အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အတွက် အပြည်ပြည်ဆိုင်ရာမုန်တိုင်းအမည်များ

မုန်တိုင်းများဖြစ်လာပါက အပြည်ပြည်ဆိုင်ရာမှ မီဒီယာသတင်းများ မှန်ကန်စေရေး၊ သတိပေးထုတ်ပြန်ချက်များအပေါ် ပိုမိုစိတ်ပါဝင်စားမှု ရှိစေရေးနှင့် မုန်တိုင်း အန္တရာယ်ကျရောက်နိုင်မည့် လူမှုအသိုင်းအဝန်းအတွက် ကြိုတင်ပြင်ဆင်မှုများ တိုးတက်လုပ်ဆောင်နိုင်ကြစေရေး စသည့်အချက်များကြောင့် မုန်တိုင်းများကို လွယ်ကူလျှင်မြန်စွာ ခွဲခြား သတ်မှတ်နိုင်ကြစေရန် အပြည်ပြည်ဆိုင်ရာ အမည်ပေးခြင်းကို လွန်ခဲ့သည့် နှစ်များစွာကပင် စတင်လုပ်ဆောင်လာခဲ့ကြပါသည်။

အစပိုင်းတွင် မုန်တိုင်း အမည်များကို အဆင်ပြေသလို ပေးခဲ့ကြသော်လည်း ၂ဝ ရာစု အလယ်ပိုင်းမှ စတင်၍ မုန်တိုင်းများ၏အမည်ကို အမျိုးသမီးအမည်များ ပေးခဲ့ကြကြောင်း၊ မိုးလေဝသပညာရှင်များက ထိုအမည်များကို အင်္ဂလိပ်အက္ခရာစဉ်အလိုက် (ဥပမာ – A=Anne – နှစ်တစ်နှစ်အတွက် ပထမဦးဆုံး စတင်ဖြစ်ပေါ်သည့် မုန်တိုင်း) အမည်ပေးရန် နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ၁၉၅၃ ခုနှစ်မှ စတင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ၌ဖြစ်ပေါ်သော မုန်တိုင်းများကို အပြည်ပြည်ဆိုင်ရာ . . . → Read More: အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့အတွက် အပြည်ပြည်ဆိုင်ရာမုန်တိုင်းအမည်များ

MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ကျနော်တို့ရဲ့ MMWeather က မိုးလေဝသပညာရှင်တွေ မပါဘဲ ကွန်ပျူတာပညာရှင်တွေနဲ့ မိုးလေဝသပညာရဲ့ အတိမ်အနက်-သဘောသဘာဝတွေကို နာဂစ်မုန်တိုင်း တိုက်ခံရပြီးမှ စိတ်ဝင်တစား လေ့လာခဲ့တာ အခုဆိုရင် ၆ နှစ်ကျော်ပါပြီ။ MMWeather ရဲ့ Main website ကို http://mmweather.com နဲ့ ကြိုတင်အသိပေးချက် မှတ်တမ်းများကို http://blog.mmweather.com မှာ အသိပေး ရေးသားတင်ပြပေးနေပါတယ်။ အခုခေတ်ရဲ့ လူသိများခေတ်စားနေတဲ့ Facebook မှာ https://www.facebook.com/mmweather (MMWeather Page) နဲ့ https://www.facebook.com/groups/mmweather/ (MMweather Group) ကို လဲ တည်ဆောက်ပေးထားပါတယ်။

ကျနော်တို့က ကွန်ပျူတာကို အခြေခံပြီး လေ့လာကြရတာဖြစ်တဲ့အတွက် သေချာတဲ့ ကွန်ပျူတာမော်ဒယ်တွေက ခန့်မှန်းချက်တွေကို ရှာဖွေလေ့လာတဲ့အခါ တိကျသေချာမှု အရှိဆုံး မော်ဒယ်အဖြစ် “အမေရိကန်နိုင်ငံ . . . → Read More: MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

