INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

INVEST 92B သည် မေလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data နှင့် METEO-7 ဂြိုလ်တုတိမ်ပုံများအရ အိန္ဒိယနိုင်ငံ သြရိသကမ်းခြေဘက်သို့ ဦးတည်ရွေ့လျားလျှက်ရှိပြီး၊ လပွတ္တာမြို့ အနောက်ဘက် မိုင် ၄၆ဝ ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၃၇ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၃၄ဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရွေ့လျားရောက်ရှိသွားပြီဖြစ်ပါသည်။ (ပုံ-၁) (ပုံ-၂)

ထို့ကြောင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်းတွေ့ရပြီး၊ မေလ ၂၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ သြရိသကမ်းခြေ Puri မြို့နှင့် Brahmapur မြို့များအနီး ပင်လယ်ပြင်တွင် . . . → Read More: INVEST 92B အား ဆက်လက်စောင့်ကြည့်ခြင်း – ၆ – Final post for 92B

MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ကျနော်တို့ရဲ့ MMWeather က မိုးလေဝသပညာရှင်တွေ မပါဘဲ ကွန်ပျူတာပညာရှင်တွေနဲ့ မိုးလေဝသပညာရဲ့ အတိမ်အနက်-သဘောသဘာဝတွေကို နာဂစ်မုန်တိုင်း တိုက်ခံရပြီးမှ စိတ်ဝင်တစား လေ့လာခဲ့တာ အခုဆိုရင် ၆ နှစ်ကျော်ပါပြီ။ MMWeather ရဲ့ Main website ကို http://mmweather.com နဲ့ ကြိုတင်အသိပေးချက် မှတ်တမ်းများကို http://blog.mmweather.com မှာ အသိပေး ရေးသားတင်ပြပေးနေပါတယ်။ အခုခေတ်ရဲ့ လူသိများခေတ်စားနေတဲ့ Facebook မှာ https://www.facebook.com/mmweather (MMWeather Page) နဲ့ https://www.facebook.com/groups/mmweather/ (MMweather Group) ကို လဲ တည်ဆောက်ပေးထားပါတယ်။

ကျနော်တို့က ကွန်ပျူတာကို အခြေခံပြီး လေ့လာကြရတာဖြစ်တဲ့အတွက် သေချာတဲ့ ကွန်ပျူတာမော်ဒယ်တွေက ခန့်မှန်းချက်တွေကို ရှာဖွေလေ့လာတဲ့အခါ တိကျသေချာမှု အရှိဆုံး မော်ဒယ်အဖြစ် “အမေရိကန်နိုင်ငံ . . . → Read More: MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ပင်လယ်(၄)ခုဖြတ်သန်းခဲ့သည် 30W – မှတ်တမ်း

ဖိလစ်ပိုင်ပင်လယ်တွင် စတင် ဖြစ်ပေါ်ပြီး တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့၊ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့အား ဖြတ်သန်းကာ အာရေဗျပင်လယ်ထိရောက်ရှိလာသော 30W သည် အာရေဗျပင်လယ်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တည်ရှိနေဆဲဖြစ်ပါသည်။ (ပုံ)

မြန်မာနိုင်ငံအတွက် မည်သည့် အကျိုးသက်ရောက်မှုမှ ရှိတော့မည် မဟုတ်သော်လည်း မုန်တိုင်းတစ်လုံး၏ ရှည်လျားလှသော ခရီးအား ဗဟုသုတအဖြစ် မှတ်တမ်းထားနိုင်ရန် ဤ post အား ရေးသားသိမ်းဆည်းထားမည် ဖြစ်ပါသည်။ 30W ၏ ယခင် ရေးသားခဲ့သည့် post – http://blog.mmweather.com/2013/11/08/regeneration-lpc-andaman-sea-bay-of-bengal/

30W စတင် ဖြစ်ပေါ်ခဲ့သည် ဖိလစ်ပိုင်နိုင်ငံမှ ဘင်္ဂလားပင်လယ်အော်အထိ ရွေ့လျားမှု မှတ်တမ်းပုံ (WUND) . . . → Read More: ပင်လယ်(၄)ခုဖြတ်သန်းခဲ့သည် 30W – မှတ်တမ်း

မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး မူလခန့်မှန်းကြောင်းအထက်သို့ ၁၁ မိုင်ခန့် ရွေ့လျားကာ အိန္ဒိယနိုင်ငံ သြရိသပြည်နယ် Brahmapur မြို့အပေါ်တည့်တည့်မှ ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်လျှင် မုန်တိုင်း ဒီလှိုင်းအမြင့် ၅၆ ပေရှိမည်ဖြစ်ပြီး မုန်တိုင်းအားအပြင်းဆုံး စက်ဝန်း အချင်းမိုင် ၈၃ မိုင်ခန့် ရှိမည်ဖြစ်ကြောင်း နောက်ဆုံးရရှိသည့် JTWC warning – 11 တွင် ဖေါ်ပြထားပါသည်။ မုန်တိုင်းသည် အောက်တိုဘာလ ၁၂ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီအချိန်တွင် ကုန်းတွင်းသို့ စတင် ဖြတ်ကျော်ချိန်၌ လေတိုက်နှုန်း တစ်နာရီ ၁၆၆ မိုင်မှ မိုင် ၂ဝဝ အထိ ရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ခန့်မှန်းထားရာ အင်အား အပြင်းဆုံး စူပါဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် . . . → Read More: မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၅၆ ပေ ရှိမည့် အဆင့်-၅ စူပါဆိုင်ကလုန်း PHAILIN

အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်း PHAILIN-02B LATEST TRACK

အောက်တိုဘာလ ၁၁ ရက် ညပိုင်းတွင် အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိလာမည်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း PHAILIN သည် မူလခန့်မှန်းခဲ့သည့် လမ်းကြောင်းအတိုင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အောက်တိုဘာလ ၁၂ ရက် ညပိုင်းတွင် – အိန္ဒိယနိုင်ငံ သြရိသပြည်နယ်နှင့် အန်ဒရာပရာဒေ့ရှ်ပြည်နယ်နယ်စပ်အား ဖြတ်ကျော်ကာ ကုန်းတွင်းသို့ ဝင်ရောက်တော့မည် ဖြစ်ပါသည်။ ကုန်းတွင်းသို့ ဖြတ်ျေက်ာဝင်ရောက်မည့် လမ်းကြောင်း update နှင့် မုန်တိုင်း ဗဟိုဖြတ်သန်းဝင်ရောက်မည့် အနီးကပ်ပုံတို့အား အောက်တွင် ဖေါ်ပြထားပါသည်။

မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်စဉ် အဆင့်-၅ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ဗဟိုလေတိုက်နှုန်း ၁၄ဝ နော်တီကယ်မိုင်မှ ၁၇၀ နော်တီကယ်မိုင်(တစ်နာရီ ၁၆၁ မိုင်မှ ၁၉၅ မိုင်နှုန်းခန့်အထိ)ဖြင့် ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပြီး၊ မုန်တိုင်းဗဟိုတွင် မုန်တိုင်းဒီလှိုင်းအမြင့် . . . → Read More: အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်း PHAILIN-02B LATEST TRACK

အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည့် PHAILIN-02B

မုန်တိုင်း (PHAILIN – 02B)က အခု အဆင့်-၄ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီး၊ ဒီနေ့ ညနေ ၆နာရီခွဲမှာ အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်(ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်) ၁၂ ရက်နေ့ မနက် ၆ နာရီခွဲမှာ အားအပြင်းဆုံးအဆင့်ကို ရောက်မှာ ဖြစ်ပြီးတော့ ဗဟိုလေတိုက်နှုန်း ၁၄၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၁၇ဝ နီးပါး) ရှိလာပါမယ်၊ သူ့အရှိန်ရဲ့ သက်ရောက်မှုကလဲ ကျနော်တို့ ကမ်းရိုးတန်းဒေသတွေအတွက် ပိုများလာနိုင်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် ၁၈း၃ဝ နာရီ(ညနေ ၆နာရီခွဲ)မှာ အဆင့်-၅ ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာပြီးတဲ့နောက် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်နိုင်မဲ့ လေတိုက်နှုန်း ခန့်မှန်းမြေပုံ (GFS MODEL)ကို တင်ပြထားပါတယ်။ Facebook . . . → Read More: အဆင့်-၅ စူပါဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်လာမည့် PHAILIN-02B

