11W – တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းစွန်းအား ဖြတ်ကျော်ဝင်ရောက်မည်

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 11W(ELEVEN) သည် အနောက်-အနောက်မြောက်ဘက် (Heading 288˚)သို့ တစ်နာရီ မိုင် ၂ဝ နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့ဘက် ၈၄၅ မိုင်ခန့်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ (ပုံ-၁)

လေဖိအားနည်းရပ်ဝန်း 11W ELEVEN 09 Aug 2013 0600Z Location: 13.8 133.5 Winds: 25 knots Central Pressure: 1004 hPa

လေဖိအားနည်းရပ်ဝန်း 11W သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး သြဂုတ်လ ၁၁ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီ နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်းအား လေတိုက်နှုန်း . . . → Read More: 11W – တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းစွန်းအား ဖြတ်ကျော်ဝင်ရောက်မည်

တောင်တရုတ်ပင်လယ်တွင် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ထပ်မံ ဖြစ်ပေါ်နိုင်ဘွယ်ရှိနေ

သြဂုတ်လ ၉ ရက် နံနက်ပိုင်တွင် ရရှိသည့် အချက်အလက်များအရ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့ဘက် ၉၅၉ မိုင်ခန့် ကွာဝေးသော ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း 11W (ELEVEN) သည် သြဂုတ်လ ၈ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမှ စတင်၍ ဖြစ်ပေါ်လျှက်ရှိပါသည်။ (ပုံ-၁)

လေဖိအားနည်းရပ်ဝန်း 11W ELEVEN 09 Aug 2013 0000Z Location: 13.3 135.1 Winds: 25 knots Central Pressure: 1004 hPa

လေဖိအားနည်းရပ်ဝန်း 11W သည် ပိုမိုအားကောင်းလာကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး သြဂုတ်လ ၈ ရက် . . . → Read More: တောင်တရုတ်ပင်လယ်တွင် အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ထပ်မံ ဖြစ်ပေါ်နိုင်ဘွယ်ရှိနေ

တိုင်ဖွန်းမုန်တိုင်း SOULIK အဖျားပိုင်း အိုကီနာဝါကျွန်းသို့ စတင်ရောက်ရှိ

တိုင်ဖွန်းမုန်တိုင်း SOULIK(07W) အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းသို့ လျော့ကျသွားပြီး မူလ ခန့်မှန်းလမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားလျှက်ရှိရာ အိုကီနာဝါကျွန်းသို့ မုန်တိုင်း အဖျားပိုင်း စတင်ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့ရပါသည်။

SOULIK သည် အနောက်ဘက်(Heading 275.7ْ)သို့ တစ်နာရီ ၁၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပြီး လာမည့် သောကြာနေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် တစ်နာရီ မိုင် ၁၅ဝ မှ ၁၈၄ မိုင်အထိ ရှိသော အလွန်အားကောင်းသည့် လေပြင်းတိုက်ခတ်မှုကို အိုကီနာဝါကျွန်းမှ ခံစားရဘွယ်ရှိကြောင်း Pacific Storm Tracker မှ အောက်ပါအတိုင်း သတင်း ထုတ်ပြန်ထားပါသည်။

6:30 a.m. Wednesday, July 10, Japan time: The bad news: . . . → Read More: တိုင်ဖွန်းမုန်တိုင်း SOULIK အဖျားပိုင်း အိုကီနာဝါကျွန်းသို့ စတင်ရောက်ရှိ

အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း လမ်းကြောင်း အနည်းငယ်ပြောင်းပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း 07W SOULIK သည် ဇူလိုင်လ ၁ဝ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data အရ အဆင့်-၄ CAT-4 TYPHOON မုန်တိုင်းအဆင့်သို့ ရောက်ရှိလာပြီး အနောက်-အနောက်မြောက်ဘက်(Heading 291.5˚) တစ်နာရီ ၁၅ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း SOULIK ၏ ဗဟိုချက်တွင် လေတိုက်နှုန်း ၁၂၅ နော်တီကယ်မိုင်(တစ်နာရီလျှင် ၁၄၅ မိုင်နှုန်းခန့်)ရှိပြီး၊ မုန်တိုင်းဒီလှိုင်း အမြင့် ၃၈ ပေအထိ ရှိမည်ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ချက် အမှတ်(၁ဝ) တွင် ဖေါ်ပြထားပါသည်။

