နေမျက်နှာပြင်ရှေ့မှ ဖြတ်သန်းသွားမည့် သောကြာဂြိုလ်

၂၀၁၂ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက်ခင်း နေထွက်ပြီးချိန်မှ စ၍ အာဖရိက၊ ဥရောပနှင့် အာရှနိုင်ငံများမှ နေပေါ်တွင် သောကြာဂြိုလ်အား ဖြေးညှင်းစွာရွေ့လျားလျှက်ရှိသည့် အစက်အပြောက်ကလေးအဖြစ် တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် 01:32:17 မှ 04:49:46 UTC အချိန်အထိ(မြန်မာစံတော်ချိန် နံနက် ၀၈း၀၂ မိနစ်မှ ၁၁း၁၉ မိနစ်အထိ) နေ၏ အထက်ပိုင်းမှ ဖြတ်သွားသည့် သောကြာဂြိုလ်ကို တွေ့မြင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စတင် မြင်တွေ့ရမည့် အချိန်မှာ ဘန်ကောက်မြို့မှ မြင်ရသည့် အချိန်ထက် မိနစ် ၃၀ စောမည်ဖြစ်ပါသည်။

၁၇၆၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နောက်ပိုင်း ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက်နေ့က . . . → Read More: နေမျက်နှာပြင်ရှေ့မှ ဖြတ်သန်းသွားမည့် သောကြာဂြိုလ်

Solar Explosion

jin မေးတဲ့နေပေါက်ကွဲမှု Solar Explosion ဆိုတာလေးပါ။

နေကြီးဟာ ကျွန်တော်တို့နေထိုင်တဲ့စကြ်ာဝဠာကြီးကို စက္ကန့်မပြတ် အလင်းပေးနေတဲ့ သဘာဝကြီးက ဖန်တီးပေးထားတဲ့ မီးလုံးကြီးတခုနဲ့ တူပါတယ်။

အမြဲတစေ နေ့ညမပြတ် အလင်းရောင်ကို ထုတ်လွတ်ပေးနေခဲ့တာ စကြ်ာဝဠာကြီး တည်တဲ့နေ့က စတင်ပြီးတော့ ယခုနေ့အထိပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာ ကြီးနဲ့ နေကြီးဟာမိုင်ပေါင်း(93)သန်းခန့် ကွာဝေးပါတယ်။ နေကြီးဆီက အလင်းရောင်ကို တစက္ကန့်လျှင် 186000 m/s မိုင်နှုန်းနဲ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဆီကို ရောက်လာခဲ့တာပါ။ တကယ်ဆို နေဟာ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့လုံးကြီးတခုပါ ဓါတ်ငွေ့ကိုမီးလောင်ပေါက်ကွဲပြီး အပူနဲ့အလင်းကို ထုတ်လွတ်ပေးနေခဲ့တာပါ။ ထိုနေလုံးကြီးဟာ တစုတဝေးတည်း မီးလောင်ပေါက်ကွဲပြီး ဆင့်ကဲပြောင်းလဲဖြစ်စဉ်တွေ အစဉ်တစိုက် ဖြစ်ပေါ်နေခဲ့ရတာပါ။သို့ရာတွင် တခါတရံ မှာတော့ထူးခြားဖြစ်စဉ်အနေနဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ နေအတွင်းပေါက်ကွဲမှုမျိုး ဖြစ်ပေါ်တတ်ပါတယ်။ နေပေါက်ကွဲမှုဆိုတာဟာ . . . → Read More: Solar Explosion

အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

အပူပိုင်းမုန်တိုင်း PAKHAR ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းနှင့် ကြုံတွေ့ရဘွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များမှာ မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းပေါ်မှ Can Gio Mangrove Biosphere Reserve ကြောင့် သက်သာရ ရနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ Boisphere အဖြစ် ကာကွယ်ထားသည့် ဒီရေတောမှာ မုန်တိုင်းဝင်ရာလမ်းကြောင်းတွင် စတုရန်းမိုင် ၃၀၀ ခန့် အကျယ်အဝန်းဖြင့် ကာကွယ်ပေးနိုင်မည့် အခြေအနေကိုလည်းတွေ့ရပါသည်။ အောက်ပုံတွင် မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်း ဦးတည်ရာအရပ်ပြ မြားအနီရောင်အောက်မှ အစိမ်းရောင် ကွင်းပြင်မှာ Can Gio Mangrove Biosphere Reserve ဖြစ်ပါသည်။

