မိုးရိပ်များ စတင်ပြသလာပြီဖြစ်သည့် မြန်မာ့မိုးလေဝသ အခြေအနေ

ဧပြီလ ၂၂ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ရရှိသည့် ဂြိုလ်တုတိမ်ပုံမှ တိမ်ထုစုဖွဲ့ ဖြစ်ပေါ်မှု အခြေအနေအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဗီယက်နန်၊ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်မှ“တစ်ဆင့် ထိုင်းနိုင်ငံပေါ်သို့ ဖြတ်ကျော်လျှက် တောင်မှ မြောက်သို့ ရွေ့လျားဖြစ်ပေါ်လျှက်ရှိသည့် တိမ်တိုက်များ၊ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းသို့ ဖြတ်ကျော်ရွေ့လျားလျှက်ရှိသည့် တိမ်တိုက်များကို တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ WRF ကွန်ပျူတာ မော်ဒယ်မှ လာမည့် ၇၂ နာရီ မိုးရွာသွန်းမှုခန့်မှန်းခြေပြ ပုံတွင်လည်း မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများသို့ မိုးရွာသွန်းနိုင်ခြေကို တွေ့မြင်နိုင်ပါသည်။

MMWeather Blog မှ မြန်မာနိုင်ငံမြို့ကြီးအချို့၏ မိုးလေဝသအခြေအနေပြ . . . → Read More: မိုးရိပ်များ စတင်ပြသလာပြီဖြစ်သည့် မြန်မာ့မိုးလေဝသ အခြေအနေ

ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ . . . → Read More: ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ဟိုင်နန်ကျွန်းကို အခု ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း NALGAE(22W) ရဲ့ မုန်တိုင်းဗဟိုဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့တောင်ဘက်စွန်းကမ်းရိုးတန်းက အနီးဆုံး ကမ်းခြေနဲ့ မိုင် ၄ဝ အကွာကိုရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းအစပိုင်းကတော့ Linshui မြို့အနီးက ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ WUZHISHAN, BAOTING နဲ့ SANYA မြို့များကြားမှ ဖြတ်ကျော်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူများအတွက် NALGAE ရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာဦးမဲ့ မိုးကြီးမှု ရေလွှမ်းမှုနဲ့ မြေပြိုမှုအန္တရာယ်တွကို ကြိုတင် တွက်ဆထားပြီး အန္တရာယ်ကင်းအောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ရေကြီးမှု/မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁၆၆ ဦးအထိရှိသွားပြီဖြစ်ကြောင်းလဲ သိရပါတယ်။

. . . → Read More: ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ပစိဖိတ်သမုဒ္ဒရာမှ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာဦးမည်လား

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်လာသည့် အားကောင်းသော တိုင်ဖွန်းမုန်တိုင်း NANMADOL(14W) – နှင့် TALAS(15W) တို့၏ အရှိန်ကြောင့် ဖိလစ်ပိုင်နိုင်ငံအတွက် မုတ်သုန်မိုးကို ပိုမိုစေသည် ဟု မှတ်သားရပါသည်။ ထို့အတူ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွက်လည်း ကုန်လုနီးနီး မုတ်သုန်ရာသီကို အားပိုကောင်းစေပြီး မိုးများလာစေမည့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေလျှက်ရှိနေပါသည်။ မိုးရွာသွန်းမှုဖြစ်နိုင်ခြေ Slide Show ကိုကြည့်ပါရန်။

မုန်တိုင်း ၂ ခု ၏ နီးကပ်မှုကြောင့် Fujiwara Effect ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ခန့်မှန်းထားကြပါသည်။

The Tropical Depression which was lingering WNW of Guam has strengthened to Tropical Storm TALAS . . . → Read More: ပစိဖိတ်သမုဒ္ဒရာမှ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် မိုးပိုလာဦးမည်လား

မိုးရေချိန်နှင့် ရေကြီးမှု ဖြစ်နိုင်ခြေ

အောက်ဖေါ်ပြပါပုံများသည် နာဆာ၏ TRMM(Tropical Rainfall Measuring Mission) မှ ရယူဖေါ်ပြခြင်းဖြစ်ပါသည်။ ဤစာမျက်နှာမှ ပုံများသည် အလိုအလျောက် update ဖြစ်ပါသည်။

GEOS-5 Forecast valid at: လာမည့် ၇၂ နာရီ အတွက် မိုးရေချိန်ခန့်မှန်းချက် ဖြစ်ပါသည်။Auto Updated ဖြစ်ပါသည်၊ စာမျက်နှာအား Refresh လုပ်၍ ကြည့်ပေးပါရန် …. လာမည့် ၂၄ နာရီအတွင်း ရေကြီးမှု ဖြစ်နိုင်ခြေ ခန့်မှန်းချက် ဖြစ်ပါသည်။Auto Updated ဖြစ်ပါသည်၊ စာမျက်နှာအား Refresh လုပ်၍ ကြည့်ပေးပါရန် ….

Hydro Model2

 

  လွန်ခဲ့သော ၇ ရက် အတွင်းရရှိသည့် မိုးရေချိန် ဖြစ်ပါသည်။Auto . . . → Read More: မိုးရေချိန်နှင့် ရေကြီးမှု ဖြစ်နိုင်ခြေ