ကမ္ဘာကြီးနှင့် နီးကပ်စွာ ဖြတ်သွားနိုင်သည့် ကြီးမားသော ဂြိုဟ်သိမ် တစ်ခုတွေ့ရှိ

ကမ္ဘာကြီးနှင့် နီးကပ်စွာ ဖြတ်သွားနိုင်သည့် ကြီးမားသော ဂြိုဟ်သိမ် တစ်ခုတွေ့ရှိ

လာမည့် ကြာသပတေးနေ့တွင် ကြီးမားလှသော ဂြိုဟ်သိမ် တစ်ခုမှာလ၏ အကွာအဝေးထက်ပင် ပိုမိုနီးကပ်သည့် အကွာအဝေးဖြင့် ကမ္ဘာကြီးအနီးမှ ဖြတ်သန်း သွားနိုင်ကြောင်း သိပ္ပံပညာရှင်များမှ ထုတ်ဖော် ပြောကြား လိုက်ပြီး ၎င်းတို့ အနေဖြင့် စုံစမ်းရေး အာကာသယာဉ်ကဲ့သို့ အကုန်အကျ များသည့် ယာဉ်များ တည်ဆောက်စရာ မလိုဘဲ စူးစမ်း လေ့လာမှု ပြုလုပ်နိုင်မည့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်ကြောင်း တာဝန်ရှိသူများ မှ ပြောကြားခဲ့သည်။

2005 YU 55 ဟုအမည် ပေးထားသည့် အဆိုပါ ဂြိုဟ်သိမ်မှာ လာမည့် အပတ် ကြာသပတေးနေ့ ဂရင်းနစ် စံတော်ချိန် ၂၃ နာရီ ၂၈ . . . → Read More: ကမ္ဘာကြီးနှင့် နီးကပ်စွာ ဖြတ်သွားနိုင်သည့် ကြီးမားသော ဂြိုဟ်သိမ် တစ်ခုတွေ့ရှိ

တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

အောက်တိုဘာ ၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီမှ အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီအထိ (၂၄ နာရီအတွင်း) မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း၊ ပဲခူးရိုးမတောင်ပေါ် ကျောက်မီးချောင်း ကြိုးဝိုင်း၊ ကရင်မျှောင်နေရာဒေသ၊ ဘန်းကုန်းဆည်အနီး၊ အမြင့်ပေ ၁ဝဝ ကျော်ခန့်ရှိသည့် တောင်တစ်ဝက်ခန့်(တောင်ထိပ်မှ အမြင့် ၂၅ ပေခန့်၊ အကျယ် တစ် ဧက ကျော်ခန့်အထိ တဖြည်းဖြည်း နိမ့်ကျသွားခဲ့ကြောင်း၊ ၄င်းတောင်“ ပတ်ဝန်းကျင်မှ တောင်အချို့လည်း တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ကြောင်း သိရပါသည်။

တစ်ဖန် .. အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် – တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာ အရှေ့ဘက် . . . → Read More: တောင်တွင်းကြီးမြို့အနီးမှ တောင်များနိမ့်ဆင်းခြင်းနှင့် မြေပြင်မြင့်တက်ခြင်း ဖြစ်စဉ်များ

မြန်မာနိုင်ငံတွင်ပန်းကန်ပြားပျံတွေ့ရှိ။

ပန်းကန်ပြားပျံ ပျံသန်းလာမှုအားစတင်တွေ့ရှိခဲ့သည့် သတ္တမတန်းကျောင်းသားနှစ်ဦးဖြစ်သော မောင်ဇော်မျိုးလွင်နှင့် မောင်ခိုင်ဇော်လင်းပြောပြချက်။

နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည်ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။

အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရသည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများအရ . . . → Read More: မြန်မာနိုင်ငံတွင်ပန်းကန်ပြားပျံတွေ့ရှိ။

ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ

ချစ်သော MMW မိတ်ဆွေများ

ကျနော်အခုလေးဘဲ http://mmweather4u.cbox.ws/ စီဘောက်က old message တွေပြန်ဖတ်တော့ စူပါတိုင်ဖွန်းမုန်တိုင်းဒဏ် အလူးအလည်းခံနေရတဲ့ ကျနော့်ကို သတိယပေးတဲ့သူတွေ၊ ဆုတောင်းပေးနေတဲ့သူတွေ ဖုန်းခေါ်ကြတဲ့မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့ဖုန်းတွေအားလုံး ဘက်ထရီကုန်သွားလို့ မိတ်ဆွေတို့အတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာအတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် လူလူချင်းမမြင်ဖူး၊ မတွေ့ဖူးကြပေမယ့် အခုလိုအရေးကြုံလာတဲ့အခါတိုင်းမှာ သတိယပေးကြတဲ့အတွက် ဒီMMW လေးဟာကျနော့အတွက် ဘယ်တော့မှမမေ့နိုင်တော့တဲ့ နေရာလေးတစ်ခုဖြစ်သွားပါပြီ။ ကျနော့ဘဝမှာ အစ်ကိုတစ်ယောက်လိုအရမ်းရင်းနှီးခဲ့တဲ့ ဦးဝင်းနိုင် (ဦးဝယ်) နဲ့ပါတ်သက်ပြီး ရောက်လာခဲ့ရတဲ့ ဒီ MMW လေးမှာ ကျနော်တတ်စွမ်းသလောက် ယခုထက်ပိုပြီး ကျနော်ချစ်တဲ့ မြန်မာနိုင်ငံသူ/သားတွေ သဘာဝဘေးအန္တာရယ်ကို ကြိုတင်သိနိုင်အောင်/ ကာကွယ်နိုင်အောင် ဘာမှမတတ်သော်လည်း တတ်နိုင်တဲ့ဖက်ကနေ ဆက်လက်ပြီးအစွမ်းကုန်ကြိုးစားကူညီပါ့မယ်။ MMW လေးရပ်တည်နိုင်အောင် ပံ့ပိုးပေးကြတဲ့ စေတနာရှင် မိဘပြည်သူများ၊ လုပ်ခမရဘဲ . . . → Read More: ဖိလစ်ပိုင်မှ သူကြီးပြန်ကြားစာ