အမြန်လမ်းမကြီးပေါ်မှ ယာဉ်မောင်းများသို့ အပိုင်း-၁

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ပေါ်ပေါက်လာသည့် အမြန်လမ်းမကြီး(ခေါ်)Express Way ပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုသတင်းများအား လစဉ်လိုလို တွေ့မြင်ကြားသိနေရပါသည်။ ထို့အပြင် အဆိုပါ မတော်တမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းခံအပေါ် လမ်းအား အပြစ်ဖို့သူများ ရှိကြသည်ကဲ့သို့ မတော်တဆ ဖြစ်ပွားရသည့် ယာဉ်မောင်းအပေါ်သို့လည်းကောင်း၊ အမြန်လမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ နယ်ခံ ရွာသူရွာသားများ၏ စည်းကမ်းမဲ့ လွှတ်ကျောင်းထားသော ကျွဲ/နွား/ခွေး အစရှိသည့် တိရိစ္ဆာန်များကြောင့် လည်းကောင်း၊ အနှီရွာသူရွာသားတို့ ကိုယ်တိုင် အမြန်လမ်းမကြီးပေါ်သို့ ဆိုင်ကယ်/စက်ဘီးတို့ဖြင့် လမ်းပြောင်းပြန် တက်ရောက်မောင်းနှင်ကြသောကြောင့်လည်းကောင်း၊ စသည် စသည်ဖြင့် ကိုယ်တွေ့ကြုံဆုံကြရသည့် အခြေအနေအတိုင်း မချွင်းမချန် ရင်ဖွင့်ပြောဆိုနေကြသည်ကိုလည်း ကြားသိနေရပါသည်။

ကျွန်တော်သည် ခရီးအလွန်ထွက်ရသည့် ကုမ္ပဏီအလုပ်တစ်ခု၌ ပါဝင် လုပ်ကိုင်နေသူဖြစ်ရကား .. တစ်လ လျှင် အနည်းဆုံး . . . → Read More: အမြန်လမ်းမကြီးပေါ်မှ ယာဉ်မောင်းများသို့ အပိုင်း-၁

အောက်ပိုင်းမှ ပြဿနာရှာခြင်း

ပြီးခဲ့တဲ့ ၁၅-၁-၂ဝ၁၁ စနေနေ့က မိတ်ဆွေတစ်ယောက်ကို အင်းတိုင်က တရားစခန်းတစ်ခုကို လိုက်ပို့ဖို့ အိမ်က ကားနဲ့ ထွက်ခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီကျော်ကျော်လောက်အိမ်က ထွက်လာကြပြီး အင်းတိုင်တရားစခန်းကို ၁နာရီ ခွဲလောက်မှာ ရောက်ကြပါတယ်။ တရားစခန်းဝင်မဲ့သူကို လိုအပ်တာတွေစီစဉ်ပေးပြီး အပြန်လမ်းမှာ လိုက်ပို့ပေးသူပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ စကားစမြည်ပြောရင်း မှန်မှန်ဘဲ မောင်းပြန်ခဲ့ကြပါတယ်။

ပျဉ်းမပင်နို့ချက်စက်ရုံကျော်ပြီး အကွေ့တစ်ခုမှာ ကားက ရုတ်တရက်နိမ့်ကျသွားပြိး ညာဘက်ကို ဆွဲဆင်းသွားပါတယ်။ ကံကောင်းထောက်မလို့ ဖြည်းဖြည်းဘဲ မောင်းလာတာကြောင့် နောက်ဆုံး အရှိန်သေပြီးတော့ ရပ်သွားပါတယ်၊ ကားရပ်မသွားခင် ဘယ်ညာကွေ့လို့ မရတော့တဲ့အပြင် ဘရိတ်လဲအုပ်လို့ မရတော့ပါ။ ဆင်းပြီး ဂျိုက်ထောက်၊ စစ်ကြည့်လိုက်တဲ့အခါ ညာဘက် အောက်ဘက်ဘောဂျွိုင့် (Lower-Right-Ball-joint)ပြုတ်သွားပြီး ညာဘက် ကားဘီးက ကားဘော်ဒီမှာ လာထောက်နေတာတွေ့ရပါတယ်၊ ပြီးတော့ butterfly-bar . . . → Read More: အောက်ပိုင်းမှ ပြဿနာရှာခြင်း

