အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း ၂၀၀၀-၂၀၁၁ ခုနှစ် မုန်တိုင်း ဖြစ်ပေါ်ခဲ့မှု အခြေအနေများ

၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်းမုန်တိုင်း အဆင့်အထိ မုန်တိုင်းဖြစ်ပေါ်ခဲ့သည့် အခြေအနေများအား http://weather.unisys.com/hurricane/ မှ အချက်အလက်များ ရယူ မှတ်တမ်းပြုစုထားပါသည်။

=======

2000 Hurricane/Tropical Data for Northern Indian Ocean Individual Storm Summary

Winds in knots, pressure in millibars, category is based on Saffir-Simpson scale.

# Name Date Wind Pres Cat 1 Tropical Storm 01B (ဘင်္ဂလားပင်လယ်အော်) 16-18 OCT 35 – 2 Tropical . . . → Read More: အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း ၂၀၀၀-၂၀၁၁ ခုနှစ် မုန်တိုင်း ဖြစ်ပေါ်ခဲ့မှု အခြေအနေများ

တရုပ်ပြည်တွင်ဂေါက်သီးအရွယ်မိုးသီးကြွေ။(Gansu Province hail stone)

တရုပ်ပြည်တွင်ဂေါက်သီးအရွယ်မိုးသီးကြွေကျမှုကြောင့်လူပေါင်း(44)ဦးသေဆုံးပြီး

(26)ဦးပျောက်ဆုံးလျှက်ရှိကြောင်း( China’ Xinhua News Agency)သတင်းမှ သိရပါတယ်။

ထိုကဲ့သို့မိုးသီးကြွေပြီးမိုးရွာသွန်းမှုကြီးကြောင့်တရုပ်ပြည်မြောက်ပိုင်းဒေသများဖြစ်တဲ့

Minxian, Zhangxian and Weiyuan counties in Gansu province

စတဲ့ဒေသတွေမှာလမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်ဓါတ်အားနှင့်

ဆက်သွယ်ရေးလမ်းကြောင်းများအကုန်လုံးပျက်စီးကုန်တယ်လို့လည်းသိရပါတယ်။

လူပေါင်း(150,000)ကိုလည်းဘေးလွတ်ရာကိုတပ်မတော်သားများကပြောင်းရွေ့ပေး

ထားရတယ်လို့လည်းသိရပါတယ်။

မှတ်ချက်။                          ။ဒီအရွယ်မိုးသီးမျိုးရန်ကုန်နဲ့မန်းလေးမြို့တွေမှာကြွေကျရင်တော့တော်တော်ကိုပျက်စီးမှာမို့လို့

ကျွန်တော်တို့လည်းသတိထားရအောင်သတင်းတိုလေးအဖြစ်တင်ပြပေးလိုက်ရပါတယ်ခင်ဗျား။

Supermoon 2012

စူပါမူး….

မနေ့ကကျွန်တော်တို့ရဲ့ mmw ကြီးတယောက်ကင်မရာကိုလည်ပင်းမှာချိတ်ပြီးလည်တမော့မော့နဲ့

လကိုမြင်လေမလားလို့စောင့်ကြည့်နေမှာကိုမျက်လုံးထဲမြင်ရောင်မိသေးတယ်။

သူခမျာကံဆိုးချင်တော့လည်းဘယ်လိုပဲ့မိုးကောင်းကင်ကိုမျှော်ကြည့်နေပါစေမိုးတိမ်တိုက်တွေကြောင့်မြင်ခွင့်ရမှာမဟုတ်ပါဘူး

ဒါကြောင့်ကျွန်တော်တို့ရဲ့ mmw ကြီးအတွက်ဆူပါမွန်း လေးတခုကိုရေးသားပေးလိုက်ပါတယ်။

လူကြီးသူမတွေရဲ့ပြောစကားအရဆယ်နှစ်လရာသီတလျောက်လုံးသာတဲ့လတွေအထဲမှာတန်ဆောင်မုန်းလပြည့်ညမှာသာတဲ့

လဟာအကြီးဆုံးလို့ငယ်ငယ်လေးကတည်းကပြောသံကြားဖူးပါတယ်။မှားသလားမှန်သလားဆိုတော့ကျွန်တော်လည်းမသိပါဘူး။

ချစ်သူတွေရဲ့မျက်နှာကိုတင်စားတဲ့အချိန်မှာတော့တန်ဆောင်မုန်းလပြည့်ညမှာသာတဲ့လမင်းကြီးလိုဝင်းဝင်းပပနဲ့လှပလွန်းတယ်လို့

