Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

JTWC သတိပေးထုတ်ပြန်ချက် အမှတ်-၂၅ အရ နိုဝင်ဘာလ ၁ဝ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် တွင် စူပါတိုင်ဖွန်းမုန်တိုင်းသည် အဆင့်-၃ (CAT-3)အဆင့်သို့ အားလျော့သွားပြီး မူလခန့်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ တောင်ဘက်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခြင်းမပြုတော့ပဲ ဒါနန်းမြို့ ကမ်းခြေ အနီး မိုင် ၄ဝ ခန့်မှ ကပ်၍ ဗီယက်နန် ကမ်းရိုးတန်း တလျှောက် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ နိုဝင်ဘာလ ၁၁ ရက် နံနက် အစောပိုင်းတွင် ဟနွိုင်းမြို့ တောင်ဘက် မိုင် ၉ဝ ခန့်မှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။(ပုံ)

09/06Z (TYPHOON 31W (HAIYAN) WARNING NR . . . → Read More: Follow up – စူပါတိုင်ဖွန်း HAIYAN – 31W

အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

အပူပိုင်းမုန်တိုင်း PAKHAR ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းနှင့် ကြုံတွေ့ရဘွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များမှာ မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းပေါ်မှ Can Gio Mangrove Biosphere Reserve ကြောင့် သက်သာရ ရနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ Boisphere အဖြစ် ကာကွယ်ထားသည့် ဒီရေတောမှာ မုန်တိုင်းဝင်ရာလမ်းကြောင်းတွင် စတုရန်းမိုင် ၃၀၀ ခန့် အကျယ်အဝန်းဖြင့် ကာကွယ်ပေးနိုင်မည့် အခြေအနေကိုလည်းတွေ့ရပါသည်။ အောက်ပုံတွင် မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်း ဦးတည်ရာအရပ်ပြ မြားအနီရောင်အောက်မှ အစိမ်းရောင် ကွင်းပြင်မှာ Can Gio Mangrove Biosphere Reserve ဖြစ်ပါသည်။

နောက်ဆုံး ရရှိသည့် မုန်တိုင်း PAKHAR ဝင်ရောက်မည့် လမ်းကြောင်းမှာ တောင်ဘက်သို့ အနည်းငယ် ကျသွားပြီး ဟိုချီမင်းစီးတီး လေဆိပ်အနီးမှ ကပ်၍ . . . → Read More: အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

မုန်တိုင်း PAKHAR ဗီယက်နန်ကမ်းခြေအား Phan Thiet နှင့် Vung Tau မြို့ ၂ မြို့ကြားမှ မနက်ဖန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (ဟောင်ကောင် စံတော်ချိန် ည ၇ နာရီမှ ဂ နာရီကြား)တွင် ဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်ကြောင်း JTWC မှ ရရှိသည့် သတင်းအချက်အလက်များအရ ဖိလစ်ပိုင်မိုးလေဝသဌာန Typhoon 2000 မှ ခန့်မှန်းထားပါသည်။

ဟောင်ကောင်စံတော်ချိန် = +8 UTC ၊ မြန်မာစံတော်ချိန်  = +6 hr 30 minutes

Tropical Storm PAKHAR (02W) continues to move slowly westward . . . → Read More: မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ . . . → Read More: ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ဟိုင်နန်ကျွန်းကို အခု ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း NALGAE(22W) ရဲ့ မုန်တိုင်းဗဟိုဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့တောင်ဘက်စွန်းကမ်းရိုးတန်းက အနီးဆုံး ကမ်းခြေနဲ့ မိုင် ၄ဝ အကွာကိုရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းအစပိုင်းကတော့ Linshui မြို့အနီးက ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ WUZHISHAN, BAOTING နဲ့ SANYA မြို့များကြားမှ ဖြတ်ကျော်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူများအတွက် NALGAE ရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာဦးမဲ့ မိုးကြီးမှု ရေလွှမ်းမှုနဲ့ မြေပြိုမှုအန္တရာယ်တွကို ကြိုတင် တွက်ဆထားပြီး အန္တရာယ်ကင်းအောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ရေကြီးမှု/မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁၆၆ ဦးအထိရှိသွားပြီဖြစ်ကြောင်းလဲ သိရပါတယ်။

