တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ရေကြီးနိုင်

မေလ ၂၁ ရက် မြန်မာစံတော်ချိန် ည ၂၂း၃ဝ နာရီတွင် ရရှိသည့် MTSAT LOW CLOUD ဂြိုလ်တုဓါတ်ပုံတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ မုတ္တမကွေ့နှင့် တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်းတို့၌ ဖြစ်ပေါ်နေသည့် တိမ်ထုအခြေအနေကို ပုံတွင် တွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)မှ ည ၇ နာရီအချိန် ထုတ်ပြန်ချက်တွင်လည်း မနက်ဖန်ညနေအထိ ခန့်မှန်းချက်အဖြစ် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့၌ နေရာအနှံ့အပြားမိုးရွာနိုင်ကြောင်း ခန့်မှန်းထားပြီး မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

TRMM မှ Flood Potential Using Hydrological Model တွင် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့၌ ရေကြီးနိုင်ကြောင်း ပုံဖေါ်ထုတ်ပြန်ထားသဖြင့် သတိပြုနိုင်ကြရန် တင်ပြအပ်ပါသည်။

နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ . . . → Read More: တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ရေကြီးနိုင်

တိုင်ဖွန်းမုန်တိုင်း HAIKUI အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိနေဆဲ

သြဂုတ်လ ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ တရုတ်ပြည်မအရှေ့တောင်ဘက်ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း HAIKUI ၏ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်သည် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၃ မိုင်ခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

12W HAIKUI – 10 Aug 2012 0000Z Location: 30.3 117.0 Winds: 25 knots Central Pressure: 1004 hPa

   MTSAT ဂြိုလ်တုမှ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်အား သြဂုတ်လ . . . → Read More: တိုင်ဖွန်းမုန်တိုင်း HAIKUI အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက် တည်ရှိနေဆဲ

မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဘွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

သြဂုတ်လ ၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၀၀၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံများနှင့် လှုပ်ရှားမှုပုံရိပ်များ(animation) အရ တိုင်ဖွန်းမုန်တိုင်း HAIKUI ၏ အကြွင်းအကျန်များသည် ဗီယက်နန်၊ လာအိုနှင့် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလျှက်ရှိပါသည်။ တရုတ်ပြည်မကြီး တောင်ပိုင်းကို ကျော်ဖြတ်ပြီးပါက လာအ်ုနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လာမည့် ရက်အနည်းငယ်အတွင်း ရောက်ရှိလာနိုင်မည်ဟု ခန့်မှန်းရပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း နောက်(၂)အတွက် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးပိုလာနိုင်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သဖြင့် မိုးများမည့်အခြေအနေ၊ မြစ်ရေမြင့်တက်မှု အခြေအနေများကို ကာကွယ်၊ ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ကြစေရန် တင်ပြအပ်ပါသည်။

မုန်တိုင်း အကြွင်းအကျန်များကို  animation link  မှ တစ်ဆင့် ဆက်လက်စောင့်ကြည့်ပါသည်။

. . . → Read More: မိုးများနေသည့် မြန်မာနိုင်ငံနှင့် ထပ်မံ ရွေ့လျားလာဘွယ်ရှိသည့် တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ

မြန်မာ့ပင်လယ်ပြင်နှင့် မိုးလေဝသ အခြေအနေ

ဇွန်လ ၈ ရက် မနက် – ၇ နာရီခွဲမှာ တွေ့ရတဲ့ ဂြိုလ်တုဓါတ်ပုံအရ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ဒေသတွေပေါ်မှာ တိမ်ထုစုဖွဲ့မှု အား ဆက်လက်ကောင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။(ပုံ-၁)

မနေ့က(ဇွန်လ ၇ ရက် ညနေပိုင်းမှာ) သုံးခွ မြို့နယ်၊ တံတားမြို့ဘက်မှာ လေပြင်းတိုက်ပြီး မိုးရွာတဲ့ အတွက် အိမ်အမိုးတွေ၊ စလောင်းတွေလန်ပြီး တချို့ အင်တင်နာ တိုင်တွေ ကျိုးကုန်တယ်၊ သစ်ကိုင်းတွေ ဓါတ်ကြိုးပေါ်ကျလို့ အခုထိ လျှပ်စစ်မီး ပြန်မရသေးဘူးလို့ ကြားရပါတယ်။

ဒီနေ့အတွက်လဲ Windshear Chart အရ အပေါ်မှာ ပြောခဲ့တဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ တစ်နာရီမိုင် ၂၀ မှ ၃၀ . . . → Read More: မြန်မာ့ပင်လယ်ပြင်နှင့် မိုးလေဝသ အခြေအနေ

ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက် တုံကင်ပင်လယ်ကွေ့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်း NALGAE(22W)ဟာ ဒီနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ရရှိတဲ့ data များအရ ဗီယက်နန်နိုင်ငံ QUANG BINH ပြည်နယ် – DONG HOI CITY ရဲ့ အရှေ့မြောက်ဘက် ၁ဝ၅ မိုင်ခန့်အကွာ တုံကင် ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေပြီး လွန်ခဲ့တဲ့ ၆ နာရီအတွင်း အနောက်တောင်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းခန့်နဲ့ ရွေ့လျားနေပါတယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်သွားတဲ့ NALGAE ရဲ့ ဗဟို ဟာ လာမဲ့ ၂၄ နာရီအတွင်း အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မတိုင်မီမှာ . . . → Read More: ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မည့် NALGAE

ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

ဟိုင်နန်ကျွန်းကို အခု ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ အပူပိုင်းမုန်တိုင်း NALGAE(22W) ရဲ့ မုန်တိုင်းဗဟိုဟာ ဟိုင်နန်ကျွန်းရဲ့ အရှေ့တောင်ဘက်စွန်းကမ်းရိုးတန်းက အနီးဆုံး ကမ်းခြေနဲ့ မိုင် ၄ဝ အကွာကိုရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းအစပိုင်းကတော့ Linshui မြို့အနီးက ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး၊ ဒီနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ WUZHISHAN, BAOTING နဲ့ SANYA မြို့များကြားမှ ဖြတ်ကျော်ပြီးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူများအတွက် NALGAE ရဲ့ အရှိန်ကြောင့် ဖြစ်ပေါ်လာဦးမဲ့ မိုးကြီးမှု ရေလွှမ်းမှုနဲ့ မြေပြိုမှုအန္တရာယ်တွကို ကြိုတင် တွက်ဆထားပြီး အန္တရာယ်ကင်းအောင် ပြင်ဆင်ထားကြဖို့ တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးမှာ ဖြစ်နေတဲ့ ရေကြီးမှု/မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေ ၁၆၆ ဦးအထိရှိသွားပြီဖြစ်ကြောင်းလဲ သိရပါတယ်။

. . . → Read More: ဟိုင်နန်ကျွန်းကို ဝင်တိုက်နေတဲ့ မုန်တိုင်း NALGAE

မိုးရေချိန်နှင့် ရေကြီးမှု ဖြစ်နိုင်ခြေ

အောက်ဖေါ်ပြပါပုံများသည် နာဆာ၏ TRMM(Tropical Rainfall Measuring Mission) မှ ရယူဖေါ်ပြခြင်းဖြစ်ပါသည်။ ဤစာမျက်နှာမှ ပုံများသည် အလိုအလျောက် update ဖြစ်ပါသည်။

GEOS-5 Forecast valid at: လာမည့် ၇၂ နာရီ အတွက် မိုးရေချိန်ခန့်မှန်းချက် ဖြစ်ပါသည်။Auto Updated ဖြစ်ပါသည်၊ စာမျက်နှာအား Refresh လုပ်၍ ကြည့်ပေးပါရန် …. လာမည့် ၂၄ နာရီအတွင်း ရေကြီးမှု ဖြစ်နိုင်ခြေ ခန့်မှန်းချက် ဖြစ်ပါသည်။Auto Updated ဖြစ်ပါသည်၊ စာမျက်နှာအား Refresh လုပ်၍ ကြည့်ပေးပါရန် ….

Hydro Model2

 

  လွန်ခဲ့သော ၇ ရက် အတွင်းရရှိသည့် မိုးရေချိန် ဖြစ်ပါသည်။Auto . . . → Read More: မိုးရေချိန်နှင့် ရေကြီးမှု ဖြစ်နိုင်ခြေ