အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

ဒီနေ့ နေ့လည်ပိုင်းက စ ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က လေဖိအားနည်းရပ်ဝန်း အနောက်ဘက်(အိန္ဒိယနိုင်ငံ ကုန်းတွင်းဘက်ကို တဖြည်းဖြည်း ရွေ့ပြီး ကျနော်တို့ ပင်လယ်ပြင်မှာ တဖြည်းဖြည်း ငြိမ်လာပါတော့မယ်လို့ GFS ကွန်ပျူတာမော်ဒယ် ကြိုတင် ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

မနက်ဖန် ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာတော့ အဲဒီ လေဖိအားနည်း ရပ်ဝန်းဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းကို အတော်လေး ဝင်သွားပြီး ဇူလိုင် ၂၃ ရက်နေ့အထိ ကုန်းပေါ်မှာဘဲ ဆက်ပြီး တည်ရှိနေဦးမယ်လို့ တွေ့ရပါတယ်(ပုံ-၁)၊ တစ်ချိန်တည်းမှာ ထိုင်ဝမ်ကျွန်းနားကို ရောက်လာတဲ့ မုန်တိုင်း MATMO(10W) ကလဲ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဆင့်ကို ရောက်လာပါမယ်၊ ထိုင်ဝမ်ကျွန်း မြောက်ဘက်အဖျား(တိုင်ပေမြို့အနီးမှ)ကပ်လျှက် ဖြတ်ကျော်တိုက်ခတ်ပြီး တရုတ်ပြည်မ . . . → Read More: အိန္ဒိယနိုင်ငံ ကုန်းတွင်းသို့ရွေ့လျားဝင်ရောက်သွားတော့မည့် လေဖိအားနည်းရပ်ဝန်း

တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်း ပုံဖေါ်ချက်များအရ – တိုင်ဖွန်းမုန်တိုင်း RAMMASUN(09W)သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မူလခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဟိုင်နန်ကျွန်းမြောက်ဘက်စွန်းအား ဖြတ်သန်းကာ တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေအား ဇူလိုင်လ ၁၉ ရက် အစောပိုင်းတွင် စတင်ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ မုန်တိုင်းသည် ဟိုင်နန်ကျွန်းအား ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ အဆင့်-၃ (အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာပြီးမှ ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအားဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် အစောပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေအား အလွန်ကောင်းလာမည့် အခြေအနေကို တွေ့ရပြီး၊ ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံး၌ . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော်တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်အား ဖြတ်သန်းကာ ဒုတိယမြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial . . . → Read More: ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

GFS ကွန်ပျူတာမော်ဒယ်ကြိုတင်ခန့်မှန်းချက်

မေလ ၂၇ ရက် နံနက်ပိုင်းတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ၃၈၄ နာရီ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်၊ တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)နှင့် အရှေ့ဖိလစ်ပိုင်ပင်လယ်တို့တွင် မုန်တိုင်းဖြစ်နိုင်မည့် အခြေအနေမတွေ့ရကြောင်း၊ ဇွန်လ ၄ ရက်နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအား ကောင်းလာနိုင်မည့်အခြေအနေမှ လွဲ၍ ထူးခြားမှု ကြိုတင်မတွေ့ရပါကြောင်း အသိပေးတင်ပြအပ်ပါသည်။ (ပုံ)

ပုံတွင် ဇွန်လ ၁၁ ရက် – မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီ(လာမည့် ၃၈၄ နာရီ)အထိ ကြိုတင်ခန့်မှန်း တွေ့ရှိမှု အခြေအနေအား တင်ပြထားပါသည်။

INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

INVEST 92B သည် မေလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data နှင့် METEO-7 ဂြိုလ်တုတိမ်ပုံများအရ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပြီး၊ လပွတ္တာမြို့ အနောက်ဘက် မိုင် ၄၆ဝ ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၃၇ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၃၄ဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိသွားပြီဖြစ်ပါသည်။ (ပုံ-၁) (ပုံ-၂)

ထို့ကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်းတွေ့ရပြီး၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေ Puri မြို့နှင့် Brahmapur မြို့များအနီး ပင်လယ်ပြင်တွင် . . . → Read More: INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း-၃

မေလ ၂၃ ရက် – မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ INVEST 92B သည် သိသိသာသာအားကောင်းလာခြင်း မရှိပဲ(ဗဟိုဖိအား 1000 hPa, လေတိုက်နှုန်း 30 knots)၊ လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်တောင်ဘက်သို့ တစ်နာရီ ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး၊ လပွတ္တာမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဝိဿာခါပတ္တနမ်မြို့ အရှေ့-အရှေ့တောင်ဘက် ၄၅၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ (ပုံ-၁)

INVEST 92B 23 May 2014 0000Z Location: . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း-၃

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် NRL data များမှ ပုံဖေါ်ရရှိချက်အရ ပုသိမ်မြို့ အနောက်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ၁၉၇ မိုင်ခန့် ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ (ပုံ-၁)

လေဖိအားနည်းရပ်ဝန်း INVEST-92B 22 May 2014 1200Z Location: 17.0 91.8 Winds: 30 . . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော INVEST 92B ၏ အခြေအနေမှာ NRL(Naval Research Lab – NRL Satellite Team – USA)မှ မေလ ၂၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့-အရှေမြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ဤရွေ့လျားမှုအရ 92B ၏ နောက်ဆုံးရ တည်နေရာမှာ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင် ၂၇ဝခန့်တွင် ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၁)

. . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း