နောက်ဆုံး ရရှိသည့် မုန်တိုင်း PAKHAR ဝင်ရောက်မည့် လမ်းကြောင်းမှာ တောင်ဘက်သို့ အနည်းငယ် ကျသွားပြီး ဟိုချီမင်းစီးတီး လေဆိပ်အနီးမှ ကပ်၍ . . . → Read More: အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

၂၀၁၂ ခုနှစ် မုန်တိုင်း ရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်း

MMWeather သည် ၂၀၁၂ မေ လတွင် ၄ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

၎ နှစ်တာ ကာလအတွင်း အတွေ့အကြုံ၊ ဗဟုသုတ များစွာရရှိခဲ့ပြီး၊ ရရှိသည့် အတွေ့အကြုံနှင့် ဗဟုသုတများအရ လာမည့် ဆယ်စုနှစ်များ၌ မြန်မာနိုင်ငံသည်သာမက၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပိုမိုဆိုးရွားပြင်းထန်သည့် သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးများနှင့် ရင်ဆိုင်ရမည့် အခြေအနေ သို့ ရောက်ရှိနေလျှက်ရှိကြောင်းနှင့် ကမ္ဘာ့သဘာဝဘေးအန္တရာယ်ကပ်ဆိုးများ ဖြစ်ပေါ်လျှက် ရှိနေကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့မြင်နိုင်ပါသည်။

ပင်လယ်သမုဒ္ဒရာရေပြင်မြင့်တက်လာခြင်း၊ ပြင်းထန်သည့် မုန်တိုင်းကြီးများ အချိန်တိုအတွင်း အားကောင်းလာကာ အန္တရာယ်ပေးနိုင်မည့် အခြေအနေသို့ ရောက်ရှိလာခြင်း၊ အပူလွန်ကဲလာခြင်းနှင့် အအေးလွန်ကဲလာခြင်းတို့သည် ကမ္ဘာနှင့်အဝှမ်းတွေ့မြင်သိရှိနေကြရပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ပြင်းထန်သည့် မုန်တိုင်းကြီးများ၏ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း မိုးရေချိန်များ၍ ရုတ်တရက် ရေလွှမ်းမိုးခြင်း၊ . . . → Read More: ၂၀၁၂ ခုနှစ် မုန်တိုင်း ရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်း

မုန်တိုင်းတစ်ခု ရုတ်တရက်အားကောင်းလာခြင်း

ရုတ်တရက် အားကောင်းလာခြင်း  နှင့်  ရုတ်တရက် အားအလွန်ကောင်းလာခြင်း – ဟူသည့် ဝေါဟာရကို မိုးလေဝသ ဘာသာရပ်တွင် Rapid Deepening and Explosive intensification ဟု ခေါ်ဆိုကြောင်း ပြီးခဲ့ ရက်ပိုင်းအတွင်းကမှ Wikipedia တွင် ရှာဖွေဖတ်ရှုလိုက်ရပါသည်။

သို့နှင့် ဆက်လက်လေ့လာကြည့်သောအခါ မုန်တိုင်းများဖြစ်ပေါ်သည့် အချိန်၌ စိတ်ဝင်စားစရာကောင်းပြီး၊ သတိပြုရမည့် “ရုတ်တရက် အားကောင်းရာမှ အားအလွန်ကောင်းလာသော အခြေအနေ” ကို ရှင်းလင်းရေးသားထားကြောင်း တွေ့ရှိရသဖြင့် မြန်မာဘာသာသို့ ပြန်ဆိုတင်ပြလိုက်ပါသည်။

Rapid Deepening ဟူသည် မိုးလေဝသဘာသာတွင် မြန်မာလိုတိုက်ရိုက်ဝေါဟာရ ရှိ/မရှိ မသိပါ – ရုတ်တရက် အားကောင်းလာခြင်း ဟု သဘောပေါက်ပါသည်။

အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသမှ ၂၄ နာရီအတွင်း ဖိအား . . . → Read More: မုန်တိုင်းတစ်ခု ရုတ်တရက်အားကောင်းလာခြင်း

တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

အောက်တိုဘာ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီမှ အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီအထိ (၂၄ နာရီအတွင်း) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း၊ ပဲခူးရိုးမတောင်ပေါ် ကျောက်မီးချောင်း ကြိုးဝိုင်း၊ ကရင်မျှောင်နေရာဒေသ၊ ဘန်းကုန်းဆည်အနီး၊ အမြင့်ပေ ၁ဝဝ ကျော်ခန့်ရှိသည့် တောင်တစ်ဝက်ခန့်(တောင်ထိပ်မှ အမြင့် ၂၅ ပေခန့်၊ အကျယ် တစ် ဧက ကျော်ခန့်အထိ တဖြည်းဖြည်း နိမ့်ကျသွားခဲ့ကြောင်း၊ ၄င်းတောင်“ ပတ်ဝန်းကျင်မှ တောင်အချို့လည်း တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ကြောင်း သိရပါသည်။

တစ်ဖန် .. အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် – တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာ အရှေ့ဘက် . . . → Read More: တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း

ဤဆောင်းပါးသည်မည်သူ့ကိုမျှ အပြစ်တင် အပြစ်ဖို့ရန် ရည်ရွယ်ချက် မရှိပါ၊ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးအန္တရာယ်အသီးသီးမှ တတ်နိုင်သရွေ့ကင်းဝေးစေခြင်းငှါ ရိုးသားပွင့်လင်းစွာ အကြံပြုတင်ပြခြင်းသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်၏ ခါးသည်းသောအတွေ့အကြုံများကို စတင်ကြုံတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါသည်။

၂ဝဝ၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးအပြီးတွင် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မုန်တိုင်းအန္တရာယ်၏ ကြောက်မက်ဘွယ်ဆိုးကျိုးများကို တွေ့မြင်သိရှိကြပြီးသည့်နောက်တွင် သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ဤမျှလောက် ကြီးမားသော ထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်ပေါ်စေတတ်သည်ကို ပိုမိုတွေ့မြင်သိရှိနားလည် သဘောပေါက်လာကြပါသည်။ ဆက်လက်၍ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အပူပိုင်း မုန်တိုင်း TWO တို့ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းဟု ခေါ်ဆိုခဲ့ရသော ဒေသများသို့တိုင်အောင် မိုးသည်းထန်ခြင်းကြောင့် ရေလွှမ်းမိုးရသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားခဲ့ရပါသည်။

မုန်တိုင်းဖြစ်ပေါ်လာမှု အခြေအနေနှင့် ဝင်ရောက်တိုက်ခတ်နိုင်မှု လမ်းကြောင်းစသည်တို့ကို မြန်မာနိုင်ငံ . . . → Read More: သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း

မြစ်ရေကြီးမှုကိုလေ့လာခြင်း

GDACS -Global Flood Detection System – Version 2 ဆိုတာကတော့ ဂျပန်နိုင်ငံ အမျိုးသား အာကာသ အေဂျင်စီ(NSDA) ရဲ့ AQUA mission က EOD Aqua ဂြိုလ်တုမှတစ်ဆင့် အဆင့်မြင့် မိုက်ခရိုဝေ့ ရေဒီယိုမီတာ နည်းပညာ Advanced Microwave Scanning Radiometer for the Earth Observing System (AMSR-E) အသုံးပြုပြီး ရရှိတဲ့ အချက်လက်တွေကို ရေနဲ့ပတ်သက်တဲ့ – Water-related Geophysical ပြောင်းလဲမှုတွေ၊ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ အချက်တွေ လေ့လာနိုင်အောင် တင်ပေးထားတဲ့ application တစ်ခု ဖြစ်ပါတယ်။

ဒီ mission ရဲ့ အခြားသော . . . → Read More: မြစ်ရေကြီးမှုကိုလေ့လာခြင်း

Bijili ကောလဟလ

ကျနော်တို့ရဲ့ MMW ကို မုန်တိုင်းသတင်းနဲ့ ပတ်သက်လို့ ဒီလို သတင်းတွေတော့ ထွက်နေတယ်၊ ဟုတ်လားမဟုတ်လား ပြောကြပါဦး စသည်ဖြင့် မေးကြတဲ့ သူတွေ ခဏခဏ ရှိပါတယ်၊ တကယ်တော့ ကောလဟလ သတင်းတွေကို ဖြန့်နေကြတာ ဘာကြောင့်ပါလိမ့်လို့ စဉ်းစားစရာပါဘဲ – ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို မုန်တိုင်းကြီးဝင်တိုက်တော့မယ် – အပြင်မထွက်ကြနဲ့ လို့ အစချီပြီး ထွက်လာတဲ့ မုန်တိုင်း သတင်းက ၂ဝဝ၉ ခုနှစ် ဧပြီလအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်က ကပ်ပြီး ဖြတ်ဝင်သွားခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဘီဂျလီ(01B) နဲ့ ပတ်သက်တဲ့ ကောလဟလ ပဲ ထွက်လာတတ်ပါတယ်၊

ခဏခဏ ထွက်လာတတ်တဲ့ ကောလဟလ သတင်းဖြစ်ပြီး ထွက်လာတိုင်းလဲ . . . → Read More: Bijili ကောလဟလ

နေပေါက်ကွဲမှုများကြောင့်ဆက်သွယ်ရေးလုပ်ငန်းများထိခိုက်နိုင်။

http://img01.imagecanon.com/img.php?view=698c436019cb76d0d03d412542f24bbf

လေးနှစ်အတွင်းအကြီးမားဆုံးပေါက်ကွဲမှုအဖြစ်လွန်ခဲ့သည့်တနင်္လာနေ့မှစတင်ပြီးနေတွင်အစက်အပျောက်ကြီးများထွက်ပေါ်

လာလျှက်ပေါက်ကွဲလျှက်ရှိသည်ဟုသတင်းဌာနများမှဖေါ်ပြခဲ့ပါသည်။

http://img01.imagecanon.com/img.php?view=2ca2468de52c9cf58752f6e7e66985cf

ထိုကဲ့သို့နေပေါက်ကွဲမှုများကြောင့်ကမ္ဘာကြီးဆီဆို့ဓါတ်ရောင်ချည်ဖြာထွက်မှုများသည်ကြာသပတေးနေ့နှင့်သောင်္ကြာနေ့

များတွင်ရောက်ရှိနိုင်ပြီးကျွန်တော်တို့ဆီမှဆက်သွယ်ရေးကွန်ယက်များဂြိုလ်တုဆက်သွယ်ရေးစနစ်၊GPSစနစ်များကိုထိခိုက်

နိုင်သည်ဟုဆိုပါသည်။

တိုကဲ့သို့ပေါက်ကွဲမှုမျိုးသည်(11)နှစ်ကြာလျှင်တကြိမ်ဖြစ်ပေါ်နိုင်ပြီးအခုပေါက်ကွဲမှုသည်သာမန်ပေါက်ကွဲမှုဖြစ်ရိုးဖြစ်စဉ်မျိုး

မဟုတ်ပဲဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။သာမန်ပေါက်ကွဲမှုအတွက်လာမည့်(2013)ခုနှစ်တွင်တကြိမ်ထပ်မံဖြစ်ပေါ်နိုင်ဦးမည်

ဟုပညာရှင်များကပြောကြားခဲ့ပါသည်။