မုန်တိုင်းWUTIP အကြွင်းအကျန်များ ရွေ့လျားမှု အခြေအနေ

အောက်တိုဘာလ ၂ ရက် မြန်မစံတော်ချိန် ဝ၈းဝဝ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံများ၊ Animation Image များနှင့် NAVY COTC ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ မုန်တိုင်း WUTIP အကြွင်းအကျန်တိမ်တိုက်သည် ကယားပြည်နယ် မှတစ်ဆင့် မန္တလေးတိုင်းအလယ်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်း(ခန့်မှန်း ရေနံချောင်းနှင့် ကျောက်ပန်းတောင်းမြို့များပေါ်မှ)အား ဖြတ်သန်းပြီး ချင်းပြည်နယ်တောင်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်မည်ဟု တွေ့ရှိရပါသည်။ NRL မှ နောက်ဆုံးရအချက်အလက်များတွင် ယမန်နေ့ည ၂၄း၃ဝ နာရီတွင် ကယားပြည်နယ် ဖါးဆောင်းမြို့အနီးသို့ ရောက်ရှိခဲ့ပြီး အနောက်မြောက်ဘက်သို့ လမ်းကြောင်းပြောင်းရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။(ပုံ-၁)

မုန်တိုင်းအကြွင်းအကျန် 20W WUTIP 01 Oct 2013 1800Z Location: 18.9 97.3 Winds: 20 knots Central . . . → Read More: မုန်တိုင်းWUTIP အကြွင်းအကျန်များ ရွေ့လျားမှု အခြေအနေ

စုစုပေါင်း မိုင် ၂၂၇ဝ ခန့် ခရီးနှင်ခဲ့သော UTOR

Hunan ပြည်နယ်နှင့် Guangxi ပြည်နယ် နယ်စပ်ထိအောင် ၄၁ဝ မိုင်နီးပါး ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားလျှက်ရှိနေဆဲဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း UTOR(11W) သည် သြဂုတ်လ ၁၆ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတိုင်အောင် အရှိန်မသေနိုင်သေးပဲ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဆင့် (လေတိုက်နှုန်း 30 knots ဖြင့်) ဆက်လက်တည်ရှိနေကြောင်း နောက်ဆုံးရရှိသည့် NRL data များအရ သိရပါသည်။

NRL data မှတ်တမ်းအရ 14 Aug 2013 0600Z(သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် Location: 21.5 111.9(Hailing Dao ကျွန်း၊ Ducun မြို့ပေါ်မှ တရုတ်တောင်ပိုင်းကမ်းခြေအား Winds: 80 knots . . . → Read More: စုစုပေါင်း မိုင် ၂၂၇ဝ ခန့် ခရီးနှင်ခဲ့သော UTOR

လေဖိအားနည်းဆဲလ် 93W နှင့် 95W

ဇူလိုင်လ ၂၇ ရက် JTWC ရဲ့ ဂြိုလ်တုဓါတ်ပုံမှာ ပစိဖိတ်အနောက်မြောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာ လေဖိအားနည်းဆဲလ် ၂ ခု(93W နဲ့ 95W) ဖြစ်နေတာ တွေ့ရပြီး၊ အိန္ဒိယသမုဒ္ဒရာမှာတော့ လေဖိအားနည်းဆဲလ်အဆင့်တောင်မှ ဖြစ်ပေါ်ခြင်း မရှိတာတွေ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်က လေဖိအားနည်းဆဲလ် ၂ ခုမှာ 93W က မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ အဆင့် – MEDIUM အထိ ရှိနေပြီး၊ 95W ကတော့ LOW အဆင့်မှာသာ ရှိသေးတာကိုလဲ တွေ့ရပါတယ်။

93W – 27 Jul 2012 0000Z Location: 12.2 133.1 Winds: 20 knots Central Pressure: 1007 . . . → Read More: လေဖိအားနည်းဆဲလ် 93W နှင့် 95W

အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း ၂၀၀၀-၂၀၁၁ ခုနှစ် မုန်တိုင်း ဖြစ်ပေါ်ခဲ့မှု အခြေအနေများ

၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း အဆင့်အထိ မုန်တိုင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား http://weather.unisys.com/hurricane/ မှ အချက်အလက်များ ရယူ မှတ်တမ်းပြုစုထားပါသည်။

=======

2000 Hurricane/Tropical Data for Northern Indian Ocean Individual Storm Summary

Winds in knots, pressure in millibars, category is based on Saffir-Simpson scale.

# Name Date Wind Pres Cat 1 Tropical Storm 01B (ဘင်္ဂလားပင်လယ်အော်) 16-18 OCT 35 – 2 Tropical . . . → Read More: အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း ၂၀၀၀-၂၀၁၁ ခုနှစ် မုန်တိုင်း ဖြစ်ပေါ်ခဲ့မှု အခြေအနေများ