တိုင်ဖွန်းမုန်တိုင်း 07W SOULIK သည် တရုတ်(ထိုင်ဝမ်ကျွန်း) တိုင်ပေမြို့ အရှေ့တောင်ဘက်(Bearing . . . → Read More: အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း လမ်းကြောင်း အနည်းငယ်ပြောင်းပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်လျှက်ရှိ

SOULIK-07W ၂၄ နာရီအတွင်း အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာမည်

အဆင့်-၃(CAT-3) တိုင်ဖွန်းမုန်တိုင်း SOULIK သည် ဇူလိုင်လ ၉ ရက် မြန်မာစံတော်ချိန် ၂ဝး၃ဝ နာရီတွင် ရရှိသည့် MTSAT ဂြိုလ်တုပုံ layer အရ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ဘက်(Bearing 68.02˚) မိုင် ၁၁၈ဝ ခန့်၊ တရုတ်(ထိုင်ဝမ်ကျွန်း) တိုင်ပေမြို့ အရှေ့တောင်ဘက်(Bearing 104.3˚) မိုင် ၁၁ဝဝ ခန့်၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ဘက်(Bearing 119.4˚) ၇၆၅ မိုင်ခန့်၊ တရုတ်(ပြည်မ) ရှန်ဟိုင်းမြို့ အရှေ့တောင်ဘက်(Bearing 112.6˚) တွင် တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်(Bearing 287.65˚)သို့ တစ်နာရီ ၁၃ မိုင်နှုန်း ခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

မုန်တိုင်း မျက်စေ့အား ယနေ့ ညနေပိုင်းမှ စတင်၍ ထင်ရှားစွာ . . . → Read More: SOULIK-07W ၂၄ နာရီအတွင်း အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာမည်

တိုင်ဖွန်းမုန်တိုင်း SOULIK အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမည်

ဖိလစ်ပိုင်ပင်လယ်ပြင် မြောက်ပိုင်းသို့ ဆက်လက်ဦးတည်ရွေ့လျားလာသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SOULIK (07W) သည် လာမည့် ၂၄ နာရီ(ဇူလိုင်လ ၁ဝ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ လည်းကောင်း၊ လာမည့် ၃၆ နာရီ(ဇူလိုင်လ ၁၁ ရက် မြန်မာစံတော်ချိန် ဝဝး၃ဝ နာရီတွင် အဆင့်-၄ အားကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီး အဖြစ်သို့လည်းကောင်း ရောက်ရှိလာနိုင်မည်ဟု အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများမှ နောက်ဆုံး ရရှိသည့် အချက်အလက်များအရ သိရပါသည်။

တိုင်ဖွန်းမုန်တိုင်း SOULIK ၏ နောက်ဆုံးရ တည်နေရာမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့မြောက်ဘက် မိုင် ၁၂၈ဝ ခန့်၊ ထိုင်ဝမ်ကျွန်း တိုင်ပေမြို့ အရှေ့တောင်ဘက် . . . → Read More: တိုင်ဖွန်းမုန်တိုင်း SOULIK အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာမည်

အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SOULIK တရုတ်အရှေ့တောင်ကမ်းခြေသို့ ဦးတည်လျှက်ရှိ

ပစိဖိတ်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိပြီး ဖိလစ်ပိုင်ပင်လယ် မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားလျှက်ရှိသော တိုင်ဖွန်းမုန်တိုင်း SOULIK(07W) သည် ပိုမိုအားကောင်းလာကာ အဆင့်-၂(CAT-2)တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပြီ ဖြစ်ပါသည်။

အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SOULIK ၏ မုန်တိုင်း ဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၈၅ မိုင်မှ ၁ဝ၅ မိုင်အထိရှိပြီး၊ နောက်ဆုံးရရှိသည့် အချက်အလက်များအရ အနောက်ဘက်သို့ တစ်နာရီ ၁၂ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိကြောင်း၊ မုန်တိုင်း ဒီလှိုင်းအမြင့် ပေ ၂ဝ ရှိကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၉၂၅ ကီလိုမီတာ(၅၇၅ မိုင်ခန့်) ရှိကြောင်း၊ ထိုင်ဝမ်ကျွန်းအရှေ့ဘက် Taiwan-Ishigakijima Area သို့ ဦးတည်ရွေ့လျားလျှက်ရှိကြောင်း သိရပါသည်။

JTWC နှင့် TSR ခန့်မှန်းချက်များအရ တိုင်ဖွန်းမုန်တိုင်း . . . → Read More: အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း SOULIK တရုတ်အရှေ့တောင်ကမ်းခြေသို့ ဦးတည်လျှက်ရှိ

ပစိဖိတ်အနောက်မြောက်ပိုင်းတွင် မုန်တိုင်း SOULIK-07W ဖြစ်ပေါ်လျှက်ရှိ

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် အပူပိုင်း မုန်တိုင်း SOULIK(07W) စတင်ဖြစ်ပေါ်လျှက်ရှိပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ လာမည့် ၂၄ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းသည် ဆက်လက် အားကောင်းလာပြီး လာမည့် ၇၂ နာရီအတွင်း(ဇူလိုင်လ ၁၁ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် အဆင့်-၂ တိုင်ဖွန်မုန်တိုင်း အဆင့်သို့ ရောက်ရှိကာ အနောက်အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း ယနေ့ ရရှိသည့် အချက်အလက်များအရ သိရပါသည်။

မုန်တိုင်းသည် ယခု လမ်းကြောင်းအတိုင်း ဆက်လက် ရွေ့လျားပါက ဖိလစ်ပိုင်နိုင်ငံ(လူဇုန်ကျွန်း) မြောက်ပိုင်း၊ ဂျပန်နိုင်ငံ ရုကျု(Rukyu Islands) နှင့် ထိုင်ဝမ်ကျွန်းတို့အနီးသို့ သို့ ယခု သီတင်းပတ်အကုန်ခန့်တွင် ရောက်လာဘွယ်ရှိကြောင်း . . . → Read More: ပစိဖိတ်အနောက်မြောက်ပိုင်းတွင် မုန်တိုင်း SOULIK-07W ဖြစ်ပေါ်လျှက်ရှိ

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ ဖိလစ်ပိုင်ပင်လယ်သို့ ဦးတည်ရွေ့လျားလာမည့် အပူပိုင်းမုန်တိုင်း GUCHOL

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း၌ ဇွန်လ ၁၁ ရက် နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ရောက်ရှိလာခဲ့သည့် လေဖိအားနည်းရပ်ဝန်း 05W  သည် ပိုမိုအားကောင်းလာကာ ဇွန်လ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ အပူပိုင်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အမည် GUCHOL(05W)  ဟု အမည်ပေးထားပါသည်။

အပူပိုင်းမုန်တိုင်း GUCHOL သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်၍ ရွေ့လျားရင်း ပိုမိုအားကောင်းလာကာ လာမည့် ၄၈ နာရီအတွင်း အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်း GUCHOL ၏ မုန်တိုင်းဗဟိုတွင် ဒီလှိုင်းအမြင့် ၁၃ ပေရှိပြီး၊ လက်ရှိ လေတိုက်နှုန်း တစ်နာရီမိုင် . . . → Read More: ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းမှ ဖိလစ်ပိုင်ပင်လယ်သို့ ဦးတည်ရွေ့လျားလာမည့် အပူပိုင်းမုန်တိုင်း GUCHOL

တိုင်ဖွန်းမုန်တိုင်း MAWAR အားလျော့လာပြီ

ဇွန်လ ၅ ရက် ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရရှိသည့် NRL data များအရ၊ တိုင်ဖွန်းမုန်တိုင်း MAWAR(04W) သည် – အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ လျော့ကျသွားကာ၊ အရှေ့ဖိလစ်ပိုင် ပင်လယ်ပြင်မှ ထွက်ခွာသွားပြီဖြစ်ပြီး အရှေ့မြောက်ဘက်သို့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတောင်ဘက် ၁၃၅ ခန့်မှ ဖြတ်သန်းရွေ့လျားလျက်ရှိပါသည်။

မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၈၅ ကီလိုမီတာ(၁၀၀ နော်တီကယ်မိုင်နှုန်း) ရှိနေပြီး၊ မုန်တိုင်းဒီလှိုင်းအမြင့် ၃၂ ပေ ရှိကာ၊ မုန်တိုင်းအရွယ်အစားမှာ အချင်း ၇၆၀ ကီလိုမီတာ(၄၁၀ နော်တီကယ်မိုင်) ရှိသည့် ကြီးမားသော အရွယ်အစားဖြစ်ပါသည်။

တိုင်ဖွန်းမုန်တိုင်း MAWAR oည် လာမည့် ၂၄ နာရီအတွင်း၊ . . . → Read More: တိုင်ဖွန်းမုန်တိုင်း MAWAR အားလျော့လာပြီ