92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

လေဖိအားနည်းရပ်ဝန်း INVEST 92B သည် မေလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် data များအရ ပုသိမ်မြို့ အနောက်ဘက် ၂၂၅ မိုင်ခန့်၊ ကိုကိုးကျွန်ေးလဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၉ဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၂၆၅ မိုင်ခန့်၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၂၉ဝ ခန့်သို့ ရောက်ရှိလာပြီး ဗဟိုလေတိုက်နှုန်း တစ်နာရီ မိုင် ၃ဝ နီးပါးခန့်ရှိလာပြီ ဖြစ်ပါသည်။ ထိုင်းမိုးလေဝသဌာနမှ မြေပြင်မိုးလေဝသ မြေပုံနှင့် NRL data(07:00UTC)တွင် ဖိအား 1002 hPa အထိ ကျဆင်းလျှက်ရှိနေကြောင်း၊ ဗဟိုလေတိုက်နှုန်း 30 knots(တစ်နာရီ ၃၅ မိုင်နှုန်းခန့်)ရှိကြောင်း ဖေါ်ပြထားပါသည်။ . . . → Read More: 92B မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဖြစ်နိုင်ခြေ HIGH အဆင့်သို့ ရောက်ရှိ

ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် MEDIUM သို့ ရောက်ရှိလာ

လေဖိအားနည်းဆဲလ် 92B သည် ဗဟိုဖိအား 1002 hPa အထိ ကျဆင်းလာပြီး၊ ဗဟိုလေတိုက်နှုန်းမှာလည်း 20 knots အထိ တက်လာကြောင်း(ပိုမိုအားကောင်းလာကြောင်း)၊ လွန်ခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ တစ်နာရီ ၁၄ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ကြောင်း၊ မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင်နောက်ဆုံးရရှိသည့် အချက်အလက်များအရ တွေ့ရပါသည်။(ပုံ-၁)

INVEST 92B သည် ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်၊ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၂၆ဝခန့်၊ ဖျာပုံမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၃၂ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ . . . → Read More: ဘင်္ဂလားပင်လယ်အော်မှ INVEST 92B ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် MEDIUM သို့ ရောက်ရှိလာ

အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် INVEST 92B

မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် INVEST 92B သည် လွန်ခဲ့သော ၆ နာရီအတွင်း မြောက်-အရှေ့မြောက်သို့ ချိုးကွေ့ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းလေဆိပ်၏ အနောက်ဘက် မိုင် ၁၆ဝ ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိလာပါသည်။ (ပုံ-၁)

GFS ကွန်ပျူတာမော်ဒယ်မှ လာမည့် ၃၉ နာရီ ကြိုတင်ခန့်မှန်းချက်အရ မေလ ၂၁ ရက် ညပိုင်းတွင် INVEST 92B သည် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဆင့်သို့ (အနည်းဆုံး) ရောက်ရှိလာနိုင်ပြီး ပုသိမ်မြို့ အနောက်ဘက် . . . → Read More: အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မည့် INVEST 92B

အိန္ဒိယမိုးလေဝသဌာနမှ INVEST 92B လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း ကြေငြာ

ယနေ့နံနက် ဝဝး၃ဝ နာရီ (မေလ ၁၉ ရက် ည ၂၄း၃ဝ နာရီ)တွင် INVEST 92B သည် အနောက်ဘက်သို့ ချိုးကွေ့ပြီး ကိုကိုးကျွန်းလေဆိပ် အနောက်-အနောက်တောင်ဘက် မိုင် ၁၆ဝ ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် ၃ဝ၅ မိုင်ခန့်၊ ဖျာပုံမြို့အနောက်တောင်ဘက် ၃၆၅ မိုင်ခန့်၊ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၃၃ဝ ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆက်လက် တည်ရှိနေပါသည်။

အိန္ဒိယမိုးလေဝသဌာနမှ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။ ဆက်လက်ရွေ့လျားဖြစ်ပေါ်နိုင်မည့် အခြေအနေအား စောင့်ကြည့်တင်ပြပေးသွားပါမည်။

ပုံမှာ ယနေ့နံနက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ထုတ်ပြန်သည့် ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ မြေပြင်မိုးလေဝသမြေပုံ ဖြစ်ပါသည်။

. . . → Read More: အိန္ဒိယမိုးလေဝသဌာနမှ INVEST 92B လေဖိအားနည်းရပ်ဝန်း ဖြစ်လာကြောင်း ကြေငြာ

INVEST 92B – အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိနိုင်

မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် နောက်ဆုံးရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 92B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း ပိုမိုအားကောင်းလာခြင်းမရှိပဲ အရှေ့မြောက်ဘက်သို့ တစ်နာရီ ၃ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ (ပုံ-၁)

နောက်ဆုံးရရှိသည့် data များအရ INVEST 92B သည် ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်တောင်ဘက် မိုင် ၁၃ဝ ခန့်၊ လပွတ္တာမြို့ အနောက်တောင်ဘက် ၂၈၅ မိုင်ခန့်၊ ဖျာပုံမြို့ အနောက်တောင်ဘက် မိုင် ၃၄ဝ ခန့်အကွာရှိ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်အရ INVEST 92B သည် အရှေ့မြောက်ဘက်၊ . . . → Read More: INVEST 92B – အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 92B စတင်ဖြစ်ပေါ်

မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်တောင်ဘက် ၁၄၅ မိုင်ခန့်၊ ဖျာပုံမြို့ အနောက်တောင်ဘက် ၃၅၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-92B စတင်၍ ဖြစ်ပေါ်လာကြောင်းတွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ်၏ ကြိုတင်ခန့်မှန်းပုံဖေါ်ချက်အရ INVEST 92B သည် နောက်ဆုံးရ အချက်အလက်များရရှိချိန် မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၁ နာရီ(မေလ ၂ဝ ရက် ဝ၉း၃ဝနာရီ)အထိ ပိုမိုအားကောင်းလာမည့် အခြေအနေမရှိသော်လည်း ဧရာဝတီတိုင်းကမ်းခြေဘက်သို့ (အရှေ့မြောက်ဘက်သို့) ရွေ့လျားနိုင်မည်ဖြစ်ကြောင်း၊ . . . → Read More: ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 92B စတင်ဖြစ်ပေါ်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်

GFS ကွန်ပျူတာမော်ဒယ်၏ မေလ ၅ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် ရရှိသည့် ကြိုတင်ခန့်မှန်းပုံဖေါ်ချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် သြရိသကမ်းခြေအနီးတွင် မေလ ၁၁ ရက် (မြန်မာစံတော်ချိန်ဖြင့် ညနေပိုင်း) မှ စတင်၍ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအတိုင်း အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားကာ မုန်တိုင်းငယ်အဆင့်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ်မှ မုန်တိုင်း ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအားခန့်မှန်းထားရာတွင် ရေတစ်ဝက်/ကုန်းတစ်ဝက်ဖြစ်ပေါ်နိုင်မည့် အနေအထားကြောင့် အားအလွန်ကောင်းမည့် အခြေအနေမရှိသော်လည်း မေလ ၁၂ ရက် မြန်မာစံတော်ချိန် ညနေပိုင်းတွင် အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်စဉ် . . . → Read More: ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်

နှစ်သစ်ကူးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်

၂ဝ၁၄ ခုနှစ်၊ နှစ်သစ်ကူး(ဇန်နဝါရီလ-၁ ရက်)နေ့ ညနေပိုင်းမှ စတင်၍ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အနောက်မြောက်ဘက်(သီရိလင်္ကာနိုင်ငံ)သို့ ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုအဆင့်သို့ ရောက်ရှိလာနိုင်ကြောင်း GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များမှ ပုံဖေါ်တွေ့ရှိချက်အရ ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး သီရိလင်္ကာကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ကမ်းလွန်ပင်လယ်ပြင်သို့ ဆက်လက်ရောက်ရှိနိုင်ဘွယ်ရှိကြောင်း ကွန်ပျူတာမော်ဒယ်ခန့်မှန်းချက်များတွင် တွေ့ရပါသည်။

နှစ်သစ်ကူးကာလနှင့် အတူဖြစ်ပေါ်လာနိုင်ဘွယ်ရှိသည့် အဆိုပါလေဖိအားနည်းရပ်ဝန်း၏ ပြောင်းလဲဖြစ်ပေါ်မှု အခြေအနေအား စောင့်ကြည့်တင်ပြပေးသွားပါမည်။ လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာသည့်တိုင် မြန်မာနိုင်ငံအား အန္တရာယ်ပြုနိုင်မည့် အခြေအနေမရှိကြောင်း ကွန်ပျူတာမော်ဒယ့် ပုံဖေါ်ခန့်မှန်းချက်များအား ကိုးကား၍ အသိပေးတင်ပြအပ်ပါသည်။

. . . → Read More: နှစ်သစ်ကူးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်

တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း HAIYAN ၏ ပြင်းထန်သော ထိုးနှုက်တိုက်ခတ်မှုအား ခံစားခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံ TACLOBAN မြို့ပေါ်မှဖြတ်၍ တောင်တရုတ်ပင်လယ်သို့ ဆင်းသက်ရောက်ရှိလာသည့် လေဖိအားနည်းဆဲလ် INVEST 90W သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး နိုဝင်ဘာလ ၁၃ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ အဆင့် HIGH တွင် ဆက်လက် တည်ရှိနေပါသည်။

90W သည် ယနေ့(၁၃-၁၁-၂ဝ၁၃) ညပိုင်းမှ စတင်၍ တောင်တရုတ်ပင်လယ်တောင်ပိုင်း Sparatly ကျွန်းစုများအနီးတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုးအားကောင်းလာ၍ ဗီယက်နန်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဦးတည်တိုက်ခတ်နိုင်မည်ဖြစ်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် ဖေါ်ပြထားပါသည်။ ဗီယက်နန်ကမ်းခြေအား ဖြတ်ကျော်တိုက်ခတ်စဉ် . . . → Read More: တောင်တရုတ်ပင်လယ်တွင်ထပ်မံ ဖြစ်ပေါ်နိုင်သည့် မုန်တိုင်း ကပ္ပလီပင်ပြင်အထိ ရောက်လာနိုင်ဘွယ်ရှိ

မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုးကြီးရေလွှမ်းမှု ဆက်လက်ဖြစ်ပေါ်နိုင်

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST-91W သည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း 09W(NINE)အဖြစ်သို့ရောက်ရှိကာ အနောက်မြောက်ဘက်(Heading 300 degree)သို့ တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး လာမည့် ၁၂ နာရီအတွင်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိကာ ဟိုင်နန်ကျွန်းနှင့် တုံကင်ပင်လယ်ကွေ့အား ဖြတ်သန်း၍ ဗီယက်နန်နိုင်ငံမြောက်ပိုင်းကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC မှ ဇူလိုင်လ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ထုတ်ပြန်ထားသော Warning-1 တွင် တွေ့ရှိရပါသည်။ (ပုံ-၁)

310300Z POSITION NEAR 15.1N 115.9E. TROPICAL DEPRESSION 09W (NINE), LOCATED APPROXIMATELY 451 NM . . . → Read More: မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုးကြီးရေလွှမ်းမှု ဆက်လက်ဖြစ်ပေါ်နိုင်