြင်းများကို လက်လှမ်းမီသမျှ စုဆောင်းတင်ပြလိုပါသည်။ ကွန်ကရစ်လမ်းခင်းခြင်းသည် (ကတ္တရာလမ်းထက်) –

. . . → Read More: အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