အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း WUTIP-20W ၏ မုန်တိုင်း အဖျားပိုင်း ဗီယက်နန်ကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိ

တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း WUTIP သည် အဆင့်-၁ (CAT-1)တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ အားလျော့သွားပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်း အဖျားပိုင်းသည် ဗီယက်နန်နိုင်ငံ ကမ်းခြေအား Quang Binh ပြည်နယ် Dong Hoi မြို့ အနီးမှ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းဗဟိုသည် ဒါနန်းမြို့ မြောက်ဘက် မိုင် ၈ဝ ကျော်ခန့်သာ ဝေးကွာတော့ကြောင်း၊ ဖြတ်ကျော်ဝင်ရောက်မည့် လမ်းကြောင်းမှာ ဒါနန်းမြို့ အနောက်မြောက်ဘက် ၁၃ဝ မိုင်ခန့်ဖြစ်ပြီး၊ မုန်တိုင်း ဖြတ်ကျော်စဉ် မုန်တိုင်းဒီလှိုင်းအမြင့် ၂၅ ပေ ရှိပြီး၊ လေတိုက်နှုန်း တစ်နာရီ ၈၅ မိုင်မှ ၁ဝ၅ မိုင်ခန့်အထိ ရှိနိုင်မည်ဖြစ်ကြောင်း JTWC မှ ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ထုတ်ပြန်သည့် . . . → Read More: အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း WUTIP-20W ၏ မုန်တိုင်း အဖျားပိုင်း ဗီယက်နန်ကမ်းခြေအား စတင်ဖြတ်ကျော်လျှက်ရှိ

မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဘွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံများနှင့် လှုပ်ရှားမှုပုံရိပ်များ(animation) အရ တိုင်ဖွန်းမုန်တိုင်း HAIKUI ၏ အကြွင်းအကျန်များသည် ဗီယက်နန်၊ လာအိုနှင့် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလျှက်ရှိပါသည်။ တရုတ်ပြည်မကြီး တောင်ပိုင်းကို ကျော်ဖြတ်ပြီးပါက လာအ်ုနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လာမည့် ရက်အနည်းငယ်အတွင်း ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းရပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း နောက်(၂)အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သဖြင့် မိုးများမည့်အခြေအနေ၊ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကာကွယ်၊ ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် တင်ပြအပ်ပါသည်။

မုန်တိုင်း အကြွင်းအကျန်များကို  animation link  မှ တစ်ဆင့် ဆက်လက်စောင့်ကြည့်ပါသည်။

. . . → Read More: မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဘွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

မုန်တိုင်း WASHI(27W) – လေဖိအားနည်းရပ်ဝန်း ဖြစ်သွားပြီ

ဒီဇင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း WASHI သည် မူလခန့်မှန်းသည့် အတိုင်း လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ရှိသွားကာ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီးလာမည့် ၂၄ နာရီအတွင်း ခြောက်သွေ့အေးမြသည့် အရှေ့ မြောက် လေစီးကြောင်းများကြောင့် ပင်လယ်ပြင်တွင် လုံးဝ အားပျော့ပျက်ပြယ်သွားတော့မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းသည် လေဖိအားနည်းရပ်ဝန်းအဆင့်မရောက်မီ မြောက်ဘက်သို့ အနည်းငယ် ကွေ့ပြီး လမ်းကြောင်းပြောင်းသွားခဲ့ပါသည်။

27W WASHI – 19 Dec 2011 0600Z Location: 9.7 111.9 Winds: 30 knots Central Pressure: 1000 . . . → Read More: မုန်တိုင်း WASHI(27W) – လေဖိအားနည်းရပ်ဝန်း ဖြစ်သွားပြီ

ကမ္ဘာတစ်ဝှမ်းမှ ရေကြီးမှု ဖြစ်နိုင်ခြေဇယား

အောက်ဖေါ်ပြပါဇယားတွင် ကမ္ဘာတစ်ဝှမ်းမှ ရေကြီးမှုဖြစ်ပွားမည့်/ဖြစ်ပွားနေသည့် ဒေသများ၏ တည်နေရာအား လတ္တီတွဒ်/လောင်ဂျီတွဒ် အညွှန်းနှင့်ပြထားပြီး အနီးဆုံး မြို့/ဒေသ အမည်များကို ယှဉ်တွဲဖေါ်ပြပေးထားပါသည်