ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

ချစ်သော MMW မိတ်ဆွေများ

ကျနော်အခုလေးဘဲ http://mmweather4u.cbox.ws/ စီဘောက်က old message တွေပြန်ဖတ်တော့ စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် အလူးအလည်းခံနေရတဲ့ ကျနော့်ကို သတိယပေးတဲ့သူတွေ၊ ဆုတောင်းပေးနေတဲ့သူတွေ ဖုန်းခေါ်ကြတဲ့မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့ဖုန်းတွေအားလုံး ဘက်ထရီကုန်သွားလို့ မိတ်ဆွေတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာအတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် လူလူချင်းမမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် အခုလိုအရေးကြုံလာတဲ့အခါတိုင်းမှာ သတိယပေးကြတဲ့အတွက် ဒီMMW လေးဟာကျနော့အတွက် ဘယ်တော့မှမမေ့နိုင်တော့တဲ့ နေရာလေးတစ်ခုဖြစ်သွားပါပြီ။ ကျနော့ဘဝမှာ အစ်ကိုတစ်ယောက်လိုအရမ်းရင်းနှီးခဲ့တဲ့ ဦးဝင်းနိုင် (ဦးဝယ်) နဲ့ပါတ်သက်ပြီး ရောက်လာခဲ့ရတဲ့ ဒီ MMW လေးမှာ ကျနော်တတ်စွမ်းသလောက် ယခုထက်ပိုပြီး ကျနော်ချစ်တဲ့ မြန်မာနိုင်ငံသူ/သားတွေ သဘာဝဘေးအန္တာရယ်ကို ကြိုတင်သိနိုင်အောင်/ ကာကွယ်နိုင်အောင် ဘာမှမတတ်သော်လည်း တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပြီးအစွမ်းကုန်ကြိုးစားကူညီပါ့မယ်။ MMW လေးရပ်တည်နိုင်အောင် ပံ့ပိုးပေးကြတဲ့ စေတနာရှင် မိဘပြည်သူများ၊ လုပ်ခမရဘဲ . . . → Read More: ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