အချိန်နှင့်တစ်ပြေးညီသတင်း VS ကြိုတင်အသိပေးသတင်း

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးလေဝသဖြစ်စဉ်များသည် ဆယ်စုနှစ်တစ်ခုအတွင်း အန္တရာယ်ကြီးမားသော/ပျက်စီးဆုံးရှုံးမှုကြီးမားသော သဘာဝဘေးအန္တရာယ်တစ်ခုအဆင့်သို့သို့ရောက်ရှိလာကြောင်း ယနေ့ကမ္ဘာအရပ်ရပ်တွင် ကြုံတွေ့ ခံစားရလျှက်ရှိသည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များက ထင်ဟပ်လျှက်ရှိပါသည်။

အချိန်နှင့်တစ်ပြေးညီသတင်း(မီဒီယာကဏ္ဍ) လတ်တလောဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား တိုက်ခတ်ခဲ့သည့် အဆင့်-၅ စူပါတိုင်ဖွန်းမုန်တိုင်းသည် တစ်နာရီလျှင် ၂၃၅ မိုင်နှုန်း(တစ်နာရီ ၃၈ဝ ကီလိုမီတာနှုန်း)အထိအားပြင်းသောလေပြင်းများအပြင် ၅၄ ပေ အမြင့်ရှိသည့် မုန်တိုင်းဒီလှိုင်းများ(ကမ်းခြေအား ဖြတ်ကျော်စဉ် ၁၅ ပေမှ ပေ ၂ဝ ခန့်အထိ လျော့ကျ)ကြောင့် ငလျင်ကြီးလှုပ်အပြီး ဆူနာမီရေလှိုင်းများ ဝင်ရောက်သည့်ပမာအလား ဖိလစ်ပိုင်နိုင်ငံ Talcoban မြို့အား ဝင်ရောက်ဖျက်ဆီးခဲ့သည်ကို သတင်းထုတ်ပြန်ချက်များတွင် အချိန်နှင့်တစ်ပြေးညီ တွေ့ရ၊ မြင်ရ၊ သိရှိရပါသည်။

စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် လူ့အသက်များ ရာနှင့်ချီ၍ သေကြေပျက်စီးရသည့်အပြင် အဆောက်အဦ ၉ဝ% ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မုန်တိုင်းဒဏ်မှ ခိုလှုံရာ . . . → Read More: အချိန်နှင့်တစ်ပြေးညီသတင်း VS ကြိုတင်အသိပေးသတင်း

နှုတ်ဆက်ရတော့မည့် ၂ဝ၁၃ ခုနှစ် မုန်တိုင်းရာသီ

၂ဝ၁၃ ခုနှစ်၏ မိုးရာသီ၊ မုတ်သုံရာသီနှင့် မုန်တိုင်းရာသီတို့ ကုန်ဆုံးတော့မည်။ သဘာဝတရားကြီးသည် ကျွန်ုပ်တို့အား ယခင်နှစ်များကဲ့သို့ မတူညီသည့် အရသာကို ပေးစွမ်းနိုင်ဆဲ၊ ပေးနေဆဲ ဖြစ်ပြီး ကျွန်ုပ်တို့ လူသားများကလည်း အလူးအလဲ ခံစားနေရဆဲ ဖြစ်၏။ မိုးလေဝသပညာရပ်သည် အလွန်နက်နဲပြီး ခန့်မှန်းရခက်ခဲသည့် သဘာဝတရားကို လေ့လာသည့် ပညာရပ်ဖြစ်သည့် အားလျှော်စွာ တိကျမှန်ကန်သည့် သတင်းထုတ်ပြန်ရေးမှာလည်း ခက်ခဲကြောင်း မိုးလေဝသပညာရှင်ကြီးများ၏ ခန့်မှန်းချက်၊ စာအရေးအသား၊ ယေါဟာရအသုံးအနှုံးမှ စ၍ သတင်းထုတ်ပြန်ချက်များအထိ လေ့လာသင်ယူ၍ မကုန်နိုင်ပါကြောင်း သာမန်ပြည်သူတစ်ဦးအနေဖြင့် ဝန်ခံရပေမည်။