တင်စားကြတာတွေရှိခဲ့ဖူးပါတယ်။

တကယ်ဆိုတော့လဟာလူသားတွေကိုရောသဘာဝပတ်ဝန်းကျင်ကိုပါကြီးစိုးနေတာကတော့အမှန်ရယ်လို့ပဲ့ပြောရမှာပါ။

လရဲ့ဆွဲအားဟာဘယ်လောက်ပြင်းထန်လည်းဆိုရင်လနဲ့တည့်တည့်ရှိတဲ့ပင်လယ်ရေပြင်ဟာမိုမောက်လာတတ်တယ်ဆိုပဲ့

လပြည့်ညမှာကမ်းခြေတွေမှာဒီအတက်ရဲ့ရေမျက်နှာပြင်အမြင့်ဟာသာမန်အချိန်ထက်ပိုတတ်တယ်လို့ဆိုကြပြန်သေးတယ်။

လပြည့်ညများမှာငလျှင်လှုပ်ခန့်မှု၊ဒီရေတက်မှုတွေဟာလနဲ့ပတ်သက်နေလို့လားလို့တော့မသိဘူးထူးခြားမှုရှိနေတာတော့အမှန်ပဲ့ဖြစ်ပါတယ်။

NASA ရဲ့အဆိုအရတော့မနေ့ကထွန်းလင်းခဲ့တဲ့လဟာသာမန်လပြည့်ညများမှာမြင်တွေ့ရတဲ့လထက်30%အလင်းရောင်ပိုတောက်ပပြီး

60%ပိုမိုကြီးစွာမြင်ရတယ်လို့ဆိုထားပါတယ်။လရောင်ဟာအေးမြတာကတော့အမှန်ပါ။

အထူးသဖြင့်လရောင်ဟာအမျိုးသမီးများအတွက်ပိုမိုပြီးအကျိုးသက်ရောက်မှုများတယ်လို့ဆေးပညာတွေမှာဆိုထားပါတယ်။

လပြည့်နေ့ညများမှာအမျိုးသမီးတွေရဲ့စိတ်ထားဟာပိုမိုပြီးနူးညံ့ပျော့ပျောင်းတာကိုတွေ့ရမှာဖြစ်ပါတယ်။

လရောင်ဆန်းတဲ့ပန်းဟာလှပတယ်လို့ဆိုထားပါတယ်။

အီဂျစ်နိုင်ငံကလီယိုပက်ထရာမင်းသမီးဟာလပြည့်နေ့ညရောက်တိုင်းအ၀တ်တွေချွတ်ပြီးလရောင်လှုံလေ့ရှိတယ်လို့ရေးသားထားတာကိုဖတ်ဖူးပါတယ်

ဒါကြောင့်လည်းသူမရဲ့အလှတရားအောက်မှာမင်းသားတွေရစ်မူးခဲ့ကြတာဟာလက်တွေ့ပါ။

လရောင်ဟာအမျိုးသမီးတွေရဲ့အလှကိုအတွင်းကနေအဖိုယောက်ကျားသားတွေအတွက်မြင်ရအောင်ဆွဲထုတ်သလိုမျိုးလုပ်ပေးတာလားတော့မသိပါဘူး

ဘာပဲ့ဖြစ်ဖြစ်လရောင်ဟာအေးမြပြီးစိုးမိုးမှုအင်အားတခုခုရှိနေတာကတော့အမှန်ပဲ့ဖြစ်ပါတယ်။

ကုမုဒြာကြာပန်းဟာလရောင်ဆန်းမှပွင့်လန်းတယ်လို့ကြားဖူးနားဝရှိခဲ့တာပါ။

ဒါကအရင်တုန်းကပါအခုဆူပါမွန်းကိုတော့ NASA မှအောက်ပါအတိုင်းဆိုမိန့်ထားခဲ့ပါတယ်။

http://www.nasa.gov/topics/solarsystem/features/supermoon_2012.html

ဘာပဲ့ပြောပြောဗျာ။

မနေ့က CBOX မှာညကင်မရာကိုင်ပြီးဆူပါမွန်းကိုဓါတ်ပုံရိုက်ဖို့ကြံနေတဲ့ကိုကြီး mmw ကြီးအတွက်အမှတ်တယလေးပါ။

ကျေးဇူးတင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေ။

ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိမ်တိုက်ကြီးဟာ လေဖိအားနည်းရပ်ဝန်းရယ်ဖြစ်လို့ ဖြစ်ပေါ်လာတဲ့ တိမ်တိုက်ကြီးမျိုးမဟုတ်ပဲ မြန်မာနိုင်ငံတွင်ပုံမှန် မိုးတွင်းဝင်ရောက်ဖို့အတွက် ဖြစ်ပေါ်နေတဲ့ တိမ်တိုက်ကြီးမျိုးပဲဖြစ်ပါတယ်။

