ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

အမေရိကန် Naval Research Laboratary(NRL)၏ Marine Meteorology Division မှ ရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၆ ရက် နံနက် ဝ၆း၃ဝ နာရီမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်၊ ပုသိမ်မြို့ အနောက်ဘက် ၅၁ဝ မိုင်ခန့်၊အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် – ချင်နိုင်း(Chennai)မြို့ အရှေ့မြောက်ဘက် ၄၁ဝ မိုင်ခန့်၌ လေဖိအားနည်းဆဲလ်(INVEST – 98B)စတင် ဖြစ်ပေါ်လျှက်ရှိပါသည်။(ပုံ-၁)

INVEST 98B သည် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ အရှေ့မြောက်ဘက်သို့ မိုင်အနည်းငယ်မျှ ရွေ့လျားပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့ရွေ့လျားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက် . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၃

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် စတင်ဖြစ်ပေါ်လျှက်ရှိပြီး စက်တင်ဘာလ(၄)ရက် မြန်မာစံတော်ချိန် ဝ၉းဝဝ နာရီ၌ ဖြစ်ပေါ်မှု အခြေအနေအား အောက်ပါအတိုင်း တွေ့ရှိရပါသည် – (ပုံ-၁)

တည်နေရာ – 21.39° N, 88.07° E ဗဟိုလေတိုက်နှုန်း – 285° @ 1 km/h ဗဟိုဖိအား – 1004 hPa

စက်တင်ဘာလ(၄)ရက် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီတွင် လေဖိအားနည်းရပ်ဝန်း(at 850hPa)သည် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကုန်းတွင်း(အနောက်မြောက်ဘက်)သို့ ပြန်လည်ရွေ့လျားဝင်ရောက်သွားမည်ဖြစ်ကြောင်း တွေ့ရပြီး GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်း ပုံဖေါ်ချက်များအရ လေဖိအားနည်းဆဲလ် ရွေ့လျားမည့် အခြေအနေအား အောက်ပါအတိုင်း ကြိုတင်ခန့်မှန်းပုံဖေါ်ထားသည်ကို တွေ့ရပါသည် (လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်း . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၃

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၂

ယနေ့(စက်တင်ဘာလ ၂ ရက် နံနက်ပိုင်း)GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၅ ရက် ည သန်းခေါင်အထိ ကာလအတွင်း၌ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကမ်းခြေမှ စတင်ကာ လေဖိအားနည်းရပ်ဝန်း တစ်ခု အစပျိုး ဖြစ်ပေါ်လာနိုင်မည့် အခြေအနေကို အောက်ဖေါ်ပြပါ ပုံ-၁ မှ ပုံ-၆ အထိ အဆင့်ဆင့် တွေ့ရမည် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် အဆိုပါ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာချိန်၌ လေပြင်းများတိုက်ခတ်ပြီး လှိုင်းကြီးနိုင်မည့် အခြေအနေရှိပါသဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်နောက်ပိုင်း နေ့စဉ် မိုးလေဝသသတင်း ထုတ်ပြန်ချက်များကို ဆက်လက် . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း-၂

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ်(သို့မဟုတ်)လေဖိအားနည်းရပ်ဝန်းအဆင့် system တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး နေ့လည်ပိုင်းနှင့် ညနေပိုင်းတွင် ပိုမိုအားကောင်းလာနိုင်မည့် အခြေအနေကို GFS ကွန်ပျူတာမော်ဒယ် ကြိုတင်ခန့်မှန်းချက်များ(Earth image နှင့် WUND image တို့တွင်) တွေ့ရပါသည်။ (ပုံ-၁ / ပုံ-၂)

GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်၏ Earth ပုံရိပ်များအရ စက်တင်ဘာလ ၅ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီတွင် 18.53° N, 87.76° E တွင် ဖြစ်ပေါ်လာနိုင်မည့် အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ ဗဟိုဖိအား 1000 hPa အထိ ကျဆင်းလာပြီး မြစ်ဝကျွန်းပေါ်ကမ်းနီးပင်လယ်ပြင် – 14.57° N, . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေ ကြိုတင်ခန့်မှန်း

ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် မြန်မာ့ပင်လယ်ပြင်အခြေအနေ

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း HALONG(11W) – ဖိလစ်ပိုင်အမည်(JOSE)သည် မြောက်-အရှေ့မြောက်အရပ်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး၊ ကြာသပတေးနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ အားလျော့သွားပြီး၊ သြဂုတ်လ ၇ ရက် နံနက်ပိုင်းတွင် အဆင့်-၂ တိုင်ဖွန်းတိုင်းအဖြစ်သို့ ပြန်လည် အားကောင်းလာပြီးမှ သြဂုတ်လ ၉ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်း HALONG ၏ လက်ရှိ အရွယ်အစား အချင်း ၈၃၅ ကီလိုမီတာ(၅၁၈ မိုင်ခန့်) ရှိကြောင်း သိရပါသည်။

Typhoon HALONG (JOSE) has moved north-northeast during the past . . . → Read More: ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် မြန်မာ့ပင်လယ်ပြင်အခြေအနေ

ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်

ဇူလိုင်လ ၂၉ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ် – Earth Application ကြိုတင် ခန့်မှန်းချက်အရ ဘင်္ဂလာပင်လယအော် မြောက်ပိုင်း၊ Pressure Altitude 850hPa မှ လေဖိအားနည်းရပ်ဝန်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက် ပစိဖိတ်အနောက်မြောက်ပိုင်းမှ INVEST 96W နှင့် အပူပိုင်း မုန်တိုင်း 11W(HALONG)တို့သည်လည်း အနောက်-အနောက်မြောက်ဘက်တို့သို့ ဆက်လက်ရွေ့လျားလျှက်ရှိကြောင်း တွေ့ရပါသည်။(ပုံ-၁)

ဇူလိုင် ၃ဝ ရက် မြန်မာစံတော်ချိန် ၁၂းဝဝ နာရီနောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ လေဖိအားနည်း ရပ်ဝန်းသည် အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအား ဖြတ်ကျော်၍ ကုန်းတွင်းသို့ ရောက်ရှိသွားမည့် အခြေအနေတွေ့ရပါသည်။ တစ်ချိန်တည်းမှာပင် အပူပိုင်းမုန်တိုင်း HALONG(11W)သည် ပိုမိုအားကောင်းလာပြီး . . . → Read More: ပစိဖိတ်အနောက်မြောက်(ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်)မှ မုန်တိုင်းများနှင့် ဘင်္ဂလားပင်လယ်အော်

အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

ဒီနေ့ နေ့လည်ပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လေဖိအားနည်းရပ်ဝန်း အနောက်ဘက်(အိန္ဒိယနိုင်ငံ ကုန်းတွင်းဘက်ကို တဖြည်းဖြည်း ရွေ့ပြီး ကျနော်တို့ ပင်လယ်ပြင်မှာ တဖြည်းဖြည်း ငြိမ်လာပါတော့မယ်လို့ GFS ကွန်ပျူတာမော်ဒယ် ကြိုတင် ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

မနက်ဖန် ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာတော့ အဲဒီ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းကို အတော်လေး ဝင်သွားပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ကုန်းပေါ်မှာဘဲ ဆက်ပြီး တည်ရှိနေဦးမယ်လို့ တွေ့ရပါတယ်(ပုံ-၁)၊ တစ်ချိန်တည်းမှာ ထိုင်ဝမ်ကျွန်းနားကို ရောက်လာတဲ့ မုန်တိုင်း MATMO(10W) ကလဲ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်ကို ရောက်လာပါမယ်၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်အဖျား(တိုင်ပေမြို့အနီးမှ)ကပ်လျှက် ဖြတ်ကျော်တိုက်ခတ်ပြီး တရုတ်ပြည်မ . . . → Read More: အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial . . . → Read More: ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 96B စတင် ဖြစ်ပေါ်လျှက်ရှိ

ဇွန်လ ၂၅ ရက် ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ စစ်တွေမြို့ အနောက်ဘက် မိုင် ၂၂ဝ ခန့်တွင် လေဖိအားနည်းဆဲလ် INVEST 96B ဖြစ်ပ်ါလျှက်ရှိပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်မြောက်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ INVEST 96B သည် 850 hPa(ပေ ၄၅ဝဝ ခန့်)တွင် ဗဟိုဖိအား 1002 hPa ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး၌ ကုန်းတွင်းသို့ ရွေ့လျားပြီး အားပျော့သွားမည်ဟု GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် တွေ့ရသဖြင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ရသော အခြေအနေမရှိပါ။

INVEST 96B ၏ ညာဘက်ရှိ . . . → Read More: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 96B စတင် ဖြစ်ပေါ်လျှက်ရှိ

ဖိလစ်ပိုင်ပင်လယ် အရှေ့ပိုင်းမှ 99W နှင့် မြန်မာ့ပင်လယ်ပြင် အခြေအနေ

အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် လေဖိအားနည်းဆဲလ်(INVEST 99W) စတင်ဖြစ်ပေါ်လျှက်ရှိပြီး၊ အနောက်ဘက် ဖိလစ်ပိုင်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။

INVEST 99W 25 Jun 2014 0000Z Location: 10.0 131.1 Winds: 15 knots Central Pressure: 1010 hPa

ကွန်ပျူတာမော်ဒယ်များတွင် မြန်မာ့ပင်လယ်ပြင်၌ မုန်တိုင်း/လေဖိအားနည်းဆဲလ် ဖြစ်ပေါ်မည့် အခြေအနေမရှိပါ၊

ဇွန်လ ၂၇ ရက်နောက်ပိုင်းမှ ဇူလိုင်လဆန်းအထိ မုတ်သုံလေအား အနည်းငယ်ကျဆင်းနေနိုင်ပြီး ဇူလိုင်လဆန်းပိုင်းမှ ပြန်လည် အားကောင်းလာဘွယ်ရှိကြောင်း၊ ဖေါ်ပြပါရက်ပိုင်းအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နိုင်မည့် လှိုင်းရွေ့လျားမည့် အခြေအနေ၊ လှိုင်းအမြင့်တို့ကို ပုံများဖြင့် ဖေါ်ပြပေးထားပါသည်။

INVEST 99W ဖြစ်ပေါ်လျှက်ရှိသည့် တည်နေရာနှင့် ကပ္ပလီပင်လယ်မြောက်ပိုင်း မုတ်သုံလေတိုက်ခတ်နေသည့် အခြေအနေ(အောက်ပုံ)   . . . → Read More: ဖိလစ်ပိုင်ပင်လယ် အရှေ့ပိုင်းမှ 99W နှင့် မြန်မာ့ပင်လယ်ပြင် အခြေအနေ