ဂီရိ မုန်တိုင်းဒဏ်ခံ ဒေသများအတွက် တာပေါ်လင် စ များ လိုအပ်လျှက်ရှိ

ဂီရိ မုန်တိုင်းဒဏ်ခံဒေသများတွင် တာပေါ်လင် စ များ လိုအပ်လျှက်ရှိနေကြောင်း သိရပါသဖြင့် NCV မှ တစ်ဆင့်လှူဒါန်းနိုင်ကြပါကြောင်း၊ ဆက်သွယ်ရန်လိပ်စာမှာ –

ဦးမောင်စိန်၊ ဥက္ကဋ္ဌ၊ အဆောင်(၃)၊ အခန်း(၃)၊ Myanmar Infotech, Noble Compassionate Volunteer (NCV) ဖုန်း ၆၅၂၂၆၇၊ ၆၅၂၂၆၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

ချစ်သော MMW မိတ်ဆွေများ

ကျနော်အခုလေးဘဲ http://mmweather4u.cbox.ws/ စီဘောက်က old message တွေပြန်ဖတ်တော့ စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် အလူးအလည်းခံနေရတဲ့ ကျနော့်ကို သတိယပေးတဲ့သူတွေ၊ ဆုတောင်းပေးနေတဲ့သူတွေ ဖုန်းခေါ်ကြတဲ့မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့ဖုန်းတွေအားလုံး ဘက်ထရီကုန်သွားလို့ မိတ်ဆွေတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာအတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် လူလူချင်းမမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် အခုလိုအရေးကြုံလာတဲ့အခါတိုင်းမှာ သတိယပေးကြတဲ့အတွက် ဒီMMW လေးဟာကျနော့အတွက် ဘယ်တော့မှမမေ့နိုင်တော့တဲ့ နေရာလေးတစ်ခုဖြစ်သွားပါပြီ။ ကျနော့ဘဝမှာ အစ်ကိုတစ်ယောက်လိုအရမ်းရင်းနှီးခဲ့တဲ့ ဦးဝင်းနိုင် (ဦးဝယ်) နဲ့ပါတ်သက်ပြီး ရောက်လာခဲ့ရတဲ့ ဒီ MMW လေးမှာ ကျနော်တတ်စွမ်းသလောက် ယခုထက်ပိုပြီး ကျနော်ချစ်တဲ့ မြန်မာနိုင်ငံသူ/သားတွေ သဘာဝဘေးအန္တာရယ်ကို ကြိုတင်သိနိုင်အောင်/ ကာကွယ်နိုင်အောင် ဘာမှမတတ်သော်လည်း တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပြီးအစွမ်းကုန်ကြိုးစားကူညီပါ့မယ်။ MMW လေးရပ်တည်နိုင်အောင် ပံ့ပိုးပေးကြတဲ့ စေတနာရှင် မိဘပြည်သူများ၊ လုပ်ခမရဘဲ . . . → Read More: ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

ကိုခင်ဇော်(kzaw)၏ ဖခင်ကြီးကွယ်လွန်အနိစ္စရောက်ကြောင်း ..

MMW အဖွဲ့ဝင် ကိုခင်ဇော် (kzaw)၏ ဖခင်ကြီးသည် ယနေ့ ၃-၉-၂ဝ၁ဝ နေ့ နေ့လည် ၁၂း၃ဝ နာရီတွင် ကွယ်လွန် အနိစ္စရောက်သွားပါကြောင်း MMW အဖွဲ့ဝင်များသို့ ဝမ်းနည်းစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ MMW အဖွဲ့အားလုံးကိုယ်စား ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း MMW CBOX မှ ကြေငြာအပ်ပါသည်။

ကိုခင်ဇော် ဖခင်ကြီး၏နာရေးသတင်းနှင့် ပတ်သက်၍ ထပ်မံသိရှိရသည်များကို ဆက်လက်ဖေါ်ပြပေးသွားပါဦးမည်။

PS ….

မကွယ်လွန်မီ နံနက်က MMW စီဘောက်တွင် MMW အဖွဲ့ဝင်များမှ ကိုခင်ဇော်အား ဝိုင်ဝန်းအားပေးခဲ့ကြသည့် conversation များနှင့် ကွယ်လွန်ပြီးယခုစာရေးချိန်အထိ စီဘောက်ပေါ်တွင် ပါဝင်ရေးသားခဲ့ကြသည့် MMW အဖွဲ့ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

မိုးဒီ : ကျနော် အမိရော အဖ . . . → Read More: ကိုခင်ဇော်(kzaw)၏ ဖခင်ကြီးကွယ်လွန်အနိစ္စရောက်ကြောင်း ..