တိမ်တိုက်ကြီးရဲ့ထူးခြားချက်မှာ တိမ်များတစုတဝေးတည်းဖြစ်နေခြင်း၊ တိမ်တိုက်အမြင့် ထူထပ်သိပ်သည်းခြင်းတို့ပဲ ဖြစ်ပါတယ်။

တိမ်တိုက်ကြီးဟာ တောင်နှင့်မြောက်အရှည်(475)မိုင်ခန့် ရှည်လျှားပြီး အကျယ်အရှေ့နင့်အနောက်(588)မိုင်ခန့် ကျယ်ပြန့်ပြီးအရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျှားလျှက်ရှိပါသည်။

ထိုကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အခုမှစတင်ပြီးနောက် နှစ်ဆယ်လေးနာရီအတွင်း ဖေါ်ပြပါဒေသများတွင်မိုးကြီးနိင်ခြင်း၊ အချိန်အကြာကြီးမိုးရွာသွန်းနိုင်ခြင်း၊ မိုးလေ၀သမြေပုံများအရ ရန်ကုန်ုတိုင်းဒေသကြီးအတွင် တချို့တိမ်တိုက်အမြင့်မှာ အလွန်မြင်မားနေပြီး အပူချိန်မှာလည်း ထိုအမြင့်လောက်တွင်(-60)လောက်အထိ ကျဆင်းနေတာကိုတွေ့နေရပါတယ်၊ထိုကြောင့်အချို့သောနေရာတွေမှာ ရုတ်တရက်အပူချိန်အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် သတိထားရမှာဖြစ်ပါတယ်။

အချုပ်အားဖြစ်ပြောရမည်ဆိုလျှင် ယခုဖြစ်ပေါ်နေသောလက်ရှိအခြေအနေမှာ မည်သည့်လေဖိအားနည်းရပ်ဝန်း၊ မည်သည့်မုန်တိုင်းမှ ဖြစ်ပေါ်နေခြင်းကြောင့်၊ မိုးရွာသွန်းခြင်း မဟုတ်ပါ။ ထိုကြောင့် ပတ်ဝန်းကျင်များမှ လေမုန်တိုင်းဖြစ်ပေါ်နေသည့် ရေဒီယိုချယ်နယ်တခုမှ ထုတ်လွင့်နေသည့် ကောလဟာလများမှာ မမှန်ကန်ပါ ရာသီဥတုဖြစ်ပေါ်ပြောင်းလဲခြင်းဖြစ်သည်ကို . . . → Read More: မိုးရွာသွန်းမှုအခြေအနေ။

၂၀၁၂-၀၄-၀၁ ရက် အမြင့်ပေအလိုက် လေပြင်း တိုက်ခတ်မှု အခြေအနေ

ဧပြီလ ၁ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃၀ နာရီ အထိ အမြင့်ပေအလိုက် လေပြင်း တိုက်ခတ်မှု အခြေအနေ

   အမြင့်ပေ ၁၀၀၀ နှင့် အထက်    အမြင့်ပေ ၄၇၀၀ နှင့် အထက်    အမြင့်ပေ ၈၀၀၀ နှင့် အထက်    အမြင့်ပေ ၁၁၀၀၀ နှင့် အထက်    အမြင့်ပေ ၁၃၇၀၀ နှင့် အထက်

MMW Blog Mobile Link . . . → Read More: ၂၀၁၂-၀၄-၀၁ ရက် အမြင့်ပေအလိုက် လေပြင်း တိုက်ခတ်မှု အခြေအနေ

အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

အပူပိုင်းမုန်တိုင်း PAKHAR ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းနှင့် ကြုံတွေ့ရဘွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များမှာ မုန်တိုင်း ဖြတ်သန်းဝင်ရောက်မည့် လမ်းကြောင်းပေါ်မှ Can Gio Mangrove Biosphere Reserve ကြောင့် သက်သာရ ရနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ Boisphere အဖြစ် ကာကွယ်ထားသည့် ဒီရေတောမှာ မုန်တိုင်းဝင်ရာလမ်းကြောင်းတွင် စတုရန်းမိုင် ၃၀၀ ခန့် အကျယ်အဝန်းဖြင့် ကာကွယ်ပေးနိုင်မည့် အခြေအနေကိုလည်းတွေ့ရပါသည်။ အောက်ပုံတွင် မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်း ဦးတည်ရာအရပ်ပြ မြားအနီရောင်အောက်မှ အစိမ်းရောင် ကွင်းပြင်မှာ Can Gio Mangrove Biosphere Reserve ဖြစ်ပါသည်။

