တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

လက်ရှိအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း(30W – THIRTY)မှာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ကာ ဗီယက်နန်နိုင်ငံ တောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့်၊ ထိုင်းနိုင်ငံတောင်ပိုင်းတို့ကို ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့အတွင်း၌ ပိုမိုအားကောင်းလာမည် ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်းအား မြိတ်မြို့အနီးမှ အပူပိုင်းမုန်တိုင်း(TS အဆင့်ဖြင့်) ဖြတ်သန်းပြီး ကပ္ပလီပင်လယ်သို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။ (မြိတ်မြို့နှင့် အနီးတစ်ဝိုက်ကမ်းလွန်ပင်လယ်ပြင်အတွက် အထူး သတိပြုစောင့်ကြည့်ပြီး နိုဝင်ဘာလ ၉ ရက် မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်၊ အလားတူ မြစ်ဝကျွန်းပေါ်ကမ်းနီး/ကမ်းဝေးပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်မည့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်)

လေဖိအားနည်းရပ်ဝန်း 30W ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိပြီး . . . → Read More: တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း ၂ လုံး – 30W နှင့် 31W

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း MAWAR – အိုကီနာဝါကျွန်းအား စ ၍ တိုက်ခတ်နေပြီ

ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း MAWAR(04W – ဖိလစ်ပိုင်အမည် AMBO) သည် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းကြီး ဖြစ်လာပြီး မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၁၅ ကီလိုမီတာနှုန်းဖြင့် ဆက်လက် ရွေ့လျားလျှက်ရှိကြောင်း၊ မုန်တိုင်းအရွယ်အစားမှာလည်း ပိုမို ကြီးမားလာပြီး အချင်း ၇၉၅ ကီလိုမီတာ(၄၃၀ နော်တီကယ်မိုင်) ရှိလာပြီဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်မှ ၁၄၅ မိုင်နှုန်းအထိရှိမည်ဖြစ်ကြောင်း၊ T2K မှ ထုတ်ပြန်ထားပါသည်။

NRL data အရ ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း MAWAR သည် အိုကီနာဝါကျွန်း၏ တောင်-အနောက်တောင်ဘက် ၄၈၅ ကီလိုမီတာခန့်(၃၀၀ မိုင်ခန့်) . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း MAWAR – အိုကီနာဝါကျွန်းအား စ ၍ တိုက်ခတ်နေပြီ

တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် မြန်မာ့ ကမ်းရိုးတန်းမှ တိမ်တိုက်များ အခြေအနေ

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင်တွေ့မြင်ရသည့် မုန်တိုင်း မျက်စေ့ထင်ရှားစွာ ဖြစ်ပေါ်လာသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း MAWAR(04W – ဖိလစ်ပိုင်အမည် AMBO)နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ စတင်ကာ မြန်မာ့ ကမ်းရိုးတန်း တစ်ခုလုံးဖုံးလွှမ်းနေသည့် တိမ်တိုက်ကြီးကို တွေ့မြင်ရပါသည်။ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေသည့် MAWAR(AMBO) သည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာပြီး အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR မှ ခန့်မှန်းထားပါသည်။

Typhoon MAWAR (AMBO) maintains its intensification trend and is likely to become a Category . . . → Read More: တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် မြန်မာ့ ကမ်းရိုးတန်းမှ တိမ်တိုက်များ အခြေအနေ

တိုင်ဖွန်းမုန်တိုင်း SANVU-03W update

ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းသည် လာမည့် ၁၂ နာရီအတွင်း အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာပြီး၊ မုန်တိုင်းဗဟိုသည် ဂျပန်နိုင်ငံပိုင် IWO TO (TO CHICHI JIMA) ကျွန်းအနီးမှ ကပ်၍ ၂၄ နာရီအတွင်း ဖြတ်သန်းတိုက်ခတ်တော့မည်ဖြစ်ပါသည်။

မုန်တိုင်းဖြတ်သန်းတိုက်ခတ်စဉ် လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ မှ ၁၁၅ မိုင်အထိ တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင် ၁၀ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိကြောင်း၊ မုန်တိုင်းဗဟိုတွင် မုန်တိုင်းဒီလှိုင်းအမြင့် ပေ ၃၀ အထိရှိမည်ဖြစ်ကြောင်းနှင့် မုန်တိုင်းအရွယ်အစား အချင်း မိုင် ၄၀၀ ခန့် ရှိကြောင်း သိရပါသည်။

03W SANVU 25 . . . → Read More: တိုင်ဖွန်းမုန်တိုင်း SANVU-03W update

မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

မုန်တိုင်း PAKHAR ဗီယက်နန်ကမ်းခြေအား Phan Thiet နှင့် Vung Tau မြို့ ၂ မြို့ကြားမှ မနက်ဖန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (ဟောင်ကောင် စံတော်ချိန် ည ၇ နာရီမှ ဂ နာရီကြား)တွင် ဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်ကြောင်း JTWC မှ ရရှိသည့် သတင်းအချက်အလက်များအရ ဖိလစ်ပိုင်မိုးလေဝသဌာန Typhoon 2000 မှ ခန့်မှန်းထားပါသည်။

ဟောင်ကောင်စံတော်ချိန် = +8 UTC ၊ မြန်မာစံတော်ချိန်  = +6 hr 30 minutes

Tropical Storm PAKHAR (02W) continues to move slowly westward . . . → Read More: မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

တောင်တရုတ်ပင်လယ်မှ မုန်တိုင်း PAKHAR ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပြီ

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်း မုန်တိုင်း PAKHAR(02W) သည် ပိုမိုအားကောင်းလာပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာပါသည်။

မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံန့် ၆ နာရီခွဲ တွင် ရရှိသည့် NRL data များ အရ – တိုင်ဖွန်းမုန်တိုင်း PAKHAR သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး ဗီယက်နန်နိုင်ငံ ဟိုချီမင်း စီးတီး အရှေ့ဘက် မိုင် ၃၃၀ ခန့်အကွာတောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

တိုင်ဖွန်းမုန်တိုင်း PAKHAR သည် လာမည့် ၄၈ နာရီအတွင်း၊ မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် . . . → Read More: တောင်တရုတ်ပင်လယ်မှ မုန်တိုင်း PAKHAR ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပြီ

တိုင်ဖွန်းမုန်တိုင်း NALGAE တောင်တရုတ်ပင်လယ်သို့ ဝင်လာပြီ

တိုင်ဖွန်းမုန်တိုင်း NALGAE က တော့ ဖိလစ်ပိုင်ကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာပါပြီ၊ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး အင်္ဂါနေ့ (၄-၁ဝ-၁၁) နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းလောက်မှာ ဟိုင်နန်ကျွန်းတောင်ဘက်က ကပ်ဖြတ်ကာ ဗီယက်နန် အလယ်ပိုင်းကမ်းခြေတစ်နေရာမှ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ Typhoon2000 မှ လောလောဆယ် ခန့်မှန်းထားပါတယ်၊ အောက်တိုဘာလ ၁ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ(ဖိလစ်ပိုင်စံတော်ချိန် 8PM) မှာ ရတဲ့ data အရ NALGAE ဟာ အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာပြီလို့ သိရပါတယ်။

22W NALGAE – 01 Oct 2011 1200Z Location: 16.1 . . . → Read More: တိုင်ဖွန်းမုန်တိုင်း NALGAE တောင်တရုတ်ပင်လယ်သို့ ဝင်လာပြီ

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဝင်လာဦးမည့် တိုင်ဖွန်းမုန်တိုင်း NALGAE

ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်ပင်လယ်ပေါ်မှာ အားပိုကောင်းလာနေတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE ဟာ အနောက်ဘက်ကို တစ်နာရီ ၂၄ ကီလိုမီတာ(တစ်နာရီကို ၁၅ မိုင်နှုန်းခန့်) နဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဆီကို ဦးတည်ပြီး ဆက်လက် ရွေ့လျားနေပါတယ်။

၃ဝ-၉-၁၁ နေ့(သောကြာနေ့) မြန်မာစံတော်ချိန် ၄ နာရီ ဖိလစ်ပိုင်မိုးလေဝသဌာနထုတ်ပြန်ချက်မှာ မုန်တိုင်းဗဟိုမှာ လေတိုက်နှုန်း တစ်နာရီ ၁၅ဝ-၁၈၅ ကီလိုမီတာနှုန်း(93.20 mph – 114.95 mph) ရှိနေကြောင်း၊ လာမဲ့ စနေနေ့ ဖိလစ်ပိုင်စံတော်ချိန် မွန်းလွဲပိုင်းလောက်မှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း DIVILACAN မြို့နားမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်စဉ် လေပြင်းတိုက်ခတ်မှုဟာ တစ်နာရီကို ၁၈၅ ကီလိုမီတာ(တစ်နာရီ ၁၁၅ မိုင်နှုန်းခန့်) အထိ . . . → Read More: ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဝင်လာဦးမည့် တိုင်ဖွန်းမုန်တိုင်း NALGAE

တိုင်ဖွန်းမုန်တိုင်း NESAT ဗီယက်နန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်လျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း NESAT သည် ယနေ့ မြန်မာစံတော်ချိန် ၆ နာရီ TYPHOON2000 မှ ရရှိသည့် data အရ ဗီယက်နန်ကမ်းခြေအား Quang Ninh ပြည်နယ် Ha Long မြို့ အရှေ့တောင်ဘက် မိုင် ၃ဝ ခန့်မှ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်လျှက်ရှိပြီး မုန်တိုင်းဗဟိုမှာ ကမ်းခြေကိုစတင်ကျော်ဖြတ်နေပြီဖြစ်ပါသည်။

လတ်တလောရရှိသည့် အချက်အလက်များတွင် မုန်တိုင်းဗဟိုသည် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း မြို့တော် ဟနွိုင်း၏ အရှေ့တောင်ဘက် ၁ဝ၅ မိုင်ခန့်တွင်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့  တစ်နာရီ ၂၆ ကီလိုမီတာ(တစ်နာရီ ၁၆.၁၅ မိုင်နှုန်း) ဖြင့်ရွေ့လျားနေပြီး၊ မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၁ဝ ကီလိုမီတာမှ ၁၄ဝ ကီလိုမီတာ(၆၈.၃၅ မိုင်မှ ၈၆.၉၉ မိုင်နှုန်း) ဖြင့် တိုက်ခတ်လျှက်ရှိကာ၊ . . . → Read More: တိုင်ဖွန်းမုန်တိုင်း NESAT ဗီယက်နန်ကမ်းခြေကို ဝင်ရောက်တိုက်ခတ်လျှက်ရှိ

တောင်တရုတ်ပင်လယ်သို့ ဝင်တော့မည့် NESAT(PEDRING)

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း NESAT(21W) ဖိလစ်ပိုင်အမည် PEDRING သည် မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၇ ရက်၊ နံနက် ၁၁ နာရီ ဂြိုလ်တုပုံအရ တောင်တရုတ်ပင်လယ်သို့ စ တင်ဝင်ရောက်နေပြီဖြစ်ကြောင်းတွေ့ရပါသည်။ မုန်တိုင်းအရွယ်အစားမှာ အချင်း ၉ဝ၅ ကီလိုမီတာ(၄၉ဝ နော်တီကယ်မိုင်) ရှိနေဆဲ ဖြစ်ပြီး၊ မုန်တိုင်းဗဟိုတွင် လေတိုက်နှုန်း တစ်နာရီ ၁၉၅ ကီလိုမီတာမှ ၂၄ဝ ကီလိုမီတာ(တစ်နာရီ မိုင် ၁၂ဝ မှ မိုင် ၁၅ဝ) အထိရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်မိုးလေဝသဌာန Typhoon2000 ၏ အလိုအလျောက်တိုင်းတာရေးစခန်း Naga City မှ ၃၁ နာရီအတွင်း ရရှိသည့် မိုးရေချိန်စုစုပေါင်း ၂ဝ၉.၈ မီလီမီတာ(၈.၂၆ လက်မ) ရှိသွားပြီဖြစ်ကြောင်း . . . → Read More: တောင်တရုတ်ပင်လယ်သို့ ဝင်တော့မည့် NESAT(PEDRING)