တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းအား တိုင်ဖွန်းမုန်တိုင်း အဆင့်-၃ ဖြင့် ဖြတ်ကျော်တိုက်ခတ်ခဲ့သော TYPHOON RAMASSUN(09W) (ဖိလစ်ပိုင်အမည် – GLENDA)သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာ၏ တောင်ဘက် မိုင် ၆ဝ ခန့်မှ ကပ်၍ ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လျှက်ရှိပါသည်။ မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသအား ကုန်းမြေပေါ်မှ ၂၆၅ မိုင်ခန့် ဖြတ်သန်းရွေ့လျားခဲ့ပြီး တောင်တရုတ်ပင်လယ်အား ဖြတ်သန်းကာ ဒုတိယမြောက် landfall အဖြစ် ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ တတိယမြောက်နှင့် နောက်ဆုံး landfall အဖြစ် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ဟနွိုင်းမြို့ အရှေ့ဘက် မိုင် ၉ဝ ခန့်အကွာ တုံကင်ပင်လယ် ကမ်းခြေကို ဇူလိုင်လ ၁၉ ရက် ညနေပိုင်းတွင်လည်းကောင်း . . . → Read More: တိုင်ဖွန်းမုန်တိုင်း RAMMASUN တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်

အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

CAT-3 TYPHOON RAMMASUN(09W) သည် ရုတ်တရက် အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း Rapu-Rapu Island-Bacacay Area တွင် ဒေသစံတော်ချိန် ညနေ ၅ နာရီ၌ စတင်ဖြတ်ကျော်တိုက်ခတ်လျှက်ရှိပါသည်။ မုန်တိုင်းအရွယ်အစား အချင်း ၅၅၅ ကီလိုမီတာ(၃၄၅ မိုင်)ရှိပြီး၊ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၁၈၅-၂၃ဝ(115-142 mph)ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီး တရုတ်ပြည်မတောင်ပိုင်းကမ်းခြေ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားကြောင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်ခြင်း မပြုမီ ဇူလိုင်လ ၁၈ ရက် – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် အဆင့်-၄ စူပါတိုင်ဖွန်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရပါသည်။(ပုံ-၁)

ဇူလိုင်လ ၁၈ ရက် ညပိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား . . . → Read More: အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း RAMMASUN – ဟိုင်နန်ကျွန်းအား အဆင့်-၄ ဖြင့် ဖြတ်ကျော်ဝင်ရောက်မည်ခန့်မှန်း

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

အပူပိုင်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာသော RAMMASUN(09W)သည် ယနေ့ညပိုင်းတွင် ဖိလစ်ပိုင်မိုးလေဝသပိုင်နက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)သို့ စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းအား စတင်၍ ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက် ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း အရွယ်အစား အချင်း ၃၃၅ ကီလိုမီတာ(၂ဝ၈ မိုင်)ရှိကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနမှ ထုတ်ပြန်သည့် UPDATE-03 တွင် ဖေါ်ပြထားပါသည်။

RAMMASUN still a weak Tropical Storm (TS) as it swiftly moves towards the west…expected to enter the Philippine Area of Responsibility (PAR) tonight. The initial . . . → Read More: ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကို ကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာမည့် မုန်တိုင်း RAMMASUN-09W

ဖိလစ်ပိုင်ပင်လယ် အရှေ့ပိုင်းမှ 99W နှင့် မြန်မာ့ပင်လယ်ပြင် အခြေအနေ

အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် လေဖိအားနည်းဆဲလ်(INVEST 99W) စတင်ဖြစ်ပေါ်လျှက်ရှိပြီး၊ အနောက်ဘက် ဖိလစ်ပိုင်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။

INVEST 99W 25 Jun 2014 0000Z Location: 10.0 131.1 Winds: 15 knots Central Pressure: 1010 hPa

ကွန်ပျူတာမော်ဒယ်များတွင် မြန်မာ့ပင်လယ်ပြင်၌ မုန်တိုင်း/လေဖိအားနည်းဆဲလ် ဖြစ်ပေါ်မည့် အခြေအနေမရှိပါ၊

ဇွန်လ ၂၇ ရက်နောက်ပိုင်းမှ ဇူလိုင်လဆန်းအထိ မုတ်သုံလေအား အနည်းငယ်ကျဆင်းနေနိုင်ပြီး ဇူလိုင်လဆန်းပိုင်းမှ ပြန်လည် အားကောင်းလာဘွယ်ရှိကြောင်း၊ ဖေါ်ပြပါရက်ပိုင်းအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နိုင်မည့် လှိုင်းရွေ့လျားမည့် အခြေအနေ၊ လှိုင်းအမြင့်တို့ကို ပုံများဖြင့် ဖေါ်ပြပေးထားပါသည်။

INVEST 99W ဖြစ်ပေါ်လျှက်ရှိသည့် တည်နေရာနှင့် ကပ္ပလီပင်လယ်မြောက်ပိုင်း မုတ်သုံလေတိုက်ခတ်နေသည့် အခြေအနေ(အောက်ပုံ)   . . . → Read More: ဖိလစ်ပိုင်ပင်လယ် အရှေ့ပိုင်းမှ 99W နှင့် မြန်မာ့ပင်လယ်ပြင် အခြေအနေ

INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

INVEST 92B သည် မေလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data နှင့် METEO-7 ဂြိုလ်တုတိမ်ပုံများအရ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပြီး၊ လပွတ္တာမြို့ အနောက်ဘက် မိုင် ၄၆ဝ ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၃၇ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၃၄ဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိသွားပြီဖြစ်ပါသည်။ (ပုံ-၁) (ပုံ-၂)

ထို့ကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်းတွေ့ရပြီး၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေ Puri မြို့နှင့် Brahmapur မြို့များအနီး ပင်လယ်ပြင်တွင် . . . → Read More: INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ကျနော်တို့ရဲ့ MMWeather က မိုးလေဝသပညာရှင်တွေ မပါဘဲ ကွန်ပျူတာပညာရှင်တွေနဲ့ မိုးလေဝသပညာရဲ့ အတိမ်အနက်-သဘောသဘာဝတွေကို နာဂစ်မုန်တိုင်း တိုက်ခံရပြီးမှ စိတ်ဝင်တစား လေ့လာခဲ့တာ အခုဆိုရင် ၆ နှစ်ကျော်ပါပြီ။ MMWeather ရဲ့ Main website ကို http://mmweather.com နဲ့ ကြိုတင်အသိပေးချက် မှတ်တမ်းများကို http://blog.mmweather.com မှာ အသိပေး ရေးသားတင်ပြပေးနေပါတယ်။ အခုခေတ်ရဲ့ လူသိများခေတ်စားနေတဲ့ Facebook မှာ https://www.facebook.com/mmweather (MMWeather Page) နဲ့ https://www.facebook.com/groups/mmweather/ (MMweather Group) ကို လဲ တည်ဆောက်ပေးထားပါတယ်။

ကျနော်တို့က ကွန်ပျူတာကို အခြေခံပြီး လေ့လာကြရတာဖြစ်တဲ့အတွက် သေချာတဲ့ ကွန်ပျူတာမော်ဒယ်တွေက ခန့်မှန်းချက်တွေကို ရှာဖွေလေ့လာတဲ့အခါ တိကျသေချာမှု အရှိဆုံး မော်ဒယ်အဖြစ် “အမေရိကန်နိုင်ငံ . . . → Read More: MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လျှက်ရှိသော INVEST 92B ၏ အခြေအနေမှာ NRL(Naval Research Lab – NRL Satellite Team – USA)မှ မေလ ၂၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့-အရှေမြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ဤရွေ့လျားမှုအရ 92B ၏ နောက်ဆုံးရ တည်နေရာမှာ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၇ဝ ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၂၄ဝ ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင် ၂၇ဝခန့်တွင် ဖြစ်ကြောင်း တွေ့ရပါသည်။(ပုံ-၁)

. . . → Read More: ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ INVEST 92B အားဆက်လက်စောင့်ကြည့်ခြင်း

လေဖိအားနည်းရပ်ဝန်း PEIPAH – 05W အပူပိုင်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီး ဖိလစ်ပိုင်သို့ ဝင်ရောက်နိုင်

ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာတွင် စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအား အပြည်ပြည်ဆိုင်ရာအမည် PEIPAH(05W)ဟု ပေးထားပြီး ဖြစ်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားရင်း ဖိလစ်ပိုင်ပင်လယ်အတွင်းသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ PEIPAH သည် ဧပြီလ ၁ဝ ရက်နေ့နံနက်ပိုင်း ဖိလစ်ပိုင်ကမ်းခြေအနီးသို့ ရောက်ရှိစဉ် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ဖြင့် ဖိလစ်ပိုင်ကမ်းခြေအား ဧပြီလ ၁၂ ရက်မှ နောက်ပိုင်းတွင် စတင်၍ ဖြတ်ကျော်ဝင်ရောက်နိုင်လိမ့်မည်ဟု GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းထားပါသည်။

ဖိလစ်ပိုင်ကမ်းခြေသို့ ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ပြန်လည်လျော့ကျကာ ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Sulu ပင်လယ်ပေါ်၌ အားပျော့ပျက်ပြယ်သွားမည်ဟု ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားသော်လည်း တောင်တရုတ်ပင်လယ်မြောက်ပိုင်းမှ အားကောင်းသော လေစီးကြောင်းအခြေအနေများကြောင့် ပြန်လည်၍ အားကောင်းလာနိုင်ခြေ . . . → Read More: လေဖိအားနည်းရပ်ဝန်း PEIPAH – 05W အပူပိုင်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီး ဖိလစ်ပိုင်သို့ ဝင်ရောက်နိုင်

ဖိလစ်ပိုင်သို့ ဦးတည်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) မုန်တိုင်းဖြစ်လာတော့မည်

ပစိဖိတ် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W FIVE သည် ပိုမိုအားကောင်းလာပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှ စတင်၍ အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ အနောက်-အနောက်မြောက်ဘက် – ဖိလစ်ပိုင်ပင်လယ်မှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း JTWC နှင့် TSR တို့မှ ခန့်မှန်းပုံဖေါ်ချက်များတွင် တွေ့ရပါသည်။

ဧပြီလ ၉ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အရှေ့တောင်ဘက် မိုင် ၇၄ဝ သို့ ရွေ့လျား ရောက်ရှိချိန်၌ မုန်တိုင်း 05W(FIVE)သည် အင်အား အကောင်းဆုံး(ဗဟိုလေတိုက်နှုန်း 60 knots)သို့ ရောက်ရှိမည်ဖြစ်ကြောင်း . . . → Read More: ဖိလစ်ပိုင်သို့ ဦးတည်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) မုန်တိုင်းဖြစ်လာတော့မည်

ဖိလစ်ပိုင်ပင်လယ်သို့ ရောက်ရှိလာမည့် TD-FIVE

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ဂူအမ်ကျွန်းတောင်ဘက် ၈၃ဝ မိုင်ခန့် တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 05W(FIVE) သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဧပြီလ ၇ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီ မတိုင်မီ ပိုမိုအားကောင်းလာကာ အဆင့်-၁(CAT-1) တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းသို့ အဆိုပါနေ့နောက်ပိုင်းတွင် စတင်ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ဆက်လက်ဦးတည် ဖြတ်ကျော်ရွေ့လျားနိုင်ဘွယ်ရှိကြောင်း JTWC,TSR, NRL အစရှိသည့် အပြည်ပြည်ဆိုင်ရာ မိုးလေဝသခန့်မှန်းရေးဌာနများမှ ထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့ရပါသည်။

ဧပြီလ ၈ ရက်နေ့ နောက်ပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီးနောက် ဖိလစ်ပိုင်နိုင်ငံအား ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက်ဝင်ရောက်လာနိုင်ဘွယ် ရှိ/မရှိ စောင့်ကြည့် . . . → Read More: ဖိလစ်ပိုင်ပင်လယ်သို့ ရောက်ရှိလာမည့် TD-FIVE