နောက်ဆုံး ရရှိသည့် မုန်တိုင်း PAKHAR ဝင်ရောက်မည့် လမ်းကြောင်းမှာ တောင်ဘက်သို့ အနည်းငယ် ကျသွားပြီး ဟိုချီမင်းစီးတီး လေဆိပ်အနီးမှ ကပ်၍ . . . → Read More: အပူပိုင်းမုန်တိုင်း PAKHAR နှင့် ကျရောက်နိုင်မည့် သဘာဝဘေးအန္တရာယ်

မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

မုန်တိုင်း PAKHAR ဗီယက်နန်ကမ်းခြေအား Phan Thiet နှင့် Vung Tau မြို့ ၂ မြို့ကြားမှ မနက်ဖန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ (ဟောင်ကောင် စံတော်ချိန် ည ၇ နာရီမှ ဂ နာရီကြား)တွင် ဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်ကြောင်း JTWC မှ ရရှိသည့် သတင်းအချက်အလက်များအရ ဖိလစ်ပိုင်မိုးလေဝသဌာန Typhoon 2000 မှ ခန့်မှန်းထားပါသည်။

ဟောင်ကောင်စံတော်ချိန် = +8 UTC ၊ မြန်မာစံတော်ချိန်  = +6 hr 30 minutes

Tropical Storm PAKHAR (02W) continues to move slowly westward . . . → Read More: မုန်တိုင်း PAKHAR အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျှက်ရှိ

တောင်တရုတ်ပင်လယ်မှ PAKHAR အပူပိုင်းမုန်တိုင်း အဆင့်သို့ အားလျော့သွား

မုန်တိုင်း PAKHAR သည် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားပြီး မတ်လ ၃၁ ရက် မြန်မာစံတော်ချိန် ၁၂၃၀ နာရီ တွင် ရရှိသည့် NRL data များအရ ဗီယက်နန်နိုင်ငံ ဟိုချီမင်း စီးတီး၏ အရှေ့- အရှေ့တောင်ဘက် မိုင် ၂၃၀ ခန့် အကွာ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုလျှက်ရှိပြီး လွန်ခဲ့သည့် ၆ နာရီ အတွင်း အနောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းဖြင့် ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပါသည်။

အပူပိုင်းမုန်တိုင်း PAKHAR ၏ မုန်တိုင်း ဗဟိုချက်သည် မူလခန့်မှန်းထားသည်ထက် အနည်းငယ်နောက်ကျပြီး ဧပြီလ-၁ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မှ ညနေ ၆နာရီခွဲအချိန် အတွင်း . . . → Read More: တောင်တရုတ်ပင်လယ်မှ PAKHAR အပူပိုင်းမုန်တိုင်း အဆင့်သို့ အားလျော့သွား

တိုင်ဖွန်းမုန်တိုင်း PAKHAR အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိ

တိုင်ဖွန်းမုန်တိုင်း PAKHAR(02W) သည် ဗီယက်နန်နိုင်ငံ ဟိုချီမင်းစီးတီး အရှေ့ဘက် ၃၀၅ မိုင်ခန့်၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သော ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းကျော်ကျော်ဖြင့် ရွေ့လျားခဲ့ကြောင်း မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နေ့လည် ၁၂၃၀ နာရီတွင် ရရှိသည့် NRL data များအရ သိရပါသည်။

တိုင်ဖွန်းမုန်တိုင်း PAKHAR သည် အချင်း မိုင် ၂၄၀ ခန့်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ ဗီယက်နန်ကမ်းခြေအား မူလခန့်မှန်းထားသည့်အတိုင်း Binh Thuan ပြည်နယ်၊ Phan Thiet မြို့ အနီး၊ Nha Trang မြို့ပေါ်မှ မတ်လ ၃၁ ရက် . . . → Read More: တိုင်ဖွန်းမုန်တိုင်း PAKHAR အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိ

တောင်တရုတ်ပင်လယ်မှ မုန်တိုင်း PAKHAR ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပြီ

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်း မုန်တိုင်း PAKHAR(02W) သည် ပိုမိုအားကောင်းလာပြီး အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိလာပါသည်။

မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် နံန့် ၆ နာရီခွဲ တွင် ရရှိသည့် NRL data များ အရ – တိုင်ဖွန်းမုန်တိုင်း PAKHAR သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး ဗီယက်နန်နိုင်ငံ ဟိုချီမင်း စီးတီး အရှေ့ဘက် မိုင် ၃၃၀ ခန့်အကွာတောင်တရုတ်ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။

တိုင်ဖွန်းမုန်တိုင်း PAKHAR သည် လာမည့် ၄၈ နာရီအတွင်း၊ မြန်မာစံတော်ချိန် ဧပြီလ ၁ ရက် . . . → Read More: တောင်တရုတ်ပင်လယ်မှ မုန်တိုင်း PAKHAR ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာပြီ