JTWC မှ INVEST 92B မုန်တိုင်း ဖြစ်နိုင်ခြေ အဆင့် MEDIUM သို့ ပြန်လည်လျှော့ချလိုက်ပြီ

ယနေ့ နံနက် မြန်မာစံတော်ချိန် ၉ နာရီတွင် JTWC မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ကြောင်း သတိပေးချက်အား ပယ်ဖျက်ကြောင်း၊ ၄င်းတို့ ခန့်မှန်းချက်များအရ မုန်တိုင်း ဖြစ်နိုင်ခြေ အားနည်းသွားပြီဖြစ်သဖြင့် လာမည့် ၂၄ နာရီအတွင်း INVEST 92B မှ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေအဆင့်အား “Medium” သို့ လျှော့ချလိုက်ကြောင်း စသည်ဖြင့် ပါရှိပါသည်။

TROPICAL CYCLONE FORMATION ALERT CANCELLATION .. THIS CANCELS REF A (WTIO21 PGTW 220730). THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 16.5N . . . → Read More: JTWC မှ INVEST 92B မုန်တိုင်း ဖြစ်နိုင်ခြေ အဆင့် MEDIUM သို့ ပြန်လည်လျှော့ချလိုက်ပြီ

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း-၃

မေလ ၂၃ ရက် – မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ INVEST 92B သည် သိသိသာသာအားကောင်းလာခြင်း မရှိပဲ(ဗဟိုဖိအား 1000 hPa, လေတိုက်နှုန်း 30 knots)၊ လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်တောင်ဘက်သို့ တစ်နာရီ ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး၊ လပွတ္တာမြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၄၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဝိဿာခါပတ္တနမ်မြို့ အရှေ့-အရှေ့တောင်ဘက် ၄၅၅ မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ (ပုံ-၁)

INVEST 92B 23 May 2014 0000Z Location: . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း-၃

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် NRL data များမှ ပုံဖေါ်ရရှိချက်အရ ပုသိမ်မြို့ အနောက်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၁၇၅ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ၁၉၇ မိုင်ခန့် ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ (ပုံ-၁)

လေဖိအားနည်းရပ်ဝန်း INVEST-92B 22 May 2014 1200Z Location: 17.0 91.8 Winds: 30 . . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း-၂

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော INVEST 92B ၏ အခြေအနေမှာ NRL(Naval Research Lab – NRL Satellite Team – USA)မှ မေလ ၂၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့-အရှေမြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ဤရွေ့လျားမှုအရ 92B ၏ နောက်ဆုံးရ တည်နေရာမှာ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင် ၂၇ဝခန့်တွင် ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၁)

. . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း

92B အပြည်ပြည်ဆိုင်ရာအမည်ရ SYSTEM တစ်ခု ဖြစ်လုနီးအထိ အားကောင်းလာ

လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဗဟိုဖိအား 999 hPa အထိ ကျဆင်းသွားပြီး ဗဟိုလေတိုက်နှုန်းမှာလည်း 30 knots(34.5 mph) အထိ ရောက်ရှိလာသဖြင့် ပိုမိုအားကောင်းလာကြောင်း တွေ့ရပါသည်။

နောက်ဆုံးရရှိသည့် data များအရ 92B သည် ပုသိမ်မြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်၊ ရန်ကုန်မြို့ အနောက်ဘက် ၃ဝ၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၃၅ မိုင်ခန့် အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပါသည်။ (ပုံ-၁)

ဗဟိုလေတိုက်နှုန်း . . . → Read More: 92B အပြည်ပြည်ဆိုင်ရာအမည်ရ SYSTEM တစ်ခု ဖြစ်လုနီးအထိ အားကောင်းလာ

92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် data များအရ ပုသိမ်မြို့ အနောက်ဘက် ၂၂၅ မိုင်ခန့်၊ ကိုကိုးကျွန်ေးလဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၉ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၆၅ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်သို့ ရောက်ရှိလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ နီးပါးခန့်ရှိလာပြီ ဖြစ်ပါသည်။ ထိုင်းမိုးလေဝသဌာနမှ မြေပြင်မိုးလေဝသ မြေပုံနှင့် NRL data(07:00UTC)တွင် ဖိအား 1002 hPa အထိ ကျဆင်းလျှက်ရှိနေကြောင်း၊ ဗဟိုလေတိုက်နှုန်း 30 knots(တစ်နာရီ ၃၅ မိုင်နှုန်းခန့်)ရှိကြောင်း ဖေါ်ပြထားပါသည်။ . . . → Read More: 92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ပိုမိုအားကောင်းလာ

သိသိသာသာရွေ့လျားမှု မရှိပဲ ပိုမိုအားကောင်းလာသော INVEST 92B ၏ ယနေ့(မေလ ၂၁ ရက်) မြန်မာစံတော်ချိန် နံနက် ဝ၇းဝဝ နာရီ တိမ်တိုက်စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေအား တွေ့မြင်ရသည့် ပုံဖြစ်ပါသည်။ INVEST 92B သည် ယခင် ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး မူလခန့်မှန်းချက်ထက် ပိုမိုအားကောင်းလာနိုင်ကြောင်း ထပ်မံရရှိသည့် GFS ခန့်မှန်းချက်များတွင် တွေ့ရပါသည်။ ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။

ယနေ့နံနက် ၆ နာရီခွဲတွင် ရရှိသည့် data များအရ INVEST 92B သည် ယမန်နေ့ညပိုင်းက အရှေ့ဘက်သို့ ချိုးကွေ့လာခဲ့ပြီး နံနက်ပိုင်းတွင် အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့သွားခဲ့ကြောင်းတွေရပါသည်၊ နောက်ဆုံးရ အချက်အလက်များအရ INVEST 92B သည် . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ပိုမိုအားကောင်းလာ

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် MEDIUM သို့ ရောက်ရှိလာ

လေဖိအားနည်းဆဲလ် 92B သည် ဗဟိုဖိအား 1002 hPa အထိ ကျဆင်းလာပြီး၊ ဗဟိုလေတိုက်နှုန်းမှာလည်း 20 knots အထိ တက်လာကြောင်း(ပိုမိုအားကောင်းလာကြောင်း)၊ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ကြောင်း၊ မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင်နောက်ဆုံးရရှိသည့် အချက်အလက်များအရ တွေ့ရပါသည်။(ပုံ-၁)

INVEST 92B သည် ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်၊ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၂၆ဝခန့်၊ ဖျာပုံမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၃၂ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် MEDIUM သို့ ရောက်ရှိလာ

အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် INVEST 92B

မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် INVEST 92B သည် လွန်ခဲ့သော ၆ နာရီအတွင်း မြောက်-အရှေ့မြောက်သို့ ချိုးကွေ့ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းလေဆိပ်၏ အနောက်ဘက် မိုင် ၁၆ဝ ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာပါသည်။ (ပုံ-၁)

GFS ကွန်ပျူတာမော်ဒယ်မှ လာမည့် ၃၉ နာရီ ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၁ ရက် ညပိုင်းတွင် INVEST 92B သည် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဆင့်သို့ (အနည်းဆုံး) ရောက်ရှိလာနိုင်ပြီး ပုသိမ်မြို့ အနောက်ဘက် . . . → Read More: အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် INVEST 92B

အိန္ဒိယမိုးလေဝသဌာနမှ INVEST 92B လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း ကြေငြာ

ယနေ့နံနက် ဝဝး၃ဝ နာရီ (မေလ ၁၉ ရက် ည ၂၄း၃ဝ နာရီ)တွင် INVEST 92B သည် အနောက်ဘက်သို့ ချိုးကွေ့ပြီး ကိုကိုးကျွန်းလေဆိပ် အနောက်-အနောက်တောင်ဘက် မိုင် ၁၆ဝ ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် ၃ဝ၅ မိုင်ခန့်၊ ဖျာပုံမြို့အနောက်တောင်ဘက် ၃၆၅ မိုင်ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၃၃ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက် တည်ရှိနေပါသည်။

အိန္ဒိယမိုးလေဝသဌာနမှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။ ဆက်လက်ရွေ့လျားဖြစ်ပေါ်နိုင်မည့် အခြေအနေအား စောင့်ကြည့်တင်ပြပေးသွားပါမည်။

ပုံမှာ ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ထုတ်ပြန်သည့် ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ မြေပြင်မိုးလေဝသမြေပုံ ဖြစ်ပါသည်။

. . . → Read More: အိန္ဒိယမိုးလေဝသဌာနမှ INVEST 92B လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း ကြေငြာ