သတိပြူပါ။

ကျွန်တော်တခုပြောချင်ပါတယ်။ဟုတ်ပါတယ်အခုတလောရန်ကုန်နေပြည်တော်လမ်းမှာကားမှောက်မှုတွေတော်တော်ဖြစ်တာကိုတွေ့ရပါတယ်။ ထိုကဲ့သို့ဖြစ်တာဟာယာဉ်မတော်တဆမှုကြောင့်ဖြစ်တာထက်လူတွေသတိမမူလို့ဖြစ်တာကိုဖြစ် တာတွေ့ရတာများပါတယ်။ ညပိုင်းကားမောင်းတဲ့အခါအရှိန်ပြင်းစွာမမောင်းဖို့လိုပါတယ်ဘာကြောင့်လည်းဆိုတော့ည ပိုင်းမှာလူတွေရဲ့အမြင်အရုံခံစားမှုဟာနေ့ပိုင်းအမြင်အာရုံခံစားမှုထက်နည်းတာကြောင့်ပဲ့ဖြစ် ပါတယ်။ နောက်တချက်ကကားမောင်းတဲ့သူဟာအချိန်ကြာစွာမောင်းလာသည်နှင့်အမျှအိပ်ငိုက်လာတတ်ပါတယ်ထိုကဲ့သို့အိပ်ငိုက်လာတနှင့်ကားလက်ကိုင်စတီယာရင်ပေါ်မှာလက်ကိုင်ဘီးဟာနဲနဲ ယိမ်းတာနဲ့အရှိန်အလွန်ပြင်းတဲ့အတွက်ကားကိုရုတ်တရက်ဆွဲကွေ့လိုက်သလိုမျိုးဖြစ်သွားပီး ထိမ်းမနိုင်သိမ်းမရမျိုးဖြစ်သွားကာမှောက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

နောက်တချက်ကအရေးကြီးတာတခုကိုပြောပြချင်ပါတယ်။ ရန်ကုန်နေပြည်တော်လမ်းဟာကွန်ကရစ်လမ်းမကြီးပဲ့ဖြစ်ပါတယ်ကွန်ကရစ်လမ်းမဟာ ကတ်တရာလမ်းမနှင့်မတူတာကိုတွေ့ရပါတယ်။ပွတ်မှုအားဟာကွန်ကရစ်လမ်းကပိုများပါ တယ်။အရှိန်ပြင်းပြင်းနဲ့ကွေ့ရင်သိသာပါတယ်။ ဘလိပ်ဆွဲရင်လည်းအရမ်းဘလိပ်မိပါတယ်။ ကော်ကရစ်ရဲ့အပူပွကိန်းဟာကကတ်တရာရဲ့အပူပွကိန်းထက်ပိုများပါတယ်။ ကွန်ကရစ်ရဲ့နေ့ဘက်နေအပူချိန်ကိုကတ်တရာထက်ပိုပြီးစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်ကတ်တရာလမ်းမထက်အပူချိန်ပိုတက်တတ်ပါတယ်။ကားတာယာရဲ့အပူချိန်ဟာ ဟိုက်ဝေးမောင်းနေရတဲ့အတွက်အပုချိန်တက်နေရတဲ့အထဲပြင်ပကွန်ကရစ်လမ်းရဲ့အပူရှိန် ကြောင့်နှစ်ဆတက်လာပြီးတာရာကွဲဖို့ရာခိုင်နှုံးဟာအရမ်းများပါတယ်။ ထိုကြောင့်ကားဘီးကိုလေလျော့ထားဖို့လိုပါတယ်။ခဏခဏအနားပေးပြီးကားတာယာတွေကို ရေသန့်ဗူးသို့မဟုတ်ရေအေးများနဲ့ပက်ပေးဖို့လိုပါတယ် ခဏခဏယာဉ်ကိုအနားပေးပြီးဖြေးဖြေးမောင်းရင်ဘာမှဖြစ်မှာမဟုတ်ဘူး ဘဲလ်အသံကြားအောင်အထိအရှိန်ကိုမြှင့်မောင်းရင်တော့အကွေ့တို့ရုတ်တရက်လူတို့တိရိ စာန်တို့ပေါ်လာရင်ဘာမှလုပ်ဖို့အချိန်မရဘဲယာဉ်တိမ်းမှောက်မှုဖြစ်နိုင်ပါတယ်။ ဒါကြောင့်နေပြည်တော်အမြန်လမ်းကြီးမှာမောင်းနှင်မဲ့သူတွေသတိနဲ့မောင်းနှင်ရင်တော့ အနရယ်ကင်းမယ်လို့ထင်ပါတယ်။ အားလုံးအနရယ်ကင်းဝေးကျပါစေ။ heronaing/

Tyre Safety

အမြန်လမ်းမကြီးပေါ်က မတော်တဆဖြစ်မှုတွေမှာ မော်တော်ယာဉ်ဘီး(တာယာ) ကွဲပြီးဖြစ်ရတဲ့ အဖြစ်အပျက်ကများတာ တွေ့ရပါတယ်။

ကျနော့်ရဲ့ ညီတစ်ယောက်က Tyre Safety နဲ့ ပတ်သက်တဲ့ PDF file တစ်ခုကို EMail ကတစ်ဆင့် ပေးပို့လာတဲ့ အတွက် ဖတ်ကြည့်တဲ့အခါ တာယာတွေကို ကိုယ့်ရဲ့ ကားမှာလဲတပ်တဲ့အခါ ဒါမှမဟုတ် ကိုယ်ဝယ်လိုက်တဲ့ကားမှာ ပါလာတဲ့ တာယာတွေဟာ ဘယ်လို အခြေအနေဆိုတာကို ဘယ်လို ပုံမှန်စစ်ဆေးသင့်တယ်၊ အဲသလို စစ်ဆေးတဲ့အခါ ဘာတွေကို သိထားရမယ်စသည်ဖြင့် လေ့လာမှတ်သားစရာတွေ အများကြီး သိခဲ့ရပါတယ်။

Read TireSafety

MMW ပရိတ်သတ်များသာမက အမြန်လမ်းမှာရော၊ တခြား လမ်းမကြီးတွေ မှာရော၊ မြို့ပေါ်မှာရော ကားနဲ့ သွားလာနေကြသူတွေအတွက် အမှန်တကယ် လေ့လာသင့်တာကြောင့် အဆင်ပြေသလို စုဆောင်းဘာသာပြန်ပြီး . . . → Read More: Tyre Safety

အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော အမြန်လမ်းမကြီးအဖြစ်ပေါ်ပေါက်လာပြီးနောက် တဖြည်းဖြည်း လမ်းအသုံးပြုသူများလည်း တိုးတက်များပြားလာကြောင်းတွေ့ရပါသည်၊ အဝေးပြေးလမ်းမကြီးဟု ခေါ်ဆိုသော အမြန်လမ်းမကြီးပေါ်မှ ယာဉ်မတော်တဆဖြစ်ပွားမှုများ အကြောင်း မကြာခဏဆိုသလို ကြားနေရပြီး၊ ဖြစ်လိုက်လျှင်လည်း လူအသေအပျောက်များကြောင်း လေ့လာမိပါသည်။ ထို့ကြောင့် ကြားမိသမျှ မတော်တဆ ဖြစ်မှုများအကြောင်း နှင့် အဝေးပြေးလမ်းမပေါ်မှ ခရီးသွားအတွေ့ အကြုံရှိသူများ၏ ကိုယ်တွေ့ အကြောင်းများကို ဤ post တွင် လိုက်နာမှတ်သားစရာများအဖြစ် ပါဝင်ကူညီ ဖြည့်စွက်ရေးသားပေးခြင်းဖြင့် အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ ခရီးသွား ပြည်သူ၊ မိသားစုများ၏ အသက်အန္တရာယ်ကို ကာကွယ်မပေးနိုင်သည့်တိုင် အတိုင်းအတာ တစ်ခုအထိ၊ မှတ်သားလိုက်နာစရာများအဖြစ် ဖေါ်ပြပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အမြန်လမ်းမကြီးများတွင် ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကတ္တရာ လမ်းခင်ခြင်းတို့၏ ဆိုးခြင်းကောင်းခြင်းများကို လက်လှမ်းမီသမျှ စုဆောင်းတင်ပြလိုပါသည်။ ကွန်ကရစ်လမ်းခင်းခြင်းသည် (ကတ္တရာလမ်းထက်) –

. . . → Read More: အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