အထက်အညာဒေသက မိုးကိုမျှော်နေစဉ် မိုးက မလာ၊ လာတော့လည်း အလုံးအရင်းနှင့်လာ၏။ စိတ်ဆိုးမာန်ဆိုး လာ၏။ အကြွေးမျှော်နေသူကို လာဆပ်သည့်ပမာ “သည်လောက်တောင် ရှိလှတာ ရော့ – အင့်” . . . → Read More: နှုတ်ဆက်ရတော့မည့် ၂ဝ၁၃ ခုနှစ် မုန်တိုင်းရာသီ

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (အဆုံး)

by ကို သာ ပို on Saturday, August 11, 2012 at 2:02pm ·

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃) မှ အဆက်…

သဲအိတ်များကို ရေတိုက်စားခြင်း လှိုင်းပုတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ရလေအောင် ရေတိုးရာ ရေဦးတိုက် နေရာများတွင် အောက်ဖော်ပြပါ ပုံကဲ့သို့ သေသေချာချာ ကာကွယ်နိုင်သော အကာအရံများ ထပ်မံဖြည့်သွင်း တည်ဆောက် ထားသင့်ပါသေးသည်။ ထိုသို့ တည်ဆောက်ရာတွင် ခိုင်ခံသော သစ်သားများကို အသုံးပြုပြီး အခြေကိုလဲ ရေတိုက်စားခြင်း မရှိရလေအောင် သေသေချာချာ စီမံပြုလုပ် အသုံးပြုသင့်ပါသည်။

ထပ်မံ၍ သဲအိတ်များ စီရာတွင် ရှောင်ရှားသင့်သည်များ၊ ဖြစ်တတ်သည့် အမှားများနှင့် လိုက်နာဆောင်ရွက်ရန် . . . → Read More: သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (အဆုံး)

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃)

by ကို သာ ပို on Saturday, August 11, 2012 at 10:01am · ၏ Facebook Note မှ ကူးယူ ဖေါ်ပြပါသည်။

တာပုံ သဲအိတ်စီနည်းကို ပိုမိုကောင်းမွန်အောင် အလွယ်တကူ ရေမဝင်နိုင်စေရန် ပလပ်စတစ်အလွှာတွေ အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ကြာရှည်စွာ ရေတက်နေ၊ ရေကြီးတတ်တဲ့ ဒေသတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပလပ်စတစ်အစတွေကို ပြုလုပ်ထားတဲ့ သဲအိတ်တာပေါ်မှာ ထပ်ပြီးခင်းတဲ့သဘောပါ။ တော်ရုံနဲ့ ရေမစိမ့်နိုင်တော့သလို ရေတိုးနေတဲ့ ဒဏ်ကိုလဲ ခံနိုင်ရည် ပိုရှိလာပါမယ်။

 

ပုံ (၁၁) ပလပ်စတစ်အားဖြည့် သဲအိတ်တာ

 

ပလပ်စတစ်အစကို ရေလာရာဘက် . . . → Read More: သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၃)

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၂)

by ကို သာ ပို on Saturday, August 11, 2012 at 7:57am · ၏ Facebook Note မှ ကူးယူ ဖေါ်ပြပါသည်။

ရှေ့အပိုင်းက အဆက်ဖြစ်တဲ့ တာပုံစီနည်းမှာ သဲအိတ်တာရဲ့အခြေကို သဲအိတ်တာရဲ့ အမြင့်ရဲ့ နှစ်ဆနဲ့ စီတဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။

 

ပုံ (၄) တာပုံစီနည်း (၂)

 

သဲအိတ်တွေကို စီတဲ့နေရာမှာ သဲအိတ်တွေကို အချင်းချင်း ထပ်တဲ့နေရာဟာ အလွန်အရေးကြီးပါတယ်။ သဲအိတ်တွေကို တစ်ဝက်၊ ဒါမှမဟုတ် သုံးပုံ နှစ်ပုံပဲ ထည့်ထားတဲ့အတွက် သံအိတ်တွေမှာ သဲမရှိတဲ့ အပိုင်းတွေ ရှိနေပါလိမ့်မယ်။ အဲ့ဒိ သဲလွတ်နေတဲ့ အိတ်ခွံအပိုင်းကို . . . → Read More: သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၂)

သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၁)

by ကို သာ ပို on Friday, August 10, 2012 at 11:46pm · ၏ Facebook Note မှ ကူးယူ ဖေါ်ပြပါသည်။

ခုတလော မြန်မာပြည်မှာ မိုးတွေရွာတယ် ရေတွေကြီးတယ်ဆိုတော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ မိုးမရွာတော့လဲ မရွာလို့ ရွာလိုက်တော့လဲ ရွဲ့သလားမှတ်ရတယ် ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် ရေကြီးတယ် ရေလျှံတယ်ဆိုတာတွေ နားမဆံအောင် ကြားနေရတဲ့ တို့ပြည် ဖြစ်နေပါပေါ့။ ရေဘေးကြောင့် ဒုက္ခတွေရောက်ကြတာ ကြားရ မြင်ရတာ အင်မတန်မှ စိတ်ညစ်ညူးဖို့ ကောင်းလှပါတယ်။

 

ဒီလိုအချိန်မှာ အရင်တုန်းက NGO တစ်ခုမှာ လုပ်တုန်းက ရေကြီးရင် အရေးပေါ် သဲအိတ်တွေ နဲ့ကာကွယ်ရမယ့် . . . → Read More: သဲအိတ်နဲ့ ရေကြီးတာကို ကာကွယ်ကြမယ် (၁)

လေဖိအားနည်းဆဲလ် 93W နှင့် 95W

ဇူလိုင်လ ၂၇ ရက် JTWC ရဲ့ ဂြိုလ်တုဓါတ်ပုံမှာ ပစိဖိတ်အနောက်မြောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာ လေဖိအားနည်းဆဲလ် ၂ ခု(93W နဲ့ 95W) ဖြစ်နေတာ တွေ့ရပြီး၊ အိန္ဒိယသမုဒ္ဒရာမှာတော့ လေဖိအားနည်းဆဲလ်အဆင့်တောင်မှ ဖြစ်ပေါ်ခြင်း မရှိတာတွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်က လေဖိအားနည်းဆဲလ် ၂ ခုမှာ 93W က မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ အဆင့် – MEDIUM အထိ ရှိနေပြီး၊ 95W ကတော့ LOW အဆင့်မှာသာ ရှိသေးတာကိုလဲ တွေ့ရပါတယ်။

93W – 27 Jul 2012 0000Z Location: 12.2 133.1 Winds: 20 knots Central Pressure: 1007 . . . → Read More: လေဖိအားနည်းဆဲလ် 93W နှင့် 95W

ငလျင်တစ်ခု၏ အင်အား ဘယ်လောက်ပြင်းသလဲ?

ငလျင်ပြင်းအား နှိုင်းယှဉ်တွက်ချက်ခြင်း

ငလျင်တစ်ခု လှုပ်ခတ်ရာတွင် ပြင်းအား ရစ်ချစ်တာ စကေး ၄ ရသည် ဆိုပါစို့၊ အကယ်၍ ပြင်းအား ၄ လှုပ်ခတ်မည့် အစား ပြင်းအား ၇ အဆင့်လှုပ်မည်ဆိုလျှင် ပြင်းအား ၇ အဆင့်လှုပ်သည့် ငလျင်သည် ပြင်းအား အဆင့် ၄ ထက် – အဆပေါင်း ၁၀၀၀ ပိုမို ပြင်းထန်ကြောင်း တွက်ချက် ယူနိုင်ပေသည်။ ထိုကဲ့သို့ တွက်ချက်ရန် အောက်ပါ ညီမျှခြင်းကို မိမိ လိုအပ်သည့် ကိန်းဂဏန်းများဖြင့် အစားထိုးတွက်ချက်ရယူနိုင်ပါသည် –

A magnitude 8.7 earthquake is 794 times BIGGER on a seismogram than . . . → Read More: ငလျင်တစ်ခု၏ အင်အား ဘယ်လောက်ပြင်းသလဲ?