. . . → Read More: ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

အပူပိုင်းမုန်တိုင်း NALGAE ထိုင်ဝမ်ကျွန်းနှင့် ဗီယက်နန်အလယ်ပိုင်းသို့ ဦးတည်လျှက်ရှိ

အပူပိုင်းမုန်တိုင်းအဖြစ်သို့ အနည်းငယ်အားလျော့သွားတဲ့ NALGAE(22w) ဟာ အောက်တိုဘာ ၃ ရက် မြန်မာစံတော်ချိန် မနက် ၆ နာရီခွဲမှာ ရရှိတဲ့ data aတွ အရ မကာအိုမြို့တောင်ဘက် မိုင် ၃၁ဝ ခန့်မှာ ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ တစ်နာရီ ၉ မိုင်နှုန်း ခန့်နဲ့ ဆက်လက် ရွေ့လျားနေတာတွေ့ရပါတယ်။

NALGAE ရဲ့ မုန်တိုင်း ဗဟိုဟာ ထိုင်ဝမ်ကျွန်း တောင်ပိုင်းကမ်းရိုးတန်းကို Sanya မြို့ပေါ်က ဖြတ်ပြီး လာမဲ့ ၃၆ နာရီအတွင်း ဝင်ရောက်ကာ ချက်ချင်းပဲ တုံကင်ပင်လယ်ကွေ့ကို ပြန်လည်ဆင်းသက်မယ်လို့ ခန့်မှန်းထားပါတယ်၊ တုံကင်ပင်လယ်ပြင်မှ အနောက်ဘက်ကို ဆက်လက် ရွေ့လျားပြီး၊ လာမဲ့ ၇၂ နာရီ နောက်ပိုင်းမှာတော့ ဗီယက်နန်နိုင်ငံ အလယ်ပိုင်း၊ . . . → Read More: အပူပိုင်းမုန်တိုင်း NALGAE ထိုင်ဝမ်ကျွန်းနှင့် ဗီယက်နန်အလယ်ပိုင်းသို့ ဦးတည်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း NESAT ဗီယက်နန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း NESAT သည် ယနေ့ မြန်မာစံတော်ချိန် ၆ နာရီ TYPHOON2000 မှ ရရှိသည့် data အရ ဗီယက်နန်ကမ်းခြေအား Quang Ninh ပြည်နယ် Ha Long မြို့ အရှေ့တောင်ဘက် မိုင် ၃ဝ ခန့်မှ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်လျှက်ရှိပြီး မုန်တိုင်းဗဟိုမှာ ကမ်းခြေကိုစတင်ကျော်ဖြတ်နေပြီဖြစ်ပါသည်။

လတ်တလောရရှိသည့် အချက်အလက်များတွင် မုန်တိုင်းဗဟိုသည် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း မြို့တော် ဟနွိုင်း၏ အရှေ့တောင်ဘက် ၁ဝ၅ မိုင်ခန့်တွင်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့  တစ်နာရီ ၂၆ ကီလိုမီတာ(တစ်နာရီ ၁၆.၁၅ မိုင်နှုန်း) ဖြင့်ရွေ့လျားနေပြီး၊ မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၁ဝ ကီလိုမီတာမှ ၁၄ဝ ကီလိုမီတာ(၆၈.၃၅ မိုင်မှ ၈၆.၉၉ မိုင်နှုန်း) ဖြင့် တိုက်ခတ်လျှက်ရှိကာ၊ . . . → Read More: တိုင်ဖွန်းမုန်တိုင်း NESAT ဗီယက်နန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်လျှက